Sunday, October 2, 2011

လောကနီတိကျမ်းဟာ အားလုံးအမှန်တွေလား

အမေး။ ။ လောကနီတိမှာ လာတာတွေအားလုံးကို အမှန်ချည်းလို့ ယူဆလို့ရပါသလားဘုန်းဘုန်း။ ဥပမာ….လောကမှာ အတတ်သင်ခြင်း။ ဥစ္စာရှာခြင်း။ တောင်တက်ခြင်း။ ဒေါသထွက်ခြင်း။ ကာမဂုဏ်ကို အလိုရှိခြင်းတို့ကို ဖြည်းဖြည်းမှန်မှန်သာ ဆောင်ရွက်ရမယ်။ ဒါမျိုးလေးတွေကို ပြောတာပါ။ တပည့်တော်မသိတဲ့အတွက် သိသလောက် ရှင်းပြပေးတော်မူပါဘုရား။

ဖိုးသား။ စိန်ပီတာစဘတ်မြို့၊ ရုရှားဖက်ဒရေးရှင်း

ငါဘုရားကို ဘယ်အချိန်မှာ သတိရ

အမေး။ ။ မြတ်စွာဘုရားက “ချစ်သမီး…ဘယ်အချိန်တွေမှာ ငါဘုရားကို သတိမရတာလဲ”လို့ ၀ိသာခါကို မေးတယ်။ ဒီအခါ ၀ိသာခါက “ကျင်ကြီးကျင်ငယ် စွန့်တဲ့အချိန်နဲ့ မေထုန်အမှုပြုတဲ့အချိန်တွေမှာ သတိမရတတ်ပါဘုရား”လို့ ပြန်လျှောက်သတဲ့။ ဘုရားရှင်က “ကျင်ကြီးကျင်ငယ် စွန့်တဲ့အချိန်မှာ ငါဘုရားကိုသတိရရင် ကျန်းမာမယ်၊ မေထုန်အမှုပြုတဲ့အချိန်မှာ သတိရရင်တော့ သားကောင်းရတနာ၊ သမီးကောင်းရတနာ ထွန်းကားလိမ့်မယ်”လို့ မိန့်တော်မူပါတယ်ဆိုတာကို တစ်နေရာမှာ ဖတ်လိုက်ရပါတယ်။ အဲဒါ ဟုတ်ပါသလား၊ အဖြေပေးတော်မူပါဘုန်းဘုန်းဘုရား။

ဖိုးသား။ စိန်ပီတာစဘတ်မြို့၊ ရုရှားဖက်ဒရေးရှင်း

ဓါတ်တော် ပြဿနာ

အမေး။ ။ ဘုန်းဘုန်းဘုရား…..ဘုရားရှင်တို့ရဲ့ သာသနာတော် တစ်ခါကွယ်တိုင်း ကွယ်တိုင်းတွင် ဓာတ်တော်မွေတော်တို့ပါ ကွယ်တယ်ဆိုတာ မှန်ပါသလားဘုရား။ အကယ်၍ ကွယ်တယ်ဆိုလျှင် ရွှေတိဂုံဘုရားတွင် ဌာပနာထည့်သွင်းထားတဲ့ ရှေးဘုရားရှင်တို့ရဲ့ ဓာတ်တော်မွေတော်များကို ဘယ်လိုယူဆရပါ့မလဲ ရှင်းပြပေးတော်မူပါဘုရား။
Powered by Blogger.