Monday, October 25, 2010

ဆန်နီနေမင်း အမေးအဖြေ ကောင်းကျိုးမကောင်းကျိုး

အရှင်ဘုရား ကံရဲ့သတ္တိစွမ်းအားဟာ စိတ်ဖြစ်စဉ်ဘယ်အဆင့်မှာ နောက်အကျိုးပေးဖို့ကိန်း အောင်းသွားသလဲ အရှင်ဘုရား။ စိတ်ရဲ့ဖြစ်စဉ် အဆင့်တဆင့်ချင်းစီရဲ့ ပြောင်းလဲမှုထိမဟုတ်တောင် ကံသတ္တိစွမ်းအင် ဘယ်လိုဖြစ်တည်လဲဆိုတာကို သိချင်တာပါဘုရား။

ဖြေ။ ကံစွမ်းသတ္တိဟာ စိတ်ကသော်လည်းကောင်း ပါးစပ်နဲ့သော်လည်းကောင်း ကိုယ်နဲ့သော်လည်းကောင်း ကောင်းတာမကောင်းတာ လုပ်လိုက်တာနဲ့ ကံအစွမ်းသတ္တိဟာ သူအလိုလို ကိုယ်ပေါ်မှာ ပြန်တုန့်ပြန်ဖို့ စောင့်နေပါတယ်။ ကိုယ့်အရိပ်ဟာ ကိုယ်နောက်မှာ အမြဲလိုက်နေသလို ကောင်းကံမကောင်းကံတွေကလည်း ကိုယ်လုပ်တာနဲ့ပြန်လည်း အကျိုးပေးဖို့ စောင့်နေတော့တာပါ။ ကံရဲ့အစွမ်းကို ဘုရားရှင်က ဇောနဲ့ဥပမာပေးခဲ့တာပါ။ ဇောတစ်ဇောနဲ့တစ်ဇောဟာ အင်မတန်မြန်ဆန်ပါတယ်။ အဲဒါကြောင့် ချက်ချင်းပဲ အကျိုးပေးဖို့ စောင့်နေတာလို့ ပြောလို့ရပါတယ် ဒကာ။
Powered by Blogger.