Wednesday, September 14, 2011

နိဗ္ဗာန်ရတာချင်း အတူတူ ဘာ့ကြောင့်ကွဲပြားရတာလဲ

အမေး။ ။ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အရိယာသာဝကများဟာ ၀ိသုဒ္ဓိ(၇)ပါး အဆင့်ဆင့်နဲ့သာ နိဗ္ဗာန်မျက်မှောက်ပြုကြတာ တူညီကြတဲ့အတွက် အားလုံးဟာ အတူတူပင် မဟုတ်ပါလား၊ ဘာ့ကြောင့် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက၊မဟာသာဝက၊ ပကထိသာဝကလို့ ကွဲပြားခြားနားမှု ဖြစ်နေပါလဲ အားလုံးသိအောင် ရှင်းပြပေးတော်မူပါဘုရား။

မဓမ္မစာရီ
ရန်ကုန်

မိဂဒါဝုန်ကို ဘာ့ကြောင့် ခြေနဲ့ ကြွတော်မူပါသလဲ

အမေး။ ။ ဘုန်းဘုန်းဘုရား….မဟာဗောဓိနဲ့ ဗာရာဏသီပြည်ဟာ တစ်ဆယ့်ရှစ်ယူဇနာ မိုင်အားဖြင့် (၁၄၄)မိုင်ခန့် ရှိပါတယ်ဘုရား။ ပွင်တော်မူခဲ့ပြီးတဲ့ ရှေးရှေးဘုရားရှင်များဟာ ဓမ္မစင်္ကြတရားဦး ဟောတော်မူဖို့အတွက် ဒီလောက်ဝေးတဲ့ခရီးကို ကောင်းကင်ခရီးက ဈာန်ယာဉ်စီးပြီး ကြွတော်မူကြတယ်လို့ စာပေမှာ ဖတ်လိုက်ရပါတယ်ဘုရား၊ တပည့်တော်သိချင်တာက ဂေါတမမြတ်စွာဘုရားရှင်ဟာ ဒီလောက်ဝေးတဲ့ ခရီးကို ဘာ့ကြောင့်အပင်ပမ်းခံပြီး ခြေလျင် ကြွတော်မူရပါသလဲဆိုတာပါဘုရား၊ အများကျေနပ်လောက်အောင် အဖြေပေးစေချင်ပါတယ်ဘုရား။
မဓမ္မစာရီ
ရန်ကုန်

အနေကဇာမတင်တဲ့ ရုပ်ပွားတော်ကို ကိုးကွယ်သင့်/မသင့်

အမေး။ ။ အရှင်ဘုရား တစ်ခါက လူတစ်ယောက်က သူဟာ အနေကဇာတင်မှု မပြုလုပ်ရသေးတဲ့ ဆင်းတုတော်ကို သာမန်အရုပ်တစ်ခုလိုပဲ သဘောထားပါတယ်။ ဒါကြောင့် သာမန်ရုပ်ထုတစ်ခုလို့ သဘောထားပြီး လှေခါးထစ် တစ်နေရာ၊ ဧည့်ခန်းစတဲ့ နေရာတွေမှာ အလှကြည့်ဖို့ ထားထားတာပါလို့ တပည့်တော်အား ပြောဖူးပါတယ်။ တပည့်တော်သိချင်တာက အနေကဇာမတင်ဘဲ ရုပ်ပွားတော်ကို ကိုးကွယ်သင့်/မသင့်ဆိုတာနဲ့ အနေကဇာမတင်သေးတဲ့ ဆင်းတုတော်များကို မသင့်တော်တဲ့ လှေခါးရင်းစတာတွေမှာ ထားသင့်/မသင့်ဆိုတာကို ဖြေကြးပေးတော် မူပါဘုရား။

ဦးကုမာရ
ခေတ္တစင်္ကာပူ
Powered by Blogger.