Thursday, September 15, 2011

သစ္စာ(၄)ပါးကို အနုပညာဖြင့် ပူဇော်သင့်ပါသလား

အမေး။ ။ အရှင်ဘုရား…“သစ္စာလေးပါးကို အနုပညာဖြင့် ပူဇော်ခြင်း”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရပါတယ်ဘုရား။ တပည့်တော်သိချင်တာက သစ္စာလေးပါးကို အနုပညာဖြင့် ပူဇော်သင့်/မသင့်ဆိုတာနဲ့ပတ်သက်ပြီး သိချင်ပါတယ်ဘုရား၊ တကယ်လို့ ပူဇော်သင့်တယ်ဆိုရင် ဒါနဲ့ပတ်သက်ပြီး ဘုရားရှင်ဟောကြားထားတဲ့ တရားတော်ကို ဖေါ်ပြပေးစေချင်ပါတယ်ဘုရား။

အင်းဆက်ပိုးများဟာ (၄)ဘ၀ဖြစ်တာ ဟုတ်ပါသလား

အမေး။ ။ အရှင်ဘုရား…. တပည့်တော်တို့ကျောင်းမှာ သင်ခဲ့ရတဲ့ အင်းဆက်(Insect)လေးတွေကို ဘယ်ဘုံလို့ သတ်မှတ်သင့်ပါသလဲဘုရား။ ဥပမာ လိပ်ပြာ၊ ဖလံ၊မှက်၊ ခြင်၊ ယင်စတဲ့ သတ္တ၀ါလေးတွေမှာ egg ဥဘ၀ (၇-၁၄)ရက်၊ သားပေါက်ဘ၀ larva (ပေါက်ဖတ်-ခူကောင်ဘ၀) (၇-၁၄)ရက်၊ ပိုးတုံးလုံးဘ၀ Pupa (၇-၁၄)ရက်၊ အကောင်ကြီးဘ၀ adult လိပ်ပြာ၊ ဖလံ၊ မှက်၊ ခြင်၊ ယင်ဘ၀ တစ်လမှ သုံးလ ကြာတတ်ပါတယ်။ ဒီလေးဘ၀လုံးမှာ စားသောက်ပုံ၊ ပြုမူပုံ၊ ကိုယ်အင်္ဂါဖွဲ့စည်းပုံကအစ တစ်ဘ၀နဲ့တစ်ဘ၀ လုံးဝမတူပါဘူး၊ လူနဲ့ တိရစ္ဆာန်တွေမှာ မွေးတာနဲ့ အကောင်လိုက်ဖြစ်ပါတယ်။ တွားသွားသတ္တ၀ါများနဲ့ ကြက်၊ငှက်တွေမှ ဥမှတဆင့် ဖြစ်လာပါတယ်။ အင်းဆက်(insect)တွေမှ သုံးဆင့်၊ သုံးဘ၀ဖြစ်ပြီးမှ အကောင်ကြီးဖြစ်လာပါတယ်။ နောင်အမှတ်မမှားရအောင် အမျိုးအစားအလိုက် ဖြေကြားပေးစေလိုပါတယ် ဘုရား။

ဇော်မင်းထိုက်
ဟတ်ယိုင်(ထိုင်း)

မယုံရင် ပုံပြင်ပဲမှတ်ရမှာလား

အမေး။ ။ ဘုန်းကြီးနှင့် သားသတ်သမားတို့က မိတ်ဆွေတွေဖြစ်ကြတယ်။ ဘုန်းကြီးက မနက်တိုင်းထပြီး ဘုရားစာတွေရွတ်တယ်။ သားသတ်သမားလဲ စောစောထပြီး သားသတ်ပြီး ရောင်းလေ့ရှိတယ်။ မနက်အိပ်ယာထ နောက်မကျအောင်လို့ တစ်ဦးကိုတစ်ဦးနိုးဖို့ ပြောကြတယ်။ ဒီလိုနဲ့ သူတို့တွေ သေဆုံးတော့ သားသတ်သမားက နတ်ပြည်ရောက်ပြီး ဘုန်းကြီးကတော့ ငရဲပြည်ရောက်သွားတယ်။ အဲဒါဘာ့ကြောင့်ပါလဲဘုရား။ ဒီအကြောင်းဟာ ဗုဒ္ဓဘာသာမှာကော ရှိပါသလားဘုရား။ ဒါမှမဟုတ် မယုံရင်ပုံပြင်ပဲ မှတ်ရမှာလားဘုရာ။

မယ်အေး
ရန်ကုန်
Powered by Blogger.