Wednesday, October 12, 2011

ဖြစ်စေချင်သော အကြောင်းအရာလေး

စာရေးသူ 10.10.2011 ရက်နေ့က သီရိလင်္ကာနေထိုင်ခွင့်ဗီဇာကုန်နေလို့ သက်တမ်းတိုးရန် သီရိလင်္ကာသာသနာရေးရုံးကို ထောက်ခံစာယူဖို့ သွားခဲ့ပါတယ်။ သာသနာရေးရုံးရောက်တော့ စာရေးသူတို့အရင် ရောက်နေကြတဲ့ ရှေ့ကတန်းစီးနေကြတဲ့ လူအားလုံးဟာ စာရေးသူတို့အား ဖယ်ပေးကာ ရှေးဆုံးကနေ နေရာပေးကြပါတယ်။ စာရေးသူလည်း အတော်လေးကို အံ့သြသွားမိတယ်။ အော်-ဘယ်သူမဆို ရုံးကိစ္စလာလုပ်ကြတဲ့အခါ အရင်ပြီးအောင်လို့ အရင်စောစောရောက်အောင် တကူးတကပင်းပန်းခံပြီး အစောကြီးနေရာဦးကြတာပဲ။ ဒါပေမဲ့ ဒီနိုင်ငံကလူတွေက သံဃာတွေကို အတော်လေး ဦးစားပေးကြပါလား၊ သံဃာတွေကို ရိုသေလေးစားမှုရှိကြပါလားလို့ မှတ်ချက်ချကာ သူတို့ရဲ့ လုပ်ရပ်များကို စာရေးသူရင်ထဲမှာ မှတ်တမ်းတင်မိခဲ့ပါတယ်။
Powered by Blogger.