Wednesday, September 29, 2010

မြန်မာပြည်နှင့် Sunday School အဆက်

သီရိလင်္ကာနိုင်ငံ၌ Sunday Schoolကို ၀ိုင်အမ်ဘီအေ(YMBA) အသင်းမှ (၁၉၀၁)ခုနှစ်တွင် စတင်တည်ထောင် ဖွင့်လှစ်သင်ကြားပေးခဲ့ပေသည်။ (၂၀၀၇)ခုနှစ်တွင် အစိုးရသည် ၀ိုင်အမ်ဘီအေ(YMBA)အသင်းမှတဆင့် လွဲပြောင်းတာဝန်ယူခဲ့သည်။ ယခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၌ Sunday School ပေါင်း (၉၂၁၂)ကျောင်း ရှိပါသည်။

Sunday, September 26, 2010

မြန်မာပြည်နှင့် Sunday School


အစည်းအဝေး မှတ်တမ်းတင်များ
လောကတွင် “မပြုကောင်းသည်သာရှိ၍ မတတ်ကောင်းသည် မရှိပေ။ မတုပ ကောင်းသည်သာရှိ၍ မမြင်ကောင်းသည် မရှိပေ။ မလိုက်စားကောင်းသည်သာရှိ၍ မသိကောင်းသည်ဟူ၍ မရှိပါ”။

Friday, September 24, 2010

တဏှာအစစ် တရာ့ရှစ်



“တဏှာသုံးတန်၊ တည်ထားပြန်၊ အာကာသံနှင့်မြှောက်၊ တဏှာအစစ်၊ တရာ့ရှစ် ကိုယ်မှာဖြစ်၍ရောက်”ဟူသည်နှင့်အညီ ကာမတဏှာ၊ ဘ၀တဏှာ၊ ၀ိဘ၀တဏှာသုံးပါးကို ရူပါရုံဟူသော အဆင်း၊ သဒ္ဒါရုံဟူသော အသံ၊ ဂန္ဓာရုံဟူသော အနံ့၊ ရသာရုံဟူသော အရသာ၊ ဗောဋ္ဌဗ္ဗာရုံဟူသော အထိအတွေ့၊ ဓမ္မာရုံဟူသော ကြံစည်တွေးခေါ် စဉ်းစား သောစိတ် (၆)ပါးနှင့်မြှောက်ပါက (၃x၆=၁၈)ပါးရ၏။ ထို(၁၈)ပါးကို မျက်မှောက်ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ဟူသော ကာလသုံးပါးနှင့်မြှောက်ပါက (၃x၁၈=၅၄)ပါးရ၏။ တဖန် ထို(၅၄)ပါးကို မိမိ သူတစ်ပါးဟူသော သန္တာန်(၂)ပါးဖြင့် မြှောက်ပါက (၅၄x၂=၁၀၈) ပါးရ၏။

Thursday, September 16, 2010

စကားပြောကြရာဝယ်

စကားပြောဆိုရာ၌ လိမ်မာပါးနပ်စွာ ပြောဆိုတတ်ရန် လိုအပ်သကဲ့သို့ တဘက်လူရဲ့စကားကို သေချာနားလည်အောင် နားထောင်ရန်လည်း လိုအပ်ပါပေသည်။ တစ်ချို့က မိမိကသာ ပြောချင်၍ တဘက်လူရဲ့စကားကို နားမထောင်ချင်တာတို့ ဆိုလိုချက်ကို ပြီးဆုံးအောင် နားမထောင်တာတို့ ရှိတတ်ကြပါတယ်။

Thursday, September 9, 2010

လျှောက်မိလျှောက်ရာ ခြေလှမ်းများစွာ


သံသရာအစ တဏှာ(အ၀ိဇ္ဇာ)ကဆိုသည့်အတိုင်း တဏှာမကုန်သေးသမျှ သံသရာထဲ၌ ကျင်လည်ကြရအုန်းပေမည်။ လောလောဆယ် လူ့ဘ၀ဆိုသည့် လူ့ဘုံလေးထဲ၌ တစ်ထောက်တစ်နေရာ နားနေတဲ့အချိန်လေးမှာဖြင့် လျှောက်လှမ်းရသည့် ခြေလှမ်းတွေ မနည်းတော့ပါလား။

Friday, September 3, 2010

သီရိလင်္ကာနှင့် Sunday School


စာရေးသူမှတ်တမ်းတင်ထားသော Sunday School ကျောင်းသူ ကျောင်းသားများ၏ပုံရိပ်များ





ဗုဒ္ဓဘာသာနိုင်ငံများတွင် သီရိလင်္ကာနိုင်ငံ၏ ဘာသာတရားသိမ်းသွင်းမှု အားသာချက် တစ်ခုရှိပါသည်။ ၎င်းမှာ Sunday School ဖွင့်လှစ်ပြီး သင်ပေးခြင်း ဖြစ်ပါသည်။
Powered by Blogger.