
လင်္ကာတမန် မဂ္ဂဇင်း အစည်းအဝေး
သီရိလင်္ကာနိုင်ငံ၌ လာရောက်ပြီး ပညာသင်ကြသော မြန်မာရဟန်းတော်များသည် မိမိတို့နောက် ပညာသင်လာရောက်ကြမည့် နောင်တော် ညီတော်များနှင့် မြန်မာလူမျိုးများ သိရှိရန်အတွက် ဤနိုင်ငံ၌ မိမိတို့ တွေ့ကြုံရသော ဗဟုသုတအဖြာဖြာ၊ သီရိလင်္ကာနိုင်ငံ၏ ယဉ်ကျေးမှု၊ မိမိတို့ပညာသင်ကြားရသော အခြေအနေ၊ တက္ကသိုလ်များ အခြေအနေ၊ စားဝတ်နေရေး အခြေအနေ၊ သီရိလင်္ကာနိုင်ငံသို့ လာရောက်ရန် အတွက် လုပ်ဆောင်ရမည့် ကိစ္စများကို ကြိုတင်သိရှိနိုင်ရန် မိမိတို့ သိရှိသလောက်လေးကို မြန်မာစာအရေး အသား၊ အင်္ဂလိပ်စာအရေးအသားလေးတွေနဲ့ ဒုတိယအကြိမ်မြောက် လင်္ကာတမန်မဂ္ဂဇင်း ထုတ်ဝေရန် ယနေ့ (၁၉.၀၆.၂၀၁၀) စနေနေ့ ညနေ (၃)နာရီတွင် စာအုပ်ဖြစ်မြောက်ရေးအဖွဲ့ဝင် သံဃာတော်များ အစည်းအဝေးပွဲ ပြုလုပ်ကြပါသည်။