Showing posts with label news. Show all posts
Showing posts with label news. Show all posts

Wednesday, September 29, 2010

မြန်မာပြည်နှင့် Sunday School အဆက်

သီရိလင်္ကာနိုင်ငံ၌ Sunday Schoolကို ၀ိုင်အမ်ဘီအေ(YMBA) အသင်းမှ (၁၉၀၁)ခုနှစ်တွင် စတင်တည်ထောင် ဖွင့်လှစ်သင်ကြားပေးခဲ့ပေသည်။ (၂၀၀၇)ခုနှစ်တွင် အစိုးရသည် ၀ိုင်အမ်ဘီအေ(YMBA)အသင်းမှတဆင့် လွဲပြောင်းတာဝန်ယူခဲ့သည်။ ယခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၌ Sunday School ပေါင်း (၉၂၁၂)ကျောင်း ရှိပါသည်။

Sunday, September 26, 2010

မြန်မာပြည်နှင့် Sunday School


အစည်းအဝေး မှတ်တမ်းတင်များ
လောကတွင် “မပြုကောင်းသည်သာရှိ၍ မတတ်ကောင်းသည် မရှိပေ။ မတုပ ကောင်းသည်သာရှိ၍ မမြင်ကောင်းသည် မရှိပေ။ မလိုက်စားကောင်းသည်သာရှိ၍ မသိကောင်းသည်ဟူ၍ မရှိပါ”။

Monday, August 23, 2010

သီရိလင်္ကာနှင့်ဘုရားဖူး

၁၁.၀၈.၂၀၁၀ ရက်နေ့က စာရေးသူတို့ သီရိလင်္ကာနိုင်ငံသို့ နိုင်ငံတော်သံဃနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော်၊ တိပိဋကရွေးချယ်ရေးဥက္ကဋ္ဌ မန္တလေးမြို့ ပေါက်မြိုင်ဆရာတော်၊ ရန်ကုန် ဖြူမဟာစည် ဆရာတော်တို့နှင့် ဒါယကာ-ဒါယိကာမ စုစုပေါင်း(၆၈)ဦးတို့သည် သီရိလင်္ကာနိုင်ငံ၊ ကန်ဒီမြို့၌ရှိသော ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားသည့် မြတ်စွာဘုရား၏ စွယ်တော်အစစ်ကို ဖူးမြင်ရန် ရောက်ရှိလာကြပါသည်။ ထို့ပြင် နှစ်ပေါင်းနှစ်ထောင်ကျော်က ကျောင်းတော်ရာများ၊ နန်းတော်ဟောင်းများ၊ ဘီစီသုံးရာစုခန့်က စိုက်ပျိုးခဲ့သည့် မဟာဗောဓိပင်၊ သီရိလင်္ကာနိုင်ငံတွင် နာမည်အကြီးဆုံးတောင်ဖြစ်သည့် စရိပါဒ(Sri pada) တောင်နှင့် သီရိလင်္ကာပြည်သူတို့၏ ဗုဒ္ဓဘာသာယဉ်ကျေးမှု တန်ဖိုးထားပုံတို့ကိုလည်း အနီးကပ်လေ့လာခွင့် ရခဲ့ကြပေသည်။

မြန်မာပြည်မှ ဗုဒ္ဓဘာသာဝင်များသည် အိန္ဒိယနိုင်ငံသို့သာ ဘုရားဖူးသွားကြသည်က များပါသည်။ ဗုဒ္ဓဘာသာထွန်းကားသော သီရိလင်္ကာနိုင်ငံသို့ လာရောက်ကြသည်ကား နည်းပါးလှပါသည်။ နည်းပါးရခြင်းအကြောင်းမှာ သီရိလင်္ကာနိုင်ငံရှိ အထက်၌ဖော်ပြခဲ့သော နေရာဒေသတို့ကို ကောင်းစွာမသိသောကြောင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံကဲ့သို့ ဘုရားဖူးသွားရန် အေဂျင်စီအဖွဲ့များ မရှိသောကြောင့်လည်းကောင်း၊ သီရိလင်္ကာနိုင်ငံသို့သွားသော လေယာဉ်သည် ထိုင်းလေဆိမ်မှ ည(၁၀)ကျော်တွင် ထွက်သောကြောင့် ထိုင်းလေဆိပ်မှာ ပျင်းရိအောင် စောင့်နေရသောကြောင့်လည်းကောင်း၊ သီရိလင်္ကာလေဆိပ်သို့ရောက်လျှင် ကြိုဆိုမည့်ပုဂ္ဂိုလ်ရှိမှသာလျှင် အဆင်ပြေနိုင်သောကြောင့်လည်းကောင်း ဘုရားဖူးလာရောက်ကြသူ နည်းပါးသည်ဟု ထင်ပါသည်။

