Monday, October 18, 2010

ဆန်နီနေမင်း အမေးအဖြေ စပွန်ဆာနဲ့ပတ်သတ်၍

ဦးဇင်းအား မေးလ်ပို့ပြီးမေးထားတဲ့ မေးခွန်းလေးကို လူသားအားလုံး ဗဟုသုတရစေရန် ပို့စ်တင်၍ ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါသည်။

မေး။ ။ မေးထားတဲ့မေးခွန်းလေးက....အရှင်ဘုရား အခုခေတ်မှာ စပွန်ဆာဆိုပြီး အရမ်းခေတ်စားနေတယ်လေ၊ မင်းသမီးတွေဆိုလဲ ဒီအတိုင်းပဲ ဘယ်သမီးကို ဘယ်သူက စပွန်ဆာပေးတာစသည်ဖြင့်ပေါ့နော်။ တကယ်တမ်းစဉ်းစားကြည့်မယ်ဆို အဲဒီစပွန်ဆာပေးတဲ့ လူတွေမှာ မိန်းမရှိနေတာပဲ။ အဲဒီတော့ ပေးတဲ့သူရော လက်ခံတဲ့သူရော ကာမေသုမိစ္ဆာစာရကံ ထိုက်မထိုက် သိချင်ပါတယ်။ နှစ်ယောက်စလုံး ထိုက်ပါသလား မထိုက်ဘူးလားဘုရားတဲ့။

Saturday, October 16, 2010

လူသားတို့ သက်တမ်းဆုတ်ယုတ်လာပုံ

ယခုတည်ရှိနေသော လူသားတို့သက်တမ်းသည် (၇၅)နှစ် သက်တမ်းဖြစ်ပေသည်။ ထိုမှတဆင့်ချင်း လူသားတို့ သက်တမ်းသည် တဖြည်းဖြည်းချင်း ဆုတ်ယုတ်သွားပေမည်။ မည်မျှထိ ဆုတ်ယုတ်သွားမည်ဆိုသော် (၁၀)နှစ် သက်တမ်းထိ ဆုတ်ယုတ်လာပေမည်။ ထိုသို့ လူတို့သက်တမ်းလည်း ဆုတ်ယုတ်လာ၍ (၁၀)နှစ်တမ်းတွင် ကောင်းမှုကုသိုလ်များလည်း ဆုတ်ယုတ်လာကြကာ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်တွေ့လျှင်ပင် သတ်ဖြတ်ခြင်းများ ပြုလုပ်လာကြလိမ့်မည်။

Friday, October 15, 2010

သံသရာနဲ့ လူသားစတင်ဖြစ်ပေါ်လာပုံ

ဦးဇင်းရဲ့ ဘာသာရေးအမေးအဖြေကဏ္ဍ `မြန်မာချစ်သူများ´ဆိုဒ်ထဲမှာ သံသရာအစနဲ့လူသားစတင်ဖြစ်ပေါ်လာပုံကို ငြင်းနေကြတာ တွေ့မြင်ရတဲ့အတွက် ဒီခေါင်းစဉ်ကို တင်ပြပေးလိုက်ခြင်း ဖြစ်ပါပေတယ်။

တချို့က သံသရာအစ ဘယ်ကလဲလို့ မေးကြ၊ သိချင်ကြပါတယ်။ သံသရာအစ ဘယ်ကလဲလို့မေးရင် အ၀ိဇ္ဇာ-အမှန်ကိုအမှန်တိုင်း မသိခြင်းက စတယ်လို့ ပြောရမှာပါပဲ။ သတ္တ၀ါတစ်ဦးနဲ့တစ်ဦးဟာ ဖြစ်တာခြင်းလည်း မတူဘဲ ကံစီမံရာ မိမိတို့ပြုလုပ်သလို ဖြစ်ပျက်နေရတာဆိုတော့ သတ္တ၀ါတစ်ဦးနဲ့တစ်ဦးရဲ့ အစလည်း မတူနိုင်ပါဘူး။ ဒါကြောင့် ဘယ်သူက ဘယ်လိုစတယ်ဆိုတဲ့ အချက်ပေါင်းများစွာကို ရှာဖွေရမှာမို့ ဈာန်အဘိညာဉ်ရသူများတောင် သူတို့ရဲ့သံသရာအစကို မသိနိုင်တဲ့အတွက် မြတ်ဗုဒ္ဓက အချိန်ကုန်တယ်။ မင့်တို့ တစ်ဦးနဲ့တစ်ဦးဟာလည်း ဖြစ်တာခြင်းမတူကြဘူး။ အဲဒီတော့ တခြားအကျိုးရှိမဲ့အရာတွေနဲ့ပဲ အချိန်ကုန်အောင်လုပ်ကြပါလို့ မိန့်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓပြောတာလည်း သဘာဝကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သတ္တ၀ါတွေမှမဟုတ်ပါဘူး။ ကျန်တဲ့ရုပ်တရားတွေမှာလည်း တစ်ခုနဲ့တစ်ခု စဖြစ်တာခြင်းမတူသလို ပျက်စီးတာခြင်းလည်း မတူကြပါဘူး။ ကွန်ပျုတာတစ်လုံးရဲ့ အစကိုရှာမယ်ဆိုရင်တောင် ကုမ္ပဏီတည်ထောင်သူက ငါကစတာ၊ ဆော့ဝဲရေးသူက ငါကစတာ၊ ပရိုဂရမ်တီထွင်သူက ငါကစတာ၊ လျှပ်စစ်မီးတီထွင်သူကလည်း ငါတီထွင်လို့ ကွန်ပျုတာဆိုတာ ဖြစ်လာတာစသည်ဖြင့် သူကစတာ ငါကစတာနဲ့ အစပေါင်းများစွာ ဖြစ်နေပါတယ်။ ဒါက ကွန်ပျုတာတစ်ခုတည်း ရှိပါသေးတယ်။ သတ္တတွေဆိုရင် သတ္တ၀ါပေါင်း မြောက်များစွာရှိတဲ့အတွက် အဲဒီသတ္တ၀ါတွေအားလုံးရဲ့ အစဖြစ်တာခြင်းလည်း မတူနိုင်ပါဘူး။ အဲဒီလို မတူတာတွေကို လိုက်ရှာကြည့်ရင် ရှာတဲ့သူပဲ မောရုံပဲရှိမှာပေါ့။ အဲဒါကြောင့် မြတ်ဗုဒ္ဓက အချိန်ကုန်လူပန်းမဲ့အရာနဲ့ အချိန်ကုန်မခံဘဲ ကျန်တဲ့အကျိုးရှိမဲ့အရာများဖြင့် မိမိအသက်ရှင်စဉ်လေးကို အသုံးပြုကြပါလို့ မိန့်ခဲ့တာပါ။

သတ္တ၀ါအားလုံးရဲ့ အစကိုအသာထားပါဦး။ သက်မဲ့ဖြစ်တဲ့ ၀ါးလုံးတစ်လုံးရဲ့ အ၀ိုင်းကလေးတစ်ခုကို အဲဒီအ၀ိုင်းလေးမှာ စ၀ိုင်းတဲ့နေရာက ဘယ်နေရာဖြစ်မယ်ဆိုတာကိုပဲ မိမိတို့ဘ၀အသက်ရှင်စဉ်လေးမှာ အဖြေမှန်အောင် စဉ်းစားတွေးခေါ်ဖို့ မဖြစ်နိုင်ပါဘူး။ နောက်ပြီး လူတစ်ယောက်ကနေ စက်ဝိုင်းလေးတစ်ခုကို ၀ိုင်းနေအောင်ဝိုင်းထားပြီး ကျန်တဲ့လူကို ဒီစက်ဝိုင်းရဲ့ အစက ဘယ်နေရာကဖြစ်မလဲလို့မေးရင် အမေးခံရတဲ့သူဟာ အချိန်သာကုန်သွားမယ်။ အဖြေရှာရမှာမဟုတ်ပါဘူး။ ၀လုံးတစ်ခုတောင် အဖြေရှာမရရင် ၀လုံးပေါင်းသိန်းသန်းချီနေတဲ့ ၀လုံးတွေရဲ့ အစတွေကို ရှာခိုင်းရင် ရှာတဲ့လူဟာ ဒီဘ၀မှာ အဖြေရှာတွေ့နိုင်ပါ့မလား။ အဲဒါကြောင့် မြောက်များစွာသော သတ္တ၀ါတွေရဲ့အစကို ရှာနေရင် မိမိအသက်ရှင်စဉ်လေးမှာ ဘာမှမလုပ်ရဘဲ အချိန်ကုန်သွားမှာဆိုးလို့ အကျိုးမရှိတာကိုမလုပ်နဲ့၊ အကျိုးရှိတာနဲ့ အချိန်ကိုအသုံးချပါလို့ မြတ်ဗုဒ္ဓက မိန့်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလောက်ဆို သံသရာအစသိချင်သူများ ရှင်းလောက်မယ်ထင်ပါတယ်။ 

Sunday, October 10, 2010

မိမိထက် တစ်ပါးသူကို ပိုချစ်တတ်ပါစေ

ဤကမ္ဘာလောကကြီးတွင် ဖြစ်ထွန်းပေါ်ပေါက်နေသော အကျိုးတရားဟူသမျှတို့သည် အကြောင်းတရား ကြောင့်သာ ဖြစ်ပေါ်လာရခြင်း ဖြစ်ပေသည်။ အကြောင်းတရားမှကင်းသော အကျိုးတရားဟူ၍ မရှိပါချေ။ သို့ဖြစ်၍ အကျိုးတရားကိုလိုချင်လျှင် အကြောင်းတရားကို ရှာမှီးအားထုတ်ရပေမည်။

Wednesday, October 6, 2010

လွဲမှားသူတို့၏ ဆိုးကျိုးများ

မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြသူများ၊ ရန်သူပွား၍၊ ရှားပါးလာဘ်တိတ်၊ ချမ်းသာဆိတ်၏။ ဣတ္ထိပဏ္ဍုတ်၊ မျိုးယုတ်ခါခါ၊ မျက်နှာမလှ၊ အရှက်ရလျက်၊ လက္ခဏဣနြေ္ဒ၊ ယွင်းသေချို့သိမ်၊ စိုးရိမ်များစွာ၊ ချစ်သူကွာသည်။ ရှောင်ကာအပြန်အကျိုးတည်း။

Monday, October 4, 2010

သိသလိုလိုနဲ့ ကျူးလွန်မိသောအပြစ်များ

ခုခေတ် ယောက်ျားမိန်းမများသည် သိသလိုလို မသိသလိုလိုနဲ့ ကျူးလွန်မိသော အပြစ်များတို့ ရှိပေလိမ့်မည်။ ထိုအပြစ်များစွာရှိသည့်အထဲမှ လူ့လောက လူ့ကျင့်ဝတ်နဲ့လည်းမညီ လူသားတို့ အများဆုံးမုန်းတီး ရွံ့ရှာကြသည့် ကာမဂုဏ်မှားယွင်းမှုအကြောင်းများကို သိရှိနားလည်အောင် တင်ပြပေးချင်ပါသည်။

Wednesday, September 29, 2010

မြန်မာပြည်နှင့် Sunday School အဆက်

သီရိလင်္ကာနိုင်ငံ၌ Sunday Schoolကို ၀ိုင်အမ်ဘီအေ(YMBA) အသင်းမှ (၁၉၀၁)ခုနှစ်တွင် စတင်တည်ထောင် ဖွင့်လှစ်သင်ကြားပေးခဲ့ပေသည်။ (၂၀၀၇)ခုနှစ်တွင် အစိုးရသည် ၀ိုင်အမ်ဘီအေ(YMBA)အသင်းမှတဆင့် လွဲပြောင်းတာဝန်ယူခဲ့သည်။ ယခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၌ Sunday School ပေါင်း (၉၂၁၂)ကျောင်း ရှိပါသည်။

Sunday, September 26, 2010

မြန်မာပြည်နှင့် Sunday School


အစည်းအဝေး မှတ်တမ်းတင်များ
လောကတွင် “မပြုကောင်းသည်သာရှိ၍ မတတ်ကောင်းသည် မရှိပေ။ မတုပ ကောင်းသည်သာရှိ၍ မမြင်ကောင်းသည် မရှိပေ။ မလိုက်စားကောင်းသည်သာရှိ၍ မသိကောင်းသည်ဟူ၍ မရှိပါ”။
Powered by Blogger.