Tuesday, September 13, 2011

ပုဗ္ဗနိမိတ်ငါးပါးကို နတ်တိုင်းမြင်ရပါသလား။

အမေး။ ။ ဘုန်းဘုန်း……သုဗြဟ္မာနတ်သားဟာ နတ်သမီး(၁၀၀)ခြံရံပြီး နန္ဒ၀ံဥယျာဉ်တော်ကို သွားကြပါတယ်။ နတ်သမီး(၅၀၀)က အပင်ပေါ်တက်ကာ သီချင်းဆိုပြီး ပန်းများခူးနေကြတယ်။ နတ်သမီး(၅၀၀)က အပင်အောက်ရောက်လာတဲ့ ပန်းပွင့်များကို သူတို့သခင်နတ်သားအတွက် ပန်းသီကုန်းနေကြတယ်။ ရုတ်တရက် အပင်ပေါ်ရှိမှ သီချင်းဆိုသံများ တိတ်ဆိတ်သွားပါတယ်။ အပင်ပေါ်ကြည့်လိုက်တော့ နတ်သမီး(၅၀၀)ပျောက်နေတာကို တွေ့ရတယ်။ သုဗြဟ္မာနတ်သားက နတ်တို့ မျက်စိနဲ့ ကြည့်တဲ့အခါမှာ အပင်ပေါ်က နတ်သမီး (၅၀၀) စုတိပျက်ကြွေ သေဆုံးပြီး အ၀ီစိငရဲကျသွားတာ မြင်ရတယ်။

ဆိုလိုတာက တစ်နေရာမှာ နတ်တို့စုတိ(သေ)တော့မယ်ဆိုရင် နတ်တို့ရဲ့ ပုဗ္ဗနိမိတ်ငါးမျိုးကို ကြိုတင်တွေ့ရတတ်ပါတယ်လို့ ဖတ်ရပါတယ်။ ဒါဆိုရင်ခုနင်က အပင်ပေါ် နတ်သမီးများကျတော့ သီချင်းဆိုပြီး ရုတ်တရက် စုတိ(သေ)သွားတဲ့အတွက် ပုဗ္ဗနိမိတ်ငါးမျိုးကို ကြိုတင်သိမြင်မဲ့ ပုံမပေါ်ပါဘူး။ တကယ်လို့ ကြိုတင်သိမြင်နေရင် ပျော်ပီး သီချင်းသီဆိုနေမှာလဲ မဟုတ်ဘူး။ ဒီနတ်သမီးငါးရာကတော့ စုတိ(သေ)မှာကို ကြိုတင်မသိနိုင်ဘူးလို့ ယူဆမိပါတယ်။ ဒါဆိုရင် နတ်တိုင်း ပုဗ္ဗနိမိတ်ငါးမျိုးကို ကြိုတင်သိနိုင်ပါသလားဆိုတာ ဖြေကြားပေးတော်မူပါဘုရား။
မဓမ္မစာရီ
ရန်ကုန်

အတင်းပြောခြင်းရဲ့ ရလာဒ်

အမေး။ ။ အရှင်ဘုရား……လူ့ပတ်ဝန်းကျင်မှာအတင်းပြောတတ်တဲ့ အကျင့်ဟာ လူမှုရေးအရ နှာခေါင်းရှုံ့ချင်စ ရာ ဖြစ်နိုင်ပေမယ့် ဆေးပညာအရတော့ မိန်းကလေးတွေအတွက် အကျိုးထူးတွေ ရစေနိုင်တယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မစ်ချီဂန်တက္ကသိုလ်က ပညာရှင်တွေက အတင်းပြောတာဟာ မိန်းကလေးတွေကို ပိုပြီးကျန်းမာစေသလို ပိုပြီးလည်း ပျော်ရွှင်စေတယ်လို့ ဖော်ထုတ်တွေ့ရှိခဲ့လို့ပါပဲ။ သုတေသီတွေရဲ့ အပြောအရတော့ အတင်းပြောတဲ့ မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်မှာ progesteroneလို့ခေါ်တဲ့ ဟိုမုန်းတစ်မျိုး ပုံမှန်ထက် အများကြီးပိုပြီး ထွက်လာတတ်ပြီး အဲဒီဟိုမုန်းဟာ လူတစ်ယောက်ချင်းစီရဲ့ စိတ်ဖိစီးမှု ဝေဒနာကို သိသိသာသာ လျော့ပါးစေပါတယ်တဲ့။ မစ်ချီဂန်တက္ကသိုလ်က ပညာရှင်တွေဟာ ကျောင်းသူပေါင်း (၁၆၀)လောက်ကို အတွဲလိုက်သတ်မှတ်ပေးပြီး လေ့လာကြည့်တဲ့အခါမှာ အတင်းအဖျင်းပြောရင်း ဗဟုသုတဖလှယ်ကြတဲ့ မိန်းကလေးတွေက စကားနည်းပြီး အတင်းပြောရတာ ၀ါသနာမပါတဲ့ မိန်းကလေးတွေထက် ကျန်းမာရေးကောင်းပြီး ပျော်ရွှင်တက်ကြွနေတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ကြတယ်။ တပည့်တော်များ သိချင်တာက အတင်းပြောတာနဲ့ ပတ်သက်ပြီး ဘာသာရေးရှုထောင့်က ဘယ်လိုဖြေမလဲဆိုတာ သိချင်ပါတယ်ဘုရား။

သန်းသန်းအေး
ရန်ကုန်

အရက်သောက်မှ လူပီသမှာလား

အမေး။ ။ ဘုန်းဘုန်း…..ဘီယာ၊ ကွမ်း၊ ဆေးလိပ် တွေဟာဟာ ငါးပါးသီလထဲပါပါသလားဘုရား၊ ဘီယာတို့၊ ကွမ်း၊ ဆေးလိပ်များကို မသောက်တတ် မသုံးတတ်ဘူးဆိုရင် လူမပီသဘူး၊ သုံးတတ်၊ သောက်တတ်မှ လူပီသတယ်လို့ ပြောနေကြတယ်ဘုရား။ ဒါနဲ့ပတ်သက်ပြီး အဖြေပေးစေချင်ပါတယ်ဘုရား။
ခင်ဖုန်းမြင့်
ကွန်ပျူတာတက္ကသိုလ်
Powered by Blogger.