ဘုရားဖူးအဖွဲ့များ မြန်မာကျောင်း၌ အမှတ်တရများ

အောက်မှာဖော်ပြထားသော ဓာတ်ပုံများမှာ နိုင်ငံတော်သံဃနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော်နှင့် ပေါက်မြိုင်ဆရာတော်တို့ဦးဆောင်သော ဘုရားဖူးအဖွဲ့ သီရိလင်္ကာမြန်မာကျောင်း၌ ဆွမ်းကပ်ခြင်း၊ လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ ဆရာတော်ကြီးများမှ မြန်မာရဟန်းတော်များအား သြ၀ါဒချီးမြှင့်ခြင်း စသည်တို့ကို အမှတ်တရ ရိုက်ကူးထားသော ဓာတ်ပုံများပင် ဖြစ်ပါသည်။











Type your summary hereType rest of the post here

Saturday, June 19, 2010

လင်္ကာတမန်မဂ္ဂဇင်း ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင်ဆရာတော်များ



လင်္ကာတမန် မဂ္ဂဇင်း အစည်းအဝေး


သီရိလင်္ကာနိုင်ငံ၌ လာရောက်ပြီး ပညာသင်ကြသော မြန်မာရဟန်းတော်များသည် မိမိတို့နောက် ပညာသင်လာရောက်ကြမည့် နောင်တော် ညီတော်များနှင့် မြန်မာလူမျိုးများ သိရှိရန်အတွက် ဤနိုင်ငံ၌ မိမိတို့ တွေ့ကြုံရသော ဗဟုသုတအဖြာဖြာ၊ သီရိလင်္ကာနိုင်ငံ၏ ယဉ်ကျေးမှု၊ မိမိတို့ပညာသင်ကြားရသော အခြေအနေ၊ တက္ကသိုလ်များ အခြေအနေ၊ စားဝတ်နေရေး အခြေအနေ၊ သီရိလင်္ကာနိုင်ငံသို့ လာရောက်ရန် အတွက် လုပ်ဆောင်ရမည့် ကိစ္စများကို ကြိုတင်သိရှိနိုင်ရန် မိမိတို့ သိရှိသလောက်လေးကို မြန်မာစာအရေး အသား၊ အင်္ဂလိပ်စာအရေးအသားလေးတွေနဲ့ ဒုတိယအကြိမ်မြောက် လင်္ကာတမန်မဂ္ဂဇင်း ထုတ်ဝေရန် ယနေ့ (၁၉.၀၆.၂၀၁၀) စနေနေ့ ညနေ (၃)နာရီတွင် စာအုပ်ဖြစ်မြောက်ရေးအဖွဲ့ဝင် သံဃာတော်များ အစည်းအဝေးပွဲ ပြုလုပ်ကြပါသည်။

လင်္ကာတမန်မဂ္ဂဇင်း အယ်ဒီတာဆရာတော်များနှင့် ပြန်ကြားရေးဆရာတော်များ









Sunday, May 30, 2010

ပညာပါရမီရှင်များ၏ ဆုံဆည်းရာ


28.05.2010. နေ့က ဒါနသီရိလင်္ကာအဖွဲ့မှ သီရိလင်္ကာနိုင်ငံ၌ Ph.D. M.phi. M.A. B.A ပညာ သင်ကြားနေကြသော မြန်မာသံဃာတော်များအား စင်္ကာပူ၊ ဘရူးးနိုင်း၊ အမေရိကန်၊ ထိုင်း၊ ကိုးရီယားစသော နိုင်ငံများမှ ပညာပါရမီရှင် ဒကာ-ဒကာမများမှ ပညာပါရမီ ထောက်ပံ့သော ပွဲပြုလုပ်ပါသည်။

ဘရူးးနိုင်းနိုင်ငံမှ ပညာပါရမီရှင် မယ်တော်ကြီး ဒေါက်တာ ဒေါ်သက်သက်နွယ်နှင့် စင်္ကာပူနိုင်ငံမှ ပညာပါရမီရှင် မယ်တော်ကြီး ဒေါ်တင်တင်မြင့်တို့မှ ဒါနသီရိလင်္ကာအဖွဲ့၏ကိုယ်စား ဦးဆောင်ပြီး လာရောက်လှူဒါန်း ကြပါသည်။ ပညာပါရမီရှင် မယ်တော်ကြီးတို့ ဦးဆောင်သော ဒါနသီရိလင်္ကာ အဖွဲ့သည် (၁၅)ကြိမ်မြောက် လာရောက် လှူဒါန်းခြင်း ဖြစ်ပါသည်။

ပညာပါရမီရှင် မယ်တော်ကြီး ဒေါက်တာဒေါ်သက်သက်နွယ်နှင့် ဒေါ်တင်တင်မြင့်




Monday, April 26, 2010

သင်္ကြန်အမှတ်တရ...

Powered by Blogger.