Thursday, December 23, 2010
ဆန်နီနေမင်း အမေးအဖြေ သေခြင်းလေးမျိုးအဓိပ္ပါယ်
အင်း။ သေခြင်း (၄)မျိုးကတော့
၁။ အသက်ကုန်၍ သေခြင်း။ ဥပမာ- မီးဇာကုန်၍ မီးခွက်ငြိမ်းသလို သေရမည့် သက်တမ်းကုန်၍ သေခြင်း။
၂။ ကံတရားကုန်၍ သေခြင်း။ ဥပမာ- မီးခွက်တွင်းရှိ ဆီကုန်၍ မီးခွက်ငြိမ်းသလို မိမိ၏ရှေးကုသိုလ်ကံသည် ဤအရွယ်လောက်နေရမည့်ကံပါ၍ သေဆုံးခြင်း။
Wednesday, December 22, 2010
သီရိလင်္ကာနိုင်ငံနှင့်တရားပွဲ
အင်း ယခုတင်ပြထားတဲ့ ဓာတ်ပုံတွေကတော့ သီရိလင်္ကာနိုင်ငံရဲ့ တရားပွဲအခြေအနေလေးပါ။ သံဃာတွေကို ပင့်ဖိတ်တဲ့နေရာမှာတော့ တော်တော်လေး နမှုနာယူစရာ ကောင်းပါတယ်။ မီးတွေဆင်ပြီး ကျကျနန ပင့်ဖိတ်ပါတယ်။ တရားနာတဲ့အချိန်မှာတော့ သူတို့ရဲ့ဓလေ့ထုံစံအတိုင်း ခြေဆင်းထိုင်ခြင်းစသည်တို့ဖြင့် သင့်သလို ထိုင်ကြပါတယ်။ မြန်မာပြည်နှင့်ကွာတာကတော့ အဲဒီခြေဆင်းထိုင်ခြင်းပါပဲ။ အင်း တစ်ချို့က နဘေးအုတ်ခြေရင်းမှာ ဖြစ်သလိုထိုင်ပြီးလည်း တရားနာကြပါတယ်။
Tuesday, December 21, 2010
ကိုးပါးသီလ အဓိပ္ပါယ်
အင်း တကယ်တော့ ဦးဇင်းလည်း စာမေးပွဲကြောင့် ချက်ချင်းမဖြေပေးနိုင်သေးတာပါ။ ခုတော့ စာမေးပွဲပြီးပြီမို့ ဖြေပေးလိုက်ပါတယ်။
Sunday, December 19, 2010
ကြီးပွားတိုးတက်ချင်လျှင်
အင်း စာမေးပွဲပြီးပြန်တော့ ကိုယ့်လုပ်နေတဲ့ အများအကျိုးရှိမဲ့ ဗဟုသုတစာလေးတွေ အမေးအဖြေစာလေးတွေကို ပြန်လည်၍ စတင်ရေးသားလိုက်ပါတယ်။ စာရေးသူတို့လုပ်နေတဲ့ Sunday School ကိစ္စလည်း ဆက်လက်၍ လုပ်ဆောင်ရအုန်းမယ်။ အင်း ခုတော့ ရေးစရာရှိတဲ့ အကြောင်းအရာလေးတွေကို ဆက်လက်ရေးသားတင်ပြလိုက်ပါတယ်။
လောကရှိ လူသားတို့သည် ကြီးပွားတိုးတက်ခြင်းကို လိုချင်တပ်မက်ကြပါသည်။ သို့သော် မည်သို့ပြုမှုနေထိုင်လျှင် မည်သို့ကျင့်သုံးလိုက်နာလျှင် ကြီးပွားတိုးတက်မည်ကို မသိသကဲ့သို့ သိလျှင်လည်း ကြီးပွားတိုးတက်ချင်သလောက် လိုက်နာကျင့်သုံးခြင်းတော့ မရှိကြပေ။
Thursday, November 18, 2010
ဆန်နီနေမင်း လူချင်းတူပါလျက် အဘယ့်ကြောင့် ကွဲပြားရသနည်း
လူချင်းတူပါလျက် အသက်ရှည်ခြင်း မရှည်ခြင်း၊ အနာရောဂါများခြင်း နည်းခြင်း၊ ရုပ်အဆင်းလှပခြင်း မလှခြင်း၊ မိတ်ဆွေအခြံအရံအရှိန်အ၀ါရှိခြင်း မရှိခြင်း၊ ချမ်းသာခြင်း ဆင်းရဲခြင်း၊ အမျိုးကောင်း၌ဖြစ်ခြင်း မဖြစ်ခြင်း၊ ပညာဉာဏ်ကောင်းခြင်း မကောင်းခြင်းဟူသော အချက်(၁၄)ချက်သည် မတူညီကြပေ။ အဘယ့်ကြောင့် ထိုကဲ့သို့ လူသားချင်းတူပြီး ကွဲပြားနေကြပါသနည်း။
(၁) သူတစ်ပါးအသတ်ကို မသတ်ဘဲ ရှောင်ကြဉ်သောသူသည် ဖြစ်လေရာဘ၀၌ အသက်ရှည်ပြီး သူများအသတ်ကိုသတ်လေ့ရှိသူသည် အသက်တိုကြပေသည်။
Tuesday, November 9, 2010
ဆန်နီနေမင်း အမေးအဖြေ ဈာန်နဲ့ပတ်သတ်၍
သို့သော်လည်း ဗကဗြဟ္မာလောင်း ရသေ့ကြီး၏ လူအများကို ကယ်တင်သောထုံးကိုနှလုံးမူပြီး ယခုရဟန်းသူမြတ်၊ လူသူတော် မြတ်တို့သည် သတ္တဝါတို့၏ဆင်းရဲကြောင်းကို တန်ခိုးအစွမ်းဖြင့် ဟန့်တားနိုင်စကောင်းပါသလား အရှင်ဘုရား။ ထိြု့ပင် သူ့မယားလိုချင် သူ့လင်လှံဖြင့်ထိုး ပုံဝတ္ထုထဲမှကဲ့သို့ မကောင်းသောသူအား သိကြားမင်းသည် သူ၏က္ကုဒိပါဒ်အစွမ်းဖြင့် ပယ်ရှားပေးသကဲ့သို့ ယခုမျက်မှောက်လောကတွင် ဈာန်တန်ခိုးသည် အဖြေတစ်ခု ဖြစ်နိုင်ပါမည်လား အရှင်ဘုရား။
အကြောင်းနှင့်အကျိုးတွင် ကံသည်အားကြီးသော အကြောင်းဖြစ်သော်ငြားလည်း ကံတစ်ခုတည်းသက်သက်ဖြင့် မပြည့်စုံသောအခါ ပြင်ပမှအကြောင်းတရားများဖြင့် ပံ့ပိုးပေးရသည်ဟု မှတ်သားဖူးသဖြင့် ထိုအကြောင်း တရားသည် ဈာန်တန်ခိုး ဖြစ်စကောင်းပါသလားဘုရား။ တပည့်တော်သည် မဖြစ်နိုင်သော မဟာလူစွမ်းကောင်း အဖြစ် စိတ်ကူးယဉ်ခြင်းမဟုတ်ပါဘုရား။ ဖြစ်နိုင်သည်ဟု အတိအကျ ဖော်ပြခဲ့ပြီး ရှေးသူတော်ကောင်းတို့ထုံးကို နှလုံးမူကာ နှလုံးသွင်းဆင်ခြင်ခြင်းမျှသာ ဖြစ်ပါသည်ဘုရား။
ထို့ပြင် စိတ္တသံယုတ်မှ နွေရာသီအပြန်လမ်းတွင် နွမ်းနယ်ကြသောမထေရ်မြတ်တို့အား ပင်ပန်းခြင်းကို ဖြေဖျောက်စိမ့်သောငှာ မိုးပြေးကလေးရွာစေသာအရှင်မြတ်ကဲ့သို့ လူ့၇ွာလောကအား ဈာန်တန်ခိုးသည် လိုအပ်သောနေရာများတွင် ဖြေရှင်းချက်(solution) တစ်ခုဖြစ်နိုင်စကောင်းပါသလားအရှင်ဘုရား။ ကရုဏာရှေ့ထား ဖြေကြားပေးတော်မူပါ အရှင်ဘုရား။ လက်အုပ်ချီမိုးရှိခိုးလျက်။
အင်း ဒကာမေးတဲ့ မေးခွန်းတွေက အဘိဓမ္မာကို ပြန်ကြည့်မှ ရှင်းအောင်ဖြေလို့ရမယ် ဒကာ။ ဦးဇင်းလည်း ခု သီရိလင်္ကာနိုင်ငံမှာ ကျောင်းတတ်နေတာဆိုတော့ စာအုပ်ကလည်း ဒီမှာမရှိဘူး။ နောက်ပြီး အင်တာနက်မှာ လိုက်ရှာဖို့ မအားသေးဘူးဖြစ်နေတယ်။ စာမေးပွဲကလည်း ဒီဇင်ဘာ(၆)ရက်နေ့ဆို ဖြေရတော့မှာလေ။
Saturday, November 6, 2010
ဆန်နီနေမင်း အမေးအဖြေ အကျိုးပေးကွာခြားပုံ
ဘုန်းဘုန်း တပည့်တော်မ စာရေးလိုက်ပါတယ်ဘုရား။ မနက်မိုးလင်းတော့ တရားနာပါတယ်ဘုရား။ အရှင်ဆန္ဒာဓိကရဲ့တရားတော်ကိုနာပါတယ်ဘုရား။ အခု တပည့်တော်မလည်း ဘုန်းဘုန်းနဲ့တွေ့ပြီးတဲ့ အချိန်က စပြီး စိတ်တွေမမွန်းကျပ်တော့ဘူးဘုရား။ ဘုန်းဘုန်းကိုကျေးဇူးတင်ပါတယ်ဘုရား။ တပည့်တော်မလည်း ကိုယ့်ဘ၀ရဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်အောင်ကြိုးစားနေပါတယ်ဘုရား။
ဘုန်းဘုန်ုးကိုမသိတာလေး မေးပါအုံးမယ်ဘုရား။ လူတစ်ယောက်ပေါ့။ သူက နွားတို့ဆိတ်တို့ သတ်တဲ့စနေဒိုင်ပေါ့။ သူသေသွားတော့ သူဟာ လူဝင်စားဖြစ်တယ်တဲ့ ကောင်းကောင်းမွန်မွန်ပဲ သူဌေးသား ဖြစ်နေတယ်တဲ့။ ဟိုဘ၀က အကုသိုလ်လုပ်ခဲ့ပေမဲ့ နောင်ဘ၀မှာကောင်းစားနေတယ်။ နောက်လူ တစ်ယောက်က ဘုရားတရားကိုင်းရှိုင်းတယ် ကောင်းမှု့ကုသိုလ်တွေပဲအမြဲလုပ်တယ်။ ဒါပေမဲ့ သူသေတော့ ခွေးဝင်စားဖြစ်တယ်တဲ့။ လူအများအိမ်ကနှင်ထုတ်ခံရတဲ့ ခွေးဖြစ်သွားတယ်တဲ့။ တပည့်တော်ဆိုလိုတာကတော့ အဲဒီလူနှစ်ယောက်ရဲ့နောက်ဆုံးအချိန်ကွာခြားချက်ကဘာလဲဘုရား။ တပည့်တော်မရှင်းပါဘူးဘုရား။ ဖြေရှင်းပြ ပါဘုရား။ ရိုသေစွာဖြင့် ဘုန်းဘုန်းရဲ့တပည့်မ
အင်း အဲဒီလိုအကျိုးပေး ကွာခြားချက်မှုများကို ကံ(၄)ပါးနဲ့ ယှဉ်ကြည့်ရင် သိပါလိမ့်မယ်။ ကံ(၄)ပါးကား (၁) မျက်မှောက်ဘ၀တွင် အကျိုးပေးသာကံ၊ (၂) ဒုတိယဘ၀မှ အကျိုးပေးသောကံ၊ (၃) တတိယဘ၀မှစ၍ နောက်ဆုံးနိဗ္ဗာန်ရသည့် ဘ၀တိုင်အောင် အခွင့်သာတိုင်း အကျိုးပေးသောကံ၊ (၄) အကျိုးပေးရမည့်ကာလ၌ အကျိုးပေးခွင့်မရဘဲ ပျောက်ပျက်သွားသောကံဆိုပြီး ကံလေးမျိုးရှိပါတယ်။

