Sunday, October 30, 2011

သံဝေဂပွားများနိုင်ဖို့ရန် သံဝေဂ၀တ္ထု(၈)မျိုး


(၁) နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊ အိုမင်းနောက်ဆုံး ရှိချေ၏။
(၂) