အင်း တကယ်တော့ ဦးဇင်းလည်း စာမေးပွဲကြောင့် ချက်ချင်းမဖြေပေးနိုင်သေးတာပါ။ ခုတော့ စာမေးပွဲပြီးပြီမို့ ဖြေပေးလိုက်ပါတယ်။
Tuesday, December 21, 2010
ကိုးပါးသီလ အဓိပ္ပါယ်
အင်း တကယ်တော့ ဦးဇင်းလည်း စာမေးပွဲကြောင့် ချက်ချင်းမဖြေပေးနိုင်သေးတာပါ။ ခုတော့ စာမေးပွဲပြီးပြီမို့ ဖြေပေးလိုက်ပါတယ်။
Sunday, December 19, 2010
ကြီးပွားတိုးတက်ချင်လျှင်
အင်း စာမေးပွဲပြီးပြန်တော့ ကိုယ့်လုပ်နေတဲ့ အများအကျိုးရှိမဲ့ ဗဟုသုတစာလေးတွေ အမေးအဖြေစာလေးတွေကို ပြန်လည်၍ စတင်ရေးသားလိုက်ပါတယ်။ စာရေးသူတို့လုပ်နေတဲ့ Sunday School ကိစ္စလည်း ဆက်လက်၍ လုပ်ဆောင်ရအုန်းမယ်။ အင်း ခုတော့ ရေးစရာရှိတဲ့ အကြောင်းအရာလေးတွေကို ဆက်လက်ရေးသားတင်ပြလိုက်ပါတယ်။
လောကရှိ လူသားတို့သည် ကြီးပွားတိုးတက်ခြင်းကို လိုချင်တပ်မက်ကြပါသည်။ သို့သော် မည်သို့ပြုမှုနေထိုင်လျှင် မည်သို့ကျင့်သုံးလိုက်နာလျှင် ကြီးပွားတိုးတက်မည်ကို မသိသကဲ့သို့ သိလျှင်လည်း ကြီးပွားတိုးတက်ချင်သလောက် လိုက်နာကျင့်သုံးခြင်းတော့ မရှိကြပေ။
Thursday, November 18, 2010
ဆန်နီနေမင်း လူချင်းတူပါလျက် အဘယ့်ကြောင့် ကွဲပြားရသနည်း
လူချင်းတူပါလျက် အသက်ရှည်ခြင်း မရှည်ခြင်း၊ အနာရောဂါများခြင်း နည်းခြင်း၊ ရုပ်အဆင်းလှပခြင်း မလှခြင်း၊ မိတ်ဆွေအခြံအရံအရှိန်အ၀ါရှိခြင်း မရှိခြင်း၊ ချမ်းသာခြင်း ဆင်းရဲခြင်း၊ အမျိုးကောင်း၌ဖြစ်ခြင်း မဖြစ်ခြင်း၊ ပညာဉာဏ်ကောင်းခြင်း မကောင်းခြင်းဟူသော အချက်(၁၄)ချက်သည် မတူညီကြပေ။ အဘယ့်ကြောင့် ထိုကဲ့သို့ လူသားချင်းတူပြီး ကွဲပြားနေကြပါသနည်း။
(၁) သူတစ်ပါးအသတ်ကို မသတ်ဘဲ ရှောင်ကြဉ်သောသူသည် ဖြစ်လေရာဘ၀၌ အသက်ရှည်ပြီး သူများအသတ်ကိုသတ်လေ့ရှိသူသည် အသက်တိုကြပေသည်။
Tuesday, November 9, 2010
ဆန်နီနေမင်း အမေးအဖြေ ဈာန်နဲ့ပတ်သတ်၍
