ထေရ၀ါဒဗုဒ္ဓဘာသာဆိုသည်မှာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် (၃)လအကြာမှာ ဘုရားရှင်ဟောခဲ့တဲ့ တရားတွေတော်ကို အရှင်အာနန္ဒာအစရှိတဲ့ ရဟန္တာ(၅၀၀)က စုစည်းကာ စုပေါင်းရွတ်ဆိုခဲ့ကြပါတယ်။
Saturday, December 25, 2010
ဆန်နီနေမင်း အမေးအဖြေ
ထေရ၀ါဒဗုဒ္ဓဘာသာဆိုသည်မှာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် (၃)လအကြာမှာ ဘုရားရှင်ဟောခဲ့တဲ့ တရားတွေတော်ကို အရှင်အာနန္ဒာအစရှိတဲ့ ရဟန္တာ(၅၀၀)က စုစည်းကာ စုပေါင်းရွတ်ဆိုခဲ့ကြပါတယ်။
Thursday, December 23, 2010
ဆန်နီနေမင်း အမေးအဖြေ သေခြင်းလေးမျိုးအဓိပ္ပါယ်
အင်း။ သေခြင်း (၄)မျိုးကတော့
၁။ အသက်ကုန်၍ သေခြင်း။ ဥပမာ- မီးဇာကုန်၍ မီးခွက်ငြိမ်းသလို သေရမည့် သက်တမ်းကုန်၍ သေခြင်း။
၂။ ကံတရားကုန်၍ သေခြင်း။ ဥပမာ- မီးခွက်တွင်းရှိ ဆီကုန်၍ မီးခွက်ငြိမ်းသလို မိမိ၏ရှေးကုသိုလ်ကံသည် ဤအရွယ်လောက်နေရမည့်ကံပါ၍ သေဆုံးခြင်း။
Wednesday, December 22, 2010
သီရိလင်္ကာနိုင်ငံနှင့်တရားပွဲ
အင်း ယခုတင်ပြထားတဲ့ ဓာတ်ပုံတွေကတော့ သီရိလင်္ကာနိုင်ငံရဲ့ တရားပွဲအခြေအနေလေးပါ။ သံဃာတွေကို ပင့်ဖိတ်တဲ့နေရာမှာတော့ တော်တော်လေး နမှုနာယူစရာ ကောင်းပါတယ်။ မီးတွေဆင်ပြီး ကျကျနန ပင့်ဖိတ်ပါတယ်။ တရားနာတဲ့အချိန်မှာတော့ သူတို့ရဲ့ဓလေ့ထုံစံအတိုင်း ခြေဆင်းထိုင်ခြင်းစသည်တို့ဖြင့် သင့်သလို ထိုင်ကြပါတယ်။ မြန်မာပြည်နှင့်ကွာတာကတော့ အဲဒီခြေဆင်းထိုင်ခြင်းပါပဲ။ အင်း တစ်ချို့က နဘေးအုတ်ခြေရင်းမှာ ဖြစ်သလိုထိုင်ပြီးလည်း တရားနာကြပါတယ်။
Tuesday, December 21, 2010
ကိုးပါးသီလ အဓိပ္ပါယ်
အင်း တကယ်တော့ ဦးဇင်းလည်း စာမေးပွဲကြောင့် ချက်ချင်းမဖြေပေးနိုင်သေးတာပါ။ ခုတော့ စာမေးပွဲပြီးပြီမို့ ဖြေပေးလိုက်ပါတယ်။
Sunday, December 19, 2010
ကြီးပွားတိုးတက်ချင်လျှင်
အင်း စာမေးပွဲပြီးပြန်တော့ ကိုယ့်လုပ်နေတဲ့ အများအကျိုးရှိမဲ့ ဗဟုသုတစာလေးတွေ အမေးအဖြေစာလေးတွေကို ပြန်လည်၍ စတင်ရေးသားလိုက်ပါတယ်။ စာရေးသူတို့လုပ်နေတဲ့ Sunday School ကိစ္စလည်း ဆက်လက်၍ လုပ်ဆောင်ရအုန်းမယ်။ အင်း ခုတော့ ရေးစရာရှိတဲ့ အကြောင်းအရာလေးတွေကို ဆက်လက်ရေးသားတင်ပြလိုက်ပါတယ်။
လောကရှိ လူသားတို့သည် ကြီးပွားတိုးတက်ခြင်းကို လိုချင်တပ်မက်ကြပါသည်။ သို့သော် မည်သို့ပြုမှုနေထိုင်လျှင် မည်သို့ကျင့်သုံးလိုက်နာလျှင် ကြီးပွားတိုးတက်မည်ကို မသိသကဲ့သို့ သိလျှင်လည်း ကြီးပွားတိုးတက်ချင်သလောက် လိုက်နာကျင့်သုံးခြင်းတော့ မရှိကြပေ။
Thursday, November 18, 2010
ဆန်နီနေမင်း လူချင်းတူပါလျက် အဘယ့်ကြောင့် ကွဲပြားရသနည်း
လူချင်းတူပါလျက် အသက်ရှည်ခြင်း မရှည်ခြင်း၊ အနာရောဂါများခြင်း နည်းခြင်း၊ ရုပ်အဆင်းလှပခြင်း မလှခြင်း၊ မိတ်ဆွေအခြံအရံအရှိန်အ၀ါရှိခြင်း မရှိခြင်း၊ ချမ်းသာခြင်း ဆင်းရဲခြင်း၊ အမျိုးကောင်း၌ဖြစ်ခြင်း မဖြစ်ခြင်း၊ ပညာဉာဏ်ကောင်းခြင်း မကောင်းခြင်းဟူသော အချက်(၁၄)ချက်သည် မတူညီကြပေ။ အဘယ့်ကြောင့် ထိုကဲ့သို့ လူသားချင်းတူပြီး ကွဲပြားနေကြပါသနည်း။
(၁) သူတစ်ပါးအသတ်ကို မသတ်ဘဲ ရှောင်ကြဉ်သောသူသည် ဖြစ်လေရာဘ၀၌ အသက်ရှည်ပြီး သူများအသတ်ကိုသတ်လေ့ရှိသူသည် အသက်တိုကြပေသည်။
Tuesday, November 9, 2010
ဆန်နီနေမင်း အမေးအဖြေ ဈာန်နဲ့ပတ်သတ်၍
သို့သော်လည်း ဗကဗြဟ္မာလောင်း ရသေ့ကြီး၏ လူအများကို ကယ်တင်သောထုံးကိုနှလုံးမူပြီး ယခုရဟန်းသူမြတ်၊ လူသူတော် မြတ်တို့သည် သတ္တဝါတို့၏ဆင်းရဲကြောင်းကို တန်ခိုးအစွမ်းဖြင့် ဟန့်တားနိုင်စကောင်းပါသလား အရှင်ဘုရား။ ထိြု့ပင် သူ့မယားလိုချင် သူ့လင်လှံဖြင့်ထိုး ပုံဝတ္ထုထဲမှကဲ့သို့ မကောင်းသောသူအား သိကြားမင်းသည် သူ၏က္ကုဒိပါဒ်အစွမ်းဖြင့် ပယ်ရှားပေးသကဲ့သို့ ယခုမျက်မှောက်လောကတွင် ဈာန်တန်ခိုးသည် အဖြေတစ်ခု ဖြစ်နိုင်ပါမည်လား အရှင်ဘုရား။
အကြောင်းနှင့်အကျိုးတွင် ကံသည်အားကြီးသော အကြောင်းဖြစ်သော်ငြားလည်း ကံတစ်ခုတည်းသက်သက်ဖြင့် မပြည့်စုံသောအခါ ပြင်ပမှအကြောင်းတရားများဖြင့် ပံ့ပိုးပေးရသည်ဟု မှတ်သားဖူးသဖြင့် ထိုအကြောင်း တရားသည် ဈာန်တန်ခိုး ဖြစ်စကောင်းပါသလားဘုရား။ တပည့်တော်သည် မဖြစ်နိုင်သော မဟာလူစွမ်းကောင်း အဖြစ် စိတ်ကူးယဉ်ခြင်းမဟုတ်ပါဘုရား။ ဖြစ်နိုင်သည်ဟု အတိအကျ ဖော်ပြခဲ့ပြီး ရှေးသူတော်ကောင်းတို့ထုံးကို နှလုံးမူကာ နှလုံးသွင်းဆင်ခြင်ခြင်းမျှသာ ဖြစ်ပါသည်ဘုရား။
ထို့ပြင် စိတ္တသံယုတ်မှ နွေရာသီအပြန်လမ်းတွင် နွမ်းနယ်ကြသောမထေရ်မြတ်တို့အား ပင်ပန်းခြင်းကို ဖြေဖျောက်စိမ့်သောငှာ မိုးပြေးကလေးရွာစေသာအရှင်မြတ်ကဲ့သို့ လူ့၇ွာလောကအား ဈာန်တန်ခိုးသည် လိုအပ်သောနေရာများတွင် ဖြေရှင်းချက်(solution) တစ်ခုဖြစ်နိုင်စကောင်းပါသလားအရှင်ဘုရား။ ကရုဏာရှေ့ထား ဖြေကြားပေးတော်မူပါ အရှင်ဘုရား။ လက်အုပ်ချီမိုးရှိခိုးလျက်။
အင်း ဒကာမေးတဲ့ မေးခွန်းတွေက အဘိဓမ္မာကို ပြန်ကြည့်မှ ရှင်းအောင်ဖြေလို့ရမယ် ဒကာ။ ဦးဇင်းလည်း ခု သီရိလင်္ကာနိုင်ငံမှာ ကျောင်းတတ်နေတာဆိုတော့ စာအုပ်ကလည်း ဒီမှာမရှိဘူး။ နောက်ပြီး အင်တာနက်မှာ လိုက်ရှာဖို့ မအားသေးဘူးဖြစ်နေတယ်။ စာမေးပွဲကလည်း ဒီဇင်ဘာ(၆)ရက်နေ့ဆို ဖြေရတော့မှာလေ။
Saturday, November 6, 2010
ဆန်နီနေမင်း အမေးအဖြေ အကျိုးပေးကွာခြားပုံ
ဘုန်းဘုန်း တပည့်တော်မ စာရေးလိုက်ပါတယ်ဘုရား။ မနက်မိုးလင်းတော့ တရားနာပါတယ်ဘုရား။ အရှင်ဆန္ဒာဓိကရဲ့တရားတော်ကိုနာပါတယ်ဘုရား။ အခု တပည့်တော်မလည်း ဘုန်းဘုန်းနဲ့တွေ့ပြီးတဲ့ အချိန်က စပြီး စိတ်တွေမမွန်းကျပ်တော့ဘူးဘုရား။ ဘုန်းဘုန်းကိုကျေးဇူးတင်ပါတယ်ဘုရား။ တပည့်တော်မလည်း ကိုယ့်ဘ၀ရဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်အောင်ကြိုးစားနေပါတယ်ဘုရား။
ဘုန်းဘုန်ုးကိုမသိတာလေး မေးပါအုံးမယ်ဘုရား။ လူတစ်ယောက်ပေါ့။ သူက နွားတို့ဆိတ်တို့ သတ်တဲ့စနေဒိုင်ပေါ့။ သူသေသွားတော့ သူဟာ လူဝင်စားဖြစ်တယ်တဲ့ ကောင်းကောင်းမွန်မွန်ပဲ သူဌေးသား ဖြစ်နေတယ်တဲ့။ ဟိုဘ၀က အကုသိုလ်လုပ်ခဲ့ပေမဲ့ နောင်ဘ၀မှာကောင်းစားနေတယ်။ နောက်လူ တစ်ယောက်က ဘုရားတရားကိုင်းရှိုင်းတယ် ကောင်းမှု့ကုသိုလ်တွေပဲအမြဲလုပ်တယ်။ ဒါပေမဲ့ သူသေတော့ ခွေးဝင်စားဖြစ်တယ်တဲ့။ လူအများအိမ်ကနှင်ထုတ်ခံရတဲ့ ခွေးဖြစ်သွားတယ်တဲ့။ တပည့်တော်ဆိုလိုတာကတော့ အဲဒီလူနှစ်ယောက်ရဲ့နောက်ဆုံးအချိန်ကွာခြားချက်ကဘာလဲဘုရား။ တပည့်တော်မရှင်းပါဘူးဘုရား။ ဖြေရှင်းပြ ပါဘုရား။ ရိုသေစွာဖြင့် ဘုန်းဘုန်းရဲ့တပည့်မ
အင်း အဲဒီလိုအကျိုးပေး ကွာခြားချက်မှုများကို ကံ(၄)ပါးနဲ့ ယှဉ်ကြည့်ရင် သိပါလိမ့်မယ်။ ကံ(၄)ပါးကား (၁) မျက်မှောက်ဘ၀တွင် အကျိုးပေးသာကံ၊ (၂) ဒုတိယဘ၀မှ အကျိုးပေးသောကံ၊ (၃) တတိယဘ၀မှစ၍ နောက်ဆုံးနိဗ္ဗာန်ရသည့် ဘ၀တိုင်အောင် အခွင့်သာတိုင်း အကျိုးပေးသောကံ၊ (၄) အကျိုးပေးရမည့်ကာလ၌ အကျိုးပေးခွင့်မရဘဲ ပျောက်ပျက်သွားသောကံဆိုပြီး ကံလေးမျိုးရှိပါတယ်။
Friday, November 5, 2010
နိဗ္ဗာန်ဆိုတာ ဆင်းရဲငြိမ်းခြင်းလား၊ ဘာမှမရှိခြင်းလား
မေး။ ။ ဆရာတော်ဘုရား။ တပည့်တော် ရိုသေစွာ လျှောက်ထားပါသည်။ နိဗ္ဗာန်ဆိုတာ လူ့ဘဝ၌ ဆင်းရဲငြိမ်းခြင်းကို ခေါ်ပါသလား။ ဘဝကုန်ဆုံးပြီး ဘာမှမရှိခြင်းကို ခေါ်ပါသလား။ ကောင်းကင်မှာ ရှိပါသလား။ (မစိုးမိုးသူ၊ ဒုတိယနှစ် အင်္ဂလိပ်စာ၊ ရန်ကုန်တက္ကသိုလ်)
ဖြေ။ ။ ဟုတ်ပါတယ်။ နိဗ္ဗာန်ဆိုတာ ဆင်းရဲငြိမ်းခြင်းကို ခေါ်ပါတယ်။ ဘာမှ မရှိတာကို နိဗ္ဗာန်လို့ မခေါ်ပါဘူး။ အဘာဝပညတ်လို့ ခေါ်ပါတယ်။ နိဗ္ဗာန်ဟာ ကောင်းကင်မှာ မရှိပါဘူး။ ဘယ်မှာမှ မရှိပါဘူး။ နိဗ္ဗာန်ဟာ အမှန်ရှိပါတယ်။ သို့သော် ဘယ်မှာမှမရှိပါဘူး။ နားထွေး သွားပါသလား။ ဆိုလိုတာက ဆင်းရဲမရှိခြင်းဆိုတဲ့ အငြိမ်းဓာတ်ကြီးဟာ တည်ရာဌာန မရှိပါဘူး။ ဒီသဘာဝကြီးဟာ အကြောင်းတစုံတရာကြောင့် ဖြစ်ပေါ်လာတဲ့ (သင်္ခတ)သဘာဝ မဟုတ်ပါဘူး။ မူလကတည်းက သဘာဝအလျောက်ရှိနေတဲ့ အရှိ(အသင်္ခတ) သဘာဝကြီးပါ။ ဒီနေရာမှာ သင်္ခတနဲ့ အသင်္ခတရဲ့ အဓိပ္ပါယ်ကို သဘောမပေါက်သေးသူများအတွက် အနည်းအကျဉ်း ရှင်းပြဖို့လိုမယ် ထင်ပါတယ်။ ‘သင်္ခတ’ဆိုတာ “အကြောင်းတို့ စုပေါင်း ပြုလုပ်ပေးလို့ ဖြစ်ပေါ်လာတဲ့တရား”လို့ ဆိုလိုပါတယ်။ တိုတိုရှင်းရှင်း ပြောရရင် “အကြောင်းကြောင့်ဖြစ်တဲ့တရားဟာ သင်္ခတတရား”ပါပဲ။ ရုပ်နဲ့နာမ်ကို သက်ဆိုင်ရာ အကြောင်းတွေကြောင့် ဖြစ်ပေါ်လာတာမို့ ‘သင်္ခတတရား’လို့ ခေါ်ရပါတယ်။ မဖောက်မပြန် အမှန်တကယ်ရှိတဲ့ တရားများဖြစ်လို့ “သင်္ခတပရမတ်”တရားများလို့ ခေါ်ရပါတယ်။ သို့သော်လည်း အကြောင်းကြောင့်ဖြစ်တဲ့ ‘အဖြစ်တရား’များမို့ သူတို့ဟာ ပျက်ပါတယ်။ ဘာကြောင့် ပျက်သလဲဆိုတာ့ ဖြစ်လို့ ပျက်တာပါပဲ။
ဘုရားမကွယ်ပါစေနဲ့
တနေ့ကသူငယ်ချင်းတစ်ယောက်နဲ့ စကားပြောမိရင်း ဘုရားစေတီတွေ အကြောင်းလေး ပြောမိပါတယ်။ သူကပြောပါတယ်.. ဒီဘုရားကတန်ခိုးကြီးတယ်.. ဆုတောင်းရင် ဆုတောင်းပြည့်တယ်.. လာဘ်လာဘလည်း ၀င်တယ်တဲ့။ ဟင်.. ဆိုပြီး ရင်ထဲမှာ တစ်မျိုးဖြစ်သွားပါတယ်။ မင်းပြောတဲ့ ဘုရားကတန်ခိုးကြီးတယ် ဆုတောင်းပြည့်တယ်ဆိုတော့ ကျန်တဲ့ဘုရားတွေက တန်ခိုးမကြီးတဲ့ သဘောပေါ့လို့ ပြန်ပြောမိပါတယ်။ ဒါနဲ့စကားစဖြတ်လိုက်ရင်း ကိုယ့်ဘာသာ အတွေးတွေထဲမှာ စဉ်းစားမိပါတယ်။ အော်.. ဘုရားတွေများ လာပါလားပေါ့။ ဘုရားစေတီပုထိုးတွေသာ များလာတယ်။ ဘုရားရဲ့ အဆုံးမတွေကို လိုက်နာ ကျင့်ကြံသူတွေတော့ နည်းသထက်နည်းနေပါလားဆိုပြီး တွေးမိပါတယ်။
ဘယ်ဘုရားက တန်ခိုးကြီးတယ် ဒီဘုရားကဆုတောင်းပြည့်တယ်ဆိုရင် ဘုရားကိုကိုးကွယ်တာ ဘာအတွက်လဲ.. ဆုတောင်းပြည့်ယုံ အားကိုးယုံနဲ့ ကိုးကွယ်နေတာလား။ ဆုတောင်းမပြည့်ရင် တန်ခိုးမကြီးရင် မကိုးကွယ် တော့ဘူးလားဆိုပြီး ပြန်မေးကြည့်မိ ပါတယ်။
ကိုယ့်ကိုယ်ကို ပြန်မေးလည်း မေးချင်စရာကောင်းပါတယ်။ ခုခေတ်မှာ တော်တော်လေး ခေတ်စားနေတာလေး တွေရှိပါတယ်။ ဘုရားဖူးသွားကြတာပါပဲ။ ဘုရားဖူးသွားကြတာ မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်။ ဘယ်ဘုရားက တန်ခိုးကြီးလို့ သွားကြရအောင်.. ဒီဘုရားက တန်ခိုးပြလို့ သွားကြရအောင်ဆိုပြီး သွားရင်တော့ ဘုရားဖူးသွားတယ်လို့တောင် မဆိုနိုင်ပါဘူး။ သွားဖူးတဲ့ဘုရားပျောက်ပြီး တန်ခိုးကို စိတ်ရောက်နေတာ ဆုတောင်းပြည့်တာ စိတ်ရောက်နေတာဟာ ဘုရားဖူးသွားတယ်လို့ မဆိုလိုနိုင်ပါဘူး။ ထူးဆန်းထွေလာ သွားကြည့်တယ်လို့တောင် ပြောနိုင်ပါတယ်။ ဒါမို့လိုလည်း ဖုံးကွယ်ခြင်းသုံးပါးထဲမှာ ဘုရားကိုစေတီကွယ် တယ်ဆိုပြီး ပထမဦးစွာ ထည့်သွင်းထားတယ်လို့ ထင်မိပါတယ်။ တကယ်တော့ စေတီတွေက ဘုရားကိုကွယ်စေတာ မဟုတ်ပါဘူး။ ဘုရားကိုကွယ်စေနိုင်အောင် ကိုယ့်စိတ်က ရည်မှန်းလိုက်တဲ့ ရည်ရွယ် လိုက်တဲ့ စိတ်ထားတွေကသာ ဘုရားကိုစေတီတွေက အလိုလိုကွယ်သွားစေတာပါ။ အမည်နာမတွေ အမျိုးမျိုးနဲ့ ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို ကွယ်ပြစ်နေတာ များလှပါပြီ။ ဒီတော့ ဘုရားကို စေတီမကွယ်အောင် ဘယ်လိုများ လုပ်ကြရပါ့မလဲ။
တိဋ္ဌန္တေ နိဗ္ဗူတေ စာ ပိ၊ သမေ စိတ္တေ သမံ ဖလံ။
စေတော ပဏိဓိ ဟေတု ဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂတိံ။
Thursday, November 4, 2010
ဆန်နီနေမင်း အမေးအဖြေ သေပြီးလျှင် ဘာဖြစ်မလဲ
အရှင်ဘုရား။ ဘာသာရေးနှင့်ပတ်သတ်သည်များ စိတ်ထဲမရှင်းလင်းသည်များကို မေးမြန်းခွင့်ပြုပါ။ ပြန်လည် ဖြေကြားပေးပါရန်လည်း မေတ္တာရပ်ခံပါသည်။ ကမ္ဘာပေါ်တွင် အဓိကဘာသာကြီး(၄)ခုရှိပီး သူတို့အတွေးအခေါ် သူတို့အယူအဆများဖြင့် ကမ္ဘာအနှံ့အပြားတွင် နေထိုင်လျှက်ရှိပါသည်။ ဘာသာတခုတိုင်းတွင် သေလွန်ပီး နောက်တစ်ဘဝကို တနည်းနည်းတဖုံဖုံဖြင့် လက်ခံသည်များလည်းရှိပါသည်။ ဘာဘာသာအယူအဆ တစ်ခုမျှ လက်ကိုင်ယုံကြည်မှုမရှိဘဲ အသက်ရှင်နေထိုင် ရပ်တည်နေသူများလည်း အများအပြား ရှိပါသည်။ သိလို သည်မှာ သေလွန်ပီး အခြားတဖက်မှာကော ဘာသာကြီး(၄)ခုရှိပါသေးလော။
လူတစ်ဦးတစ်ယောက် သေဆုံးလျှင် သက်ဆိုင်ရာဘာသာအလိုက် မြှုပ်နှံသဂြိုလ်ကြသလို သေလွန်ပီး နောက်တစ်ဘဝမှာကော သက်ဆိုင်ရာ ဘာသာအလိုက်စီရင်ဆုံးဖြတ်သည့်အတိုင်း နေထိုင်ကြရပါသလော။ (ဥပမာ ဗုဒ္ဒဘာသာ တစ်ယောက်သေဆုံးလျှင် သူရဲ့ကုသိုလ်နဲ့ အကုသိုလ်ကိုလိုက်ပီး နိဗ္ဗာန်၊ ငရဲ၊ တိရစ္ဆန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုပီး သက်ဆိုင်ရာဘုံဘဝမှာ မှီကြရပါတယ်။ ခရစ်ယာန်တစ်ယောက် သေဆုံးလျှင် စီရင်ချက်မချခင် ကောင်းကင်ဘုံမှာ နေထိုင်ကြရသည်ဟု ဆိုပါသည်။) ဘာသာအယူအဆတစ်ခုမှ လက်ခံယုံကြည်ခြင်းမရှိဘဲ ရှင်သန်ရပ်တည်နေသူတစ်ယောက် သေဆုံးလျှင်ကော ထိုသူကား အဘယ်ဘုံဘဝမှာ နေထိုင်ရမည်လော။ ရိုသေစွာဖြင့် လျှောက်ထားမေးမြန်းလိုက်ရပါသည်ဘုရား။
အင်း မျက်မှောက်လောကကိုကြည့်မယ်ဆိုရင်တော့ လူများ၏ ယုံကြည်ချက် ကွဲလွဲမှုတွေကြောင့် ဘာသာတရားတွေဟာ အမျိုးမျိုးကွဲပြားနေရတာပါ။ တကယ်တော့ ဘာသာအယူဝါဒ ဆရာသမားများဟာ သဘာဝတရားရဲ့ဖြစ်ပေါ်နေမှုများကို သူတို့သိသလောက် ပြောပြနေခြင်းသာ ဖြစ်ပါတယ်။ သဘာဝတရား လောကကြီးမှာ ဖြစ်ပျက်နေတာတွေကို သူတို့ရဲ့အသိဉာဏ်နဲ့ သိမြင်နေတာကို ပြောပြခဲ့ကြတာပါ။
Wednesday, November 3, 2010
ဆန်နီနေမင်း အမေးအဖြေ ခံစားနေရမှုနဲ့ပတ်သတ်၍
အင်း ဒကာက မေးမှတော့ ဦးဇင်းလည်း သိသလောက် အသိဉာဏ်များဖြင့် ဖြေရှင်းပေးပါမယ်။ မြတ်ဗုဒ္ဓတောင် တစ်ချို့နေရာတွေမှာ မပြောမဟောသင့်တဲ့ စကားလုံးတွေကို ပြောဟောခဲ့သေးရတယ်ဆိုတော့ ဦးဇင်းလည်း ဦးဇင်းသိသလောက် ပြောပြပေးပါမယ်။
Monday, November 1, 2010
ဆန်နီနေမင်း အမေးအဖြေ မြတ်ဗုဒ္ဓ၏လက္ခဏာတော်နဲ့ပတ်သတ်၍
အရှင်ဘုရား
မြတ်စွာဘုရားရှင်၏ လက္ခဏာတော် အသွယ်သွယ်ကို သိပါရစေဘုရား။ တပည့်တော်မ အကြမ်းဖျင်းသာ သိလိုပါဘုရား။
ကျေးဇူးတင်လျက်...........
သုံးဆယ်နှစ်ပါးသောလက္ခဏာဆိုသည်မှာ
Sunday, October 31, 2010
ဆန်နီနေမင်း အမေးအဖြေ အလှူခံပုဂ္ဂိုလ်တစ်ဆယ့်လေးယောက်
အလှူခံပုဂ္ဂိုလ်တစ်ဆယ့်လေးမျိုးဆိုသည်မှာ......
Friday, October 29, 2010
ဆန်နီနေမင်း အမေးအဖြေ သူတစ်ပါးကို သူများခိုင်း၍သတ်သည်ရှိသော်
နောက်ထပ်တစ်ခုအနေနဲ့ အရှင်ဘုရားဖြတ်သန်းလာခဲ့ရတဲ့ဘ၀အတွေ့ အကြုံလေးတွေ တပည့်တော်တို့ ဘယ်လိုနေဘယ်လိုထိုင်ရမယ်ဆိုတာလေးတွေကိုပါ ပြောကြားပေးတော်မူပါဘုရား။ အရှင်ဘုရားရဲ့ ဘလော့လ် မှာအမြဲလာရောက် ဖတ်ရှု့သူ တစ်ဦးပါ။
ဟုတ် ဒကာ။ ဒကာမေးတဲ့မေးခွန်းမျိုးကို သီဟိုဠ်ဘုရင်တစ်ပါးဖြစ်သော ဒုဋ္ဌဂါမဏီမင်းကြီးကလည်း အဘယရဟန္တာမထေရ်မြတ်ကို လျှောက်ဖူးတယ်။ ဘုရင်က သူလည်း တိုင်းပြည်အတွင်းသို့ကျူးကျော်လာတဲ့ ရန်သူတွေကို တိုင်းပြည်နှင့်လူမျိုးဘာသာ အတွက် မသတ်ချင်သော်လည်း သတ်ခဲ့ရသည့်အတွက် သူ့မှာပါဏာတိပါတကံတွေ များနေပြီလို့တွေးပြီး စိတ်မချမ်းမြေ့ဖြစ်နေပါတယ်။ အဲဒါနဲ့ ရှင်အဘယ ရဟန္တာမထေရ်ကို မေးခဲ့တာပါ။ ရဟန္တာမထေရ်မြတ်က သီလလုံခြုံတဲ့ပုဂ္ဂိုလ်၊ သူတော်ကောင်းစိတ်ရှိသော ပုဂ္ဂိုလ်၊ (ယခုခေတ်အလို သဘောကောင်းသောပုဂ္ဂိုလ်ကို) သတ်မိရင် လူတစ်ယောက်ကို သတ်တာနဲ့ တူပါသည်။ စိတ်ထားမကောင်းသော လူယုတ်မာကိုသတ်မိလျှင် တိရစ္ဆာန်ကို သတ်တာနဲ့တူတယ်ဟု မိန့်ကြား ပေးခဲ့ပါသည်။
Wednesday, October 27, 2010
ဆန်နီနေမင်း အမေးအဖြေ ဒုသနသောနဲ့ပတ်သတ်၍
ရိုသေစွာဖြင့်
ဒကာတော်ရေ ဒုသနသောနဲ့ပတ်သတ်ပြီး မြန်မာဇာတ်ကား ရိုက်ထားတာရှိပါတယ်လေ။ ကဿပဘုရားရှင် လက်ထက်တော်အခါတုန်းက သူဌေးသား(၄)ဦးသည် ယောက်ျားရှိသော မိန်းမများအားလည်းကောင်း၊ ပိုက်ဆံပေးပြီး ငှားရမ်း၍ရသော မိန်းကလေးများအားလည်းကောင်း ကာမေသုမိစ္ဆာစာရကံကို ကျူးလွန် ခဲ့ကြတယ်။
Monday, October 25, 2010
ဆန်နီနေမင်း အမေးအဖြေ ကောင်းကျိုးမကောင်းကျိုး
ဖြေ။ ကံစွမ်းသတ္တိဟာ စိတ်ကသော်လည်းကောင်း ပါးစပ်နဲ့သော်လည်းကောင်း ကိုယ်နဲ့သော်လည်းကောင်း ကောင်းတာမကောင်းတာ လုပ်လိုက်တာနဲ့ ကံအစွမ်းသတ္တိဟာ သူအလိုလို ကိုယ်ပေါ်မှာ ပြန်တုန့်ပြန်ဖို့ စောင့်နေပါတယ်။ ကိုယ့်အရိပ်ဟာ ကိုယ်နောက်မှာ အမြဲလိုက်နေသလို ကောင်းကံမကောင်းကံတွေကလည်း ကိုယ်လုပ်တာနဲ့ပြန်လည်း အကျိုးပေးဖို့ စောင့်နေတော့တာပါ။ ကံရဲ့အစွမ်းကို ဘုရားရှင်က ဇောနဲ့ဥပမာပေးခဲ့တာပါ။ ဇောတစ်ဇောနဲ့တစ်ဇောဟာ အင်မတန်မြန်ဆန်ပါတယ်။ အဲဒါကြောင့် ချက်ချင်းပဲ အကျိုးပေးဖို့ စောင့်နေတာလို့ ပြောလို့ရပါတယ် ဒကာ။
Sunday, October 24, 2010
ဆန်နီနေမင်း အမေးအဖြေ စိတ်စေတနာနှင့်ပတ်သတ်၍
အရှင်ဘုရား...အဝေးမှ ဦးတင်ပါသည်..အရှင်ဘုရား။
တပည့်တော်မှာမေးစရာမေးခွန်းတွေရှိနေလို့မေးခွင့်ပြုပါဘုရား။
၁။ စေတနာသည် ကံဖြစ်သည်လို့ဖတ်ဘူးပါတယ်(ဟုတ် မဟုတ်အရင်သိလိုပါတယ်ဘုရား) ဟုတ်ခဲ့ရင်
(က) စေတနာစေတသိက်ပါသော အမှုကိစ္စအားလုံးသည် သံသရာရှည်စေသော အကြောင်းရင်းဟုတ်ပါသလား (အရပ်သုံးပြောဆိုနေကြသောစေတနာသည် စေတနာစေတသိက်ကိုပဲ ရည်ရွယ်ပါသလား)
(ခ) ဘုရားရဟန္တာတွေရဲ့စိတ်တွေဟာ ကြိယာသက်သက်ဖြစ်တယ်လို့လဲ မှတ်သားဘူးပါတယ်ဘုရား။ (ဟုတ် မဟုတ်) ဟုတ်ခဲ့ရင်။
(ဂ) ကြိယာစိတ်မှာ ဘယ်လိုစေတသိတ်တွေနဲ့ ဘယ်လိုအမှုကိစ္စတွေဆောင်ရွက်လဲ သိချင်ပါတယ်ဘုရား။
၂။ ကောင်းမှုမကောင်းမှု ဘယ်လိုအမှုပဲပြုပြု သဘာဝနိယာမအရ တူညီတဲ့အကျိုး ပြန်လည် သက်ရောက်တယ်.(ကောင်းတာရော..မကောင်းတာတွေပါ..ပြန်လည်လာမယ်)လို့လဲမှတ်သားဘူးပါတယ်ဘုရား။ (ဟုတ် မဟုတ်) ဟုတ်ခဲ့ရင် ဥပမာလေးတခုနဲ့ စိတ်တခုဖြစ်ပုံနဲ့ စိတ်ရဲ့ ဘယ်အခြေအနေ ဘယ်အဆင့်မှာ ဘယ်လိုစွမ်းအားနဲ့ (action & reaction) သဘာဝနိယာမကို ဘယ်လိုဆက်စပ်ဆင်ခြင်ရမလဲဆိုတာ သိချင်ပါတယ်ဘုရား။ ရိုသေစွာဦးတင်လျှက်..
Thursday, October 21, 2010
ဆန်နီနေမင်း အမေးအဖြေ ကံအကြောင်းနှင့်ပတ်သတ်၍
ဒကာတစ်ဦးက ဦးဇင်းကို မေးလ်ပို့ မေးထားတဲ့ မေးခွန်းနှင့်အဖြေလေးကို လူသားအပေါင်း ဗဟုသုတရအောင် တင်ပြပေးလိုက်ပါတယ်။
မေး။ ။ အရှင်မြတ်ဘုရား သဘာဝနိယာမကိုပေါ်လွင်အောင်ရှင်းလင်းပြောနိုင်တဲ့ ဘုရားရဲ့ဂုဏ်တော်ကြောင့် လူသားတွေဟာ သဘာဝနိယာမတရားကို နားလည်သဘောပေါက်လာကြပြီး ဆင်းရဲခြင်းအမှန်ကို မလိုချင်တော့လောက်အောင်ဖြစ်လာခဲ့ပြီး ဖြစ်ခြင်းပျက်ခြင်း ငြိမ်းသတ်သွားနိုင်ခဲ့ကြတယ်လို့ မှတ်သားဖူးပါတယ် ဘုရား။ ဒါပေမယ့် ဘုရင်းရှင်ရဲ့ ရှင်းလင်းချက်တွေကို တစ်ဆင့်ပြီးတစ်ဆင့် တစ်ဦးမှတစ်ဦး တစ်ဘာသာမှ တစ်ဘာသာ ပြောင်းလဲလာခဲ့ကြတော့ ပုဂ္ဂိုလ်ရေးအာဘော်တွေနဲ့ ရှုပ်ထွေးကုန်ပြီး ဝေါဟာရ သံသရာပြန်လည် သွားရပါတယ်ဘုရား။ အရှင်ဘုရားအချိန်ရရင် တပည့်တော်ရဲ့ မေးခွန်းလေးတွေကို အရှင်းဆုံးဝေါဟာရနဲ့ ဖြေကြားပေးပါလို့ တောင်းပန်လျောက်ထားပါတယ်ဘုရား။
Monday, October 18, 2010
ဆန်နီနေမင်း အမေးအဖြေ စပွန်ဆာနဲ့ပတ်သတ်၍
ဦးဇင်းအား မေးလ်ပို့ပြီးမေးထားတဲ့ မေးခွန်းလေးကို လူသားအားလုံး ဗဟုသုတရစေရန် ပို့စ်တင်၍ ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါသည်။
မေး။ ။ မေးထားတဲ့မေးခွန်းလေးက....အရှင်ဘုရား အခုခေတ်မှာ စပွန်ဆာဆိုပြီး အရမ်းခေတ်စားနေတယ်လေ၊ မင်းသမီးတွေဆိုလဲ ဒီအတိုင်းပဲ ဘယ်သမီးကို ဘယ်သူက စပွန်ဆာပေးတာစသည်ဖြင့်ပေါ့နော်။ တကယ်တမ်းစဉ်းစားကြည့်မယ်ဆို အဲဒီစပွန်ဆာပေးတဲ့ လူတွေမှာ မိန်းမရှိနေတာပဲ။ အဲဒီတော့ ပေးတဲ့သူရော လက်ခံတဲ့သူရော ကာမေသုမိစ္ဆာစာရကံ ထိုက်မထိုက် သိချင်ပါတယ်။ နှစ်ယောက်စလုံး ထိုက်ပါသလား မထိုက်ဘူးလားဘုရားတဲ့။
Saturday, October 16, 2010
လူသားတို့ သက်တမ်းဆုတ်ယုတ်လာပုံ
ယခုတည်ရှိနေသော လူသားတို့သက်တမ်းသည် (၇၅)နှစ် သက်တမ်းဖြစ်ပေသည်။ ထိုမှတဆင့်ချင်း လူသားတို့ သက်တမ်းသည် တဖြည်းဖြည်းချင်း ဆုတ်ယုတ်သွားပေမည်။ မည်မျှထိ ဆုတ်ယုတ်သွားမည်ဆိုသော် (၁၀)နှစ် သက်တမ်းထိ ဆုတ်ယုတ်လာပေမည်။ ထိုသို့ လူတို့သက်တမ်းလည်း ဆုတ်ယုတ်လာ၍ (၁၀)နှစ်တမ်းတွင် ကောင်းမှုကုသိုလ်များလည်း ဆုတ်ယုတ်လာကြကာ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်တွေ့လျှင်ပင် သတ်ဖြတ်ခြင်းများ ပြုလုပ်လာကြလိမ့်မည်။
Friday, October 15, 2010
သံသရာနဲ့ လူသားစတင်ဖြစ်ပေါ်လာပုံ
တချို့က သံသရာအစ ဘယ်ကလဲလို့ မေးကြ၊ သိချင်ကြပါတယ်။ သံသရာအစ ဘယ်ကလဲလို့မေးရင် အ၀ိဇ္ဇာ-အမှန်ကိုအမှန်တိုင်း မသိခြင်းက စတယ်လို့ ပြောရမှာပါပဲ။ သတ္တ၀ါတစ်ဦးနဲ့တစ်ဦးဟာ ဖြစ်တာခြင်းလည်း မတူဘဲ ကံစီမံရာ မိမိတို့ပြုလုပ်သလို ဖြစ်ပျက်နေရတာဆိုတော့ သတ္တ၀ါတစ်ဦးနဲ့တစ်ဦးရဲ့ အစလည်း မတူနိုင်ပါဘူး။ ဒါကြောင့် ဘယ်သူက ဘယ်လိုစတယ်ဆိုတဲ့ အချက်ပေါင်းများစွာကို ရှာဖွေရမှာမို့ ဈာန်အဘိညာဉ်ရသူများတောင် သူတို့ရဲ့သံသရာအစကို မသိနိုင်တဲ့အတွက် မြတ်ဗုဒ္ဓက အချိန်ကုန်တယ်။ မင့်တို့ တစ်ဦးနဲ့တစ်ဦးဟာလည်း ဖြစ်တာခြင်းမတူကြဘူး။ အဲဒီတော့ တခြားအကျိုးရှိမဲ့အရာတွေနဲ့ပဲ အချိန်ကုန်အောင်လုပ်ကြပါလို့ မိန့်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။
မြတ်ဗုဒ္ဓပြောတာလည်း သဘာဝကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သတ္တ၀ါတွေမှမဟုတ်ပါဘူး။ ကျန်တဲ့ရုပ်တရားတွေမှာလည်း တစ်ခုနဲ့တစ်ခု စဖြစ်တာခြင်းမတူသလို ပျက်စီးတာခြင်းလည်း မတူကြပါဘူး။ ကွန်ပျုတာတစ်လုံးရဲ့ အစကိုရှာမယ်ဆိုရင်တောင် ကုမ္ပဏီတည်ထောင်သူက ငါကစတာ၊ ဆော့ဝဲရေးသူက ငါကစတာ၊ ပရိုဂရမ်တီထွင်သူက ငါကစတာ၊ လျှပ်စစ်မီးတီထွင်သူကလည်း ငါတီထွင်လို့ ကွန်ပျုတာဆိုတာ ဖြစ်လာတာစသည်ဖြင့် သူကစတာ ငါကစတာနဲ့ အစပေါင်းများစွာ ဖြစ်နေပါတယ်။ ဒါက ကွန်ပျုတာတစ်ခုတည်း ရှိပါသေးတယ်။ သတ္တတွေဆိုရင် သတ္တ၀ါပေါင်း မြောက်များစွာရှိတဲ့အတွက် အဲဒီသတ္တ၀ါတွေအားလုံးရဲ့ အစဖြစ်တာခြင်းလည်း မတူနိုင်ပါဘူး။ အဲဒီလို မတူတာတွေကို လိုက်ရှာကြည့်ရင် ရှာတဲ့သူပဲ မောရုံပဲရှိမှာပေါ့။ အဲဒါကြောင့် မြတ်ဗုဒ္ဓက အချိန်ကုန်လူပန်းမဲ့အရာနဲ့ အချိန်ကုန်မခံဘဲ ကျန်တဲ့အကျိုးရှိမဲ့အရာများဖြင့် မိမိအသက်ရှင်စဉ်လေးကို အသုံးပြုကြပါလို့ မိန့်ခဲ့တာပါ။
သတ္တ၀ါအားလုံးရဲ့ အစကိုအသာထားပါဦး။ သက်မဲ့ဖြစ်တဲ့ ၀ါးလုံးတစ်လုံးရဲ့ အ၀ိုင်းကလေးတစ်ခုကို အဲဒီအ၀ိုင်းလေးမှာ စ၀ိုင်းတဲ့နေရာက ဘယ်နေရာဖြစ်မယ်ဆိုတာကိုပဲ မိမိတို့ဘ၀အသက်ရှင်စဉ်လေးမှာ အဖြေမှန်အောင် စဉ်းစားတွေးခေါ်ဖို့ မဖြစ်နိုင်ပါဘူး။ နောက်ပြီး လူတစ်ယောက်ကနေ စက်ဝိုင်းလေးတစ်ခုကို ၀ိုင်းနေအောင်ဝိုင်းထားပြီး ကျန်တဲ့လူကို ဒီစက်ဝိုင်းရဲ့ အစက ဘယ်နေရာကဖြစ်မလဲလို့မေးရင် အမေးခံရတဲ့သူဟာ အချိန်သာကုန်သွားမယ်။ အဖြေရှာရမှာမဟုတ်ပါဘူး။ ၀လုံးတစ်ခုတောင် အဖြေရှာမရရင် ၀လုံးပေါင်းသိန်းသန်းချီနေတဲ့ ၀လုံးတွေရဲ့ အစတွေကို ရှာခိုင်းရင် ရှာတဲ့လူဟာ ဒီဘ၀မှာ အဖြေရှာတွေ့နိုင်ပါ့မလား။ အဲဒါကြောင့် မြောက်များစွာသော သတ္တ၀ါတွေရဲ့အစကို ရှာနေရင် မိမိအသက်ရှင်စဉ်လေးမှာ ဘာမှမလုပ်ရဘဲ အချိန်ကုန်သွားမှာဆိုးလို့ အကျိုးမရှိတာကိုမလုပ်နဲ့၊ အကျိုးရှိတာနဲ့ အချိန်ကိုအသုံးချပါလို့ မြတ်ဗုဒ္ဓက မိန့်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလောက်ဆို သံသရာအစသိချင်သူများ ရှင်းလောက်မယ်ထင်ပါတယ်။
Sunday, October 10, 2010
မိမိထက် တစ်ပါးသူကို ပိုချစ်တတ်ပါစေ
ဤကမ္ဘာလောကကြီးတွင် ဖြစ်ထွန်းပေါ်ပေါက်နေသော အကျိုးတရားဟူသမျှတို့သည် အကြောင်းတရား ကြောင့်သာ ဖြစ်ပေါ်လာရခြင်း ဖြစ်ပေသည်။ အကြောင်းတရားမှကင်းသော အကျိုးတရားဟူ၍ မရှိပါချေ။ သို့ဖြစ်၍ အကျိုးတရားကိုလိုချင်လျှင် အကြောင်းတရားကို ရှာမှီးအားထုတ်ရပေမည်။
Wednesday, October 6, 2010
လွဲမှားသူတို့၏ ဆိုးကျိုးများ
မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြသူများ၊ ရန်သူပွား၍၊ ရှားပါးလာဘ်တိတ်၊ ချမ်းသာဆိတ်၏။ ဣတ္ထိပဏ္ဍုတ်၊ မျိုးယုတ်ခါခါ၊ မျက်နှာမလှ၊ အရှက်ရလျက်၊ လက္ခဏဣနြေ္ဒ၊ ယွင်းသေချို့သိမ်၊ စိုးရိမ်များစွာ၊ ချစ်သူကွာသည်။ ရှောင်ကာအပြန်အကျိုးတည်း။
Monday, October 4, 2010
သိသလိုလိုနဲ့ ကျူးလွန်မိသောအပြစ်များ
ခုခေတ် ယောက်ျားမိန်းမများသည် သိသလိုလို မသိသလိုလိုနဲ့ ကျူးလွန်မိသော အပြစ်များတို့ ရှိပေလိမ့်မည်။ ထိုအပြစ်များစွာရှိသည့်အထဲမှ လူ့လောက လူ့ကျင့်ဝတ်နဲ့လည်းမညီ လူသားတို့ အများဆုံးမုန်းတီး ရွံ့ရှာကြသည့် ကာမဂုဏ်မှားယွင်းမှုအကြောင်းများကို သိရှိနားလည်အောင် တင်ပြပေးချင်ပါသည်။
Wednesday, September 29, 2010
မြန်မာပြည်နှင့် Sunday School အဆက်
သီရိလင်္ကာနိုင်ငံ၌ Sunday Schoolကို ၀ိုင်အမ်ဘီအေ(YMBA) အသင်းမှ (၁၉၀၁)ခုနှစ်တွင် စတင်တည်ထောင် ဖွင့်လှစ်သင်ကြားပေးခဲ့ပေသည်။ (၂၀၀၇)ခုနှစ်တွင် အစိုးရသည် ၀ိုင်အမ်ဘီအေ(YMBA)အသင်းမှတဆင့် လွဲပြောင်းတာဝန်ယူခဲ့သည်။ ယခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၌ Sunday School ပေါင်း (၉၂၁၂)ကျောင်း ရှိပါသည်။
Sunday, September 26, 2010
မြန်မာပြည်နှင့် Sunday School

Friday, September 24, 2010
တဏှာအစစ် တရာ့ရှစ်
“တဏှာသုံးတန်၊ တည်ထားပြန်၊ အာကာသံနှင့်မြှောက်၊ တဏှာအစစ်၊ တရာ့ရှစ် ကိုယ်မှာဖြစ်၍ရောက်”ဟူသည်နှင့်အညီ ကာမတဏှာ၊ ဘ၀တဏှာ၊ ၀ိဘ၀တဏှာသုံးပါးကို ရူပါရုံဟူသော အဆင်း၊ သဒ္ဒါရုံဟူသော အသံ၊ ဂန္ဓာရုံဟူသော အနံ့၊ ရသာရုံဟူသော အရသာ၊ ဗောဋ္ဌဗ္ဗာရုံဟူသော အထိအတွေ့၊ ဓမ္မာရုံဟူသော ကြံစည်တွေးခေါ် စဉ်းစား သောစိတ် (၆)ပါးနှင့်မြှောက်ပါက (၃x၆=၁၈)ပါးရ၏။ ထို(၁၈)ပါးကို မျက်မှောက်ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ဟူသော ကာလသုံးပါးနှင့်မြှောက်ပါက (၃x၁၈=၅၄)ပါးရ၏။ တဖန် ထို(၅၄)ပါးကို မိမိ သူတစ်ပါးဟူသော သန္တာန်(၂)ပါးဖြင့် မြှောက်ပါက (၅၄x၂=၁၀၈) ပါးရ၏။
Thursday, September 16, 2010
စကားပြောကြရာဝယ်
Thursday, September 9, 2010
လျှောက်မိလျှောက်ရာ ခြေလှမ်းများစွာ
Friday, September 3, 2010
သီရိလင်္ကာနှင့် Sunday School

စာရေးသူမှတ်တမ်းတင်ထားသော Sunday School ကျောင်းသူ ကျောင်းသားများ၏ပုံရိပ်များ




ဗုဒ္ဓဘာသာနိုင်ငံများတွင် သီရိလင်္ကာနိုင်ငံ၏ ဘာသာတရားသိမ်းသွင်းမှု အားသာချက် တစ်ခုရှိပါသည်။ ၎င်းမှာ Sunday School ဖွင့်လှစ်ပြီး သင်ပေးခြင်း ဖြစ်ပါသည်။
Sunday, August 29, 2010
မြတ်ဗုဒ္ဓစွယ်တော်
Saturday, August 28, 2010
မြတ်ဗုဒ္ဓစွယ်တော်ပွဲ အမှတ်တရ ဓာတ်ပုံများ