သို့သော်လည်း ဗကဗြဟ္မာလောင်း ရသေ့ကြီး၏ လူအများကို ကယ်တင်သောထုံးကိုနှလုံးမူပြီး ယခုရဟန်းသူမြတ်၊ လူသူတော် မြတ်တို့သည် သတ္တဝါတို့၏ဆင်းရဲကြောင်းကို တန်ခိုးအစွမ်းဖြင့် ဟန့်တားနိုင်စကောင်းပါသလား အရှင်ဘုရား။ ထိြု့ပင် သူ့မယားလိုချင် သူ့လင်လှံဖြင့်ထိုး ပုံဝတ္ထုထဲမှကဲ့သို့ မကောင်းသောသူအား သိကြားမင်းသည် သူ၏က္ကုဒိပါဒ်အစွမ်းဖြင့် ပယ်ရှားပေးသကဲ့သို့ ယခုမျက်မှောက်လောကတွင် ဈာန်တန်ခိုးသည် အဖြေတစ်ခု ဖြစ်နိုင်ပါမည်လား အရှင်ဘုရား။
အကြောင်းနှင့်အကျိုးတွင် ကံသည်အားကြီးသော အကြောင်းဖြစ်သော်ငြားလည်း ကံတစ်ခုတည်းသက်သက်ဖြင့် မပြည့်စုံသောအခါ ပြင်ပမှအကြောင်းတရားများဖြင့် ပံ့ပိုးပေးရသည်ဟု မှတ်သားဖူးသဖြင့် ထိုအကြောင်း တရားသည် ဈာန်တန်ခိုး ဖြစ်စကောင်းပါသလားဘုရား။ တပည့်တော်သည် မဖြစ်နိုင်သော မဟာလူစွမ်းကောင်း အဖြစ် စိတ်ကူးယဉ်ခြင်းမဟုတ်ပါဘုရား။ ဖြစ်နိုင်သည်ဟု အတိအကျ ဖော်ပြခဲ့ပြီး ရှေးသူတော်ကောင်းတို့ထုံးကို နှလုံးမူကာ နှလုံးသွင်းဆင်ခြင်ခြင်းမျှသာ ဖြစ်ပါသည်ဘုရား။
ထို့ပြင် စိတ္တသံယုတ်မှ နွေရာသီအပြန်လမ်းတွင် နွမ်းနယ်ကြသောမထေရ်မြတ်တို့အား ပင်ပန်းခြင်းကို ဖြေဖျောက်စိမ့်သောငှာ မိုးပြေးကလေးရွာစေသာအရှင်မြတ်ကဲ့သို့ လူ့၇ွာလောကအား ဈာန်တန်ခိုးသည် လိုအပ်သောနေရာများတွင် ဖြေရှင်းချက်(solution) တစ်ခုဖြစ်နိုင်စကောင်းပါသလားအရှင်ဘုရား။ ကရုဏာရှေ့ထား ဖြေကြားပေးတော်မူပါ အရှင်ဘုရား။ လက်အုပ်ချီမိုးရှိခိုးလျက်။
အင်း ဒကာမေးတဲ့ မေးခွန်းတွေက အဘိဓမ္မာကို ပြန်ကြည့်မှ ရှင်းအောင်ဖြေလို့ရမယ် ဒကာ။ ဦးဇင်းလည်း ခု သီရိလင်္ကာနိုင်ငံမှာ ကျောင်းတတ်နေတာဆိုတော့ စာအုပ်ကလည်း ဒီမှာမရှိဘူး။ နောက်ပြီး အင်တာနက်မှာ လိုက်ရှာဖို့ မအားသေးဘူးဖြစ်နေတယ်။ စာမေးပွဲကလည်း ဒီဇင်ဘာ(၆)ရက်နေ့ဆို ဖြေရတော့မှာလေ။
Saturday, November 6, 2010
ဆန်နီနေမင်း အမေးအဖြေ အကျိုးပေးကွာခြားပုံ
ဘုန်းဘုန်း တပည့်တော်မ စာရေးလိုက်ပါတယ်ဘုရား။ မနက်မိုးလင်းတော့ တရားနာပါတယ်ဘုရား။ အရှင်ဆန္ဒာဓိကရဲ့တရားတော်ကိုနာပါတယ်ဘုရား။ အခု တပည့်တော်မလည်း ဘုန်းဘုန်းနဲ့တွေ့ပြီးတဲ့ အချိန်က စပြီး စိတ်တွေမမွန်းကျပ်တော့ဘူးဘုရား။ ဘုန်းဘုန်းကိုကျေးဇူးတင်ပါတယ်ဘုရား။ တပည့်တော်မလည်း ကိုယ့်ဘ၀ရဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်အောင်ကြိုးစားနေပါတယ်ဘုရား။
ဘုန်းဘုန်ုးကိုမသိတာလေး မေးပါအုံးမယ်ဘုရား။ လူတစ်ယောက်ပေါ့။ သူက နွားတို့ဆိတ်တို့ သတ်တဲ့စနေဒိုင်ပေါ့။ သူသေသွားတော့ သူဟာ လူဝင်စားဖြစ်တယ်တဲ့ ကောင်းကောင်းမွန်မွန်ပဲ သူဌေးသား ဖြစ်နေတယ်တဲ့။ ဟိုဘ၀က အကုသိုလ်လုပ်ခဲ့ပေမဲ့ နောင်ဘ၀မှာကောင်းစားနေတယ်။ နောက်လူ တစ်ယောက်က ဘုရားတရားကိုင်းရှိုင်းတယ် ကောင်းမှု့ကုသိုလ်တွေပဲအမြဲလုပ်တယ်။ ဒါပေမဲ့ သူသေတော့ ခွေးဝင်စားဖြစ်တယ်တဲ့။ လူအများအိမ်ကနှင်ထုတ်ခံရတဲ့ ခွေးဖြစ်သွားတယ်တဲ့။ တပည့်တော်ဆိုလိုတာကတော့ အဲဒီလူနှစ်ယောက်ရဲ့နောက်ဆုံးအချိန်ကွာခြားချက်ကဘာလဲဘုရား။ တပည့်တော်မရှင်းပါဘူးဘုရား။ ဖြေရှင်းပြ ပါဘုရား။ ရိုသေစွာဖြင့် ဘုန်းဘုန်းရဲ့တပည့်မ
အင်း အဲဒီလိုအကျိုးပေး ကွာခြားချက်မှုများကို ကံ(၄)ပါးနဲ့ ယှဉ်ကြည့်ရင် သိပါလိမ့်မယ်။ ကံ(၄)ပါးကား (၁) မျက်မှောက်ဘ၀တွင် အကျိုးပေးသာကံ၊ (၂) ဒုတိယဘ၀မှ အကျိုးပေးသောကံ၊ (၃) တတိယဘ၀မှစ၍ နောက်ဆုံးနိဗ္ဗာန်ရသည့် ဘ၀တိုင်အောင် အခွင့်သာတိုင်း အကျိုးပေးသောကံ၊ (၄) အကျိုးပေးရမည့်ကာလ၌ အကျိုးပေးခွင့်မရဘဲ ပျောက်ပျက်သွားသောကံဆိုပြီး ကံလေးမျိုးရှိပါတယ်။
Friday, November 5, 2010
နိဗ္ဗာန်ဆိုတာ ဆင်းရဲငြိမ်းခြင်းလား၊ ဘာမှမရှိခြင်းလား
မေး။ ။ ဆရာတော်ဘုရား။ တပည့်တော် ရိုသေစွာ လျှောက်ထားပါသည်။ နိဗ္ဗာန်ဆိုတာ လူ့ဘဝ၌ ဆင်းရဲငြိမ်းခြင်းကို ခေါ်ပါသလား။ ဘဝကုန်ဆုံးပြီး ဘာမှမရှိခြင်းကို ခေါ်ပါသလား။ ကောင်းကင်မှာ ရှိပါသလား။ (မစိုးမိုးသူ၊ ဒုတိယနှစ် အင်္ဂလိပ်စာ၊ ရန်ကုန်တက္ကသိုလ်)
ဖြေ။ ။ ဟုတ်ပါတယ်။ နိဗ္ဗာန်ဆိုတာ ဆင်းရဲငြိမ်းခြင်းကို ခေါ်ပါတယ်။ ဘာမှ မရှိတာကို နိဗ္ဗာန်လို့ မခေါ်ပါဘူး။ အဘာဝပညတ်လို့ ခေါ်ပါတယ်။ နိဗ္ဗာန်ဟာ ကောင်းကင်မှာ မရှိပါဘူး။ ဘယ်မှာမှ မရှိပါဘူး။ နိဗ္ဗာန်ဟာ အမှန်ရှိပါတယ်။ သို့သော် ဘယ်မှာမှမရှိပါဘူး။ နားထွေး သွားပါသလား။ ဆိုလိုတာက ဆင်းရဲမရှိခြင်းဆိုတဲ့ အငြိမ်းဓာတ်ကြီးဟာ တည်ရာဌာန မရှိပါဘူး။ ဒီသဘာဝကြီးဟာ အကြောင်းတစုံတရာကြောင့် ဖြစ်ပေါ်လာတဲ့ (သင်္ခတ)သဘာဝ မဟုတ်ပါဘူး။ မူလကတည်းက သဘာဝအလျောက်ရှိနေတဲ့ အရှိ(အသင်္ခတ) သဘာဝကြီးပါ။ ဒီနေရာမှာ သင်္ခတနဲ့ အသင်္ခတရဲ့ အဓိပ္ပါယ်ကို သဘောမပေါက်သေးသူများအတွက် အနည်းအကျဉ်း ရှင်းပြဖို့လိုမယ် ထင်ပါတယ်။ ‘သင်္ခတ’ဆိုတာ “အကြောင်းတို့ စုပေါင်း ပြုလုပ်ပေးလို့ ဖြစ်ပေါ်လာတဲ့တရား”လို့ ဆိုလိုပါတယ်။ တိုတိုရှင်းရှင်း ပြောရရင် “အကြောင်းကြောင့်ဖြစ်တဲ့တရားဟာ သင်္ခတတရား”ပါပဲ။ ရုပ်နဲ့နာမ်ကို သက်ဆိုင်ရာ အကြောင်းတွေကြောင့် ဖြစ်ပေါ်လာတာမို့ ‘သင်္ခတတရား’လို့ ခေါ်ရပါတယ်။ မဖောက်မပြန် အမှန်တကယ်ရှိတဲ့ တရားများဖြစ်လို့ “သင်္ခတပရမတ်”တရားများလို့ ခေါ်ရပါတယ်။ သို့သော်လည်း အကြောင်းကြောင့်ဖြစ်တဲ့ ‘အဖြစ်တရား’များမို့ သူတို့ဟာ ပျက်ပါတယ်။ ဘာကြောင့် ပျက်သလဲဆိုတာ့ ဖြစ်လို့ ပျက်တာပါပဲ။
ဘုရားမကွယ်ပါစေနဲ့
တနေ့ကသူငယ်ချင်းတစ်ယောက်နဲ့ စကားပြောမိရင်း ဘုရားစေတီတွေ အကြောင်းလေး ပြောမိပါတယ်။ သူကပြောပါတယ်.. ဒီဘုရားကတန်ခိုးကြီးတယ်.. ဆုတောင်းရင် ဆုတောင်းပြည့်တယ်.. လာဘ်လာဘလည်း ၀င်တယ်တဲ့။ ဟင်.. ဆိုပြီး ရင်ထဲမှာ တစ်မျိုးဖြစ်သွားပါတယ်။ မင်းပြောတဲ့ ဘုရားကတန်ခိုးကြီးတယ် ဆုတောင်းပြည့်တယ်ဆိုတော့ ကျန်တဲ့ဘုရားတွေက တန်ခိုးမကြီးတဲ့ သဘောပေါ့လို့ ပြန်ပြောမိပါတယ်။ ဒါနဲ့စကားစဖြတ်လိုက်ရင်း ကိုယ့်ဘာသာ အတွေးတွေထဲမှာ စဉ်းစားမိပါတယ်။ အော်.. ဘုရားတွေများ လာပါလားပေါ့။ ဘုရားစေတီပုထိုးတွေသာ များလာတယ်။ ဘုရားရဲ့ အဆုံးမတွေကို လိုက်နာ ကျင့်ကြံသူတွေတော့ နည်းသထက်နည်းနေပါလားဆိုပြီး တွေးမိပါတယ်။
ဘယ်ဘုရားက တန်ခိုးကြီးတယ် ဒီဘုရားကဆုတောင်းပြည့်တယ်ဆိုရင် ဘုရားကိုကိုးကွယ်တာ ဘာအတွက်လဲ.. ဆုတောင်းပြည့်ယုံ အားကိုးယုံနဲ့ ကိုးကွယ်နေတာလား။ ဆုတောင်းမပြည့်ရင် တန်ခိုးမကြီးရင် မကိုးကွယ် တော့ဘူးလားဆိုပြီး ပြန်မေးကြည့်မိ ပါတယ်။
ကိုယ့်ကိုယ်ကို ပြန်မေးလည်း မေးချင်စရာကောင်းပါတယ်။ ခုခေတ်မှာ တော်တော်လေး ခေတ်စားနေတာလေး တွေရှိပါတယ်။ ဘုရားဖူးသွားကြတာပါပဲ။ ဘုရားဖူးသွားကြတာ မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်။ ဘယ်ဘုရားက တန်ခိုးကြီးလို့ သွားကြရအောင်.. ဒီဘုရားက တန်ခိုးပြလို့ သွားကြရအောင်ဆိုပြီး သွားရင်တော့ ဘုရားဖူးသွားတယ်လို့တောင် မဆိုနိုင်ပါဘူး။ သွားဖူးတဲ့ဘုရားပျောက်ပြီး တန်ခိုးကို စိတ်ရောက်နေတာ ဆုတောင်းပြည့်တာ စိတ်ရောက်နေတာဟာ ဘုရားဖူးသွားတယ်လို့ မဆိုလိုနိုင်ပါဘူး။ ထူးဆန်းထွေလာ သွားကြည့်တယ်လို့တောင် ပြောနိုင်ပါတယ်။ ဒါမို့လိုလည်း ဖုံးကွယ်ခြင်းသုံးပါးထဲမှာ ဘုရားကိုစေတီကွယ် တယ်ဆိုပြီး ပထမဦးစွာ ထည့်သွင်းထားတယ်လို့ ထင်မိပါတယ်။ တကယ်တော့ စေတီတွေက ဘုရားကိုကွယ်စေတာ မဟုတ်ပါဘူး။ ဘုရားကိုကွယ်စေနိုင်အောင် ကိုယ့်စိတ်က ရည်မှန်းလိုက်တဲ့ ရည်ရွယ် လိုက်တဲ့ စိတ်ထားတွေကသာ ဘုရားကိုစေတီတွေက အလိုလိုကွယ်သွားစေတာပါ။ အမည်နာမတွေ အမျိုးမျိုးနဲ့ ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို ကွယ်ပြစ်နေတာ များလှပါပြီ။ ဒီတော့ ဘုရားကို စေတီမကွယ်အောင် ဘယ်လိုများ လုပ်ကြရပါ့မလဲ။
တိဋ္ဌန္တေ နိဗ္ဗူတေ စာ ပိ၊ သမေ စိတ္တေ သမံ ဖလံ။
စေတော ပဏိဓိ ဟေတု ဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂတိံ။
Thursday, November 4, 2010
ဆန်နီနေမင်း အမေးအဖြေ သေပြီးလျှင် ဘာဖြစ်မလဲ
အရှင်ဘုရား။ ဘာသာရေးနှင့်ပတ်သတ်သည်များ စိတ်ထဲမရှင်းလင်းသည်များကို မေးမြန်းခွင့်ပြုပါ။ ပြန်လည် ဖြေကြားပေးပါရန်လည်း မေတ္တာရပ်ခံပါသည်။ ကမ္ဘာပေါ်တွင် အဓိကဘာသာကြီး(၄)ခုရှိပီး သူတို့အတွေးအခေါ် သူတို့အယူအဆများဖြင့် ကမ္ဘာအနှံ့အပြားတွင် နေထိုင်လျှက်ရှိပါသည်။ ဘာသာတခုတိုင်းတွင် သေလွန်ပီး နောက်တစ်ဘဝကို တနည်းနည်းတဖုံဖုံဖြင့် လက်ခံသည်များလည်းရှိပါသည်။ ဘာဘာသာအယူအဆ တစ်ခုမျှ လက်ကိုင်ယုံကြည်မှုမရှိဘဲ အသက်ရှင်နေထိုင် ရပ်တည်နေသူများလည်း အများအပြား ရှိပါသည်။ သိလို သည်မှာ သေလွန်ပီး အခြားတဖက်မှာကော ဘာသာကြီး(၄)ခုရှိပါသေးလော။
လူတစ်ဦးတစ်ယောက် သေဆုံးလျှင် သက်ဆိုင်ရာဘာသာအလိုက် မြှုပ်နှံသဂြိုလ်ကြသလို သေလွန်ပီး နောက်တစ်ဘဝမှာကော သက်ဆိုင်ရာ ဘာသာအလိုက်စီရင်ဆုံးဖြတ်သည့်အတိုင်း နေထိုင်ကြရပါသလော။ (ဥပမာ ဗုဒ္ဒဘာသာ တစ်ယောက်သေဆုံးလျှင် သူရဲ့ကုသိုလ်နဲ့ အကုသိုလ်ကိုလိုက်ပီး နိဗ္ဗာန်၊ ငရဲ၊ တိရစ္ဆန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုပီး သက်ဆိုင်ရာဘုံဘဝမှာ မှီကြရပါတယ်။ ခရစ်ယာန်တစ်ယောက် သေဆုံးလျှင် စီရင်ချက်မချခင် ကောင်းကင်ဘုံမှာ နေထိုင်ကြရသည်ဟု ဆိုပါသည်။) ဘာသာအယူအဆတစ်ခုမှ လက်ခံယုံကြည်ခြင်းမရှိဘဲ ရှင်သန်ရပ်တည်နေသူတစ်ယောက် သေဆုံးလျှင်ကော ထိုသူကား အဘယ်ဘုံဘဝမှာ နေထိုင်ရမည်လော။ ရိုသေစွာဖြင့် လျှောက်ထားမေးမြန်းလိုက်ရပါသည်ဘုရား။
အင်း မျက်မှောက်လောကကိုကြည့်မယ်ဆိုရင်တော့ လူများ၏ ယုံကြည်ချက် ကွဲလွဲမှုတွေကြောင့် ဘာသာတရားတွေဟာ အမျိုးမျိုးကွဲပြားနေရတာပါ။ တကယ်တော့ ဘာသာအယူဝါဒ ဆရာသမားများဟာ သဘာဝတရားရဲ့ဖြစ်ပေါ်နေမှုများကို သူတို့သိသလောက် ပြောပြနေခြင်းသာ ဖြစ်ပါတယ်။ သဘာဝတရား လောကကြီးမှာ ဖြစ်ပျက်နေတာတွေကို သူတို့ရဲ့အသိဉာဏ်နဲ့ သိမြင်နေတာကို ပြောပြခဲ့ကြတာပါ။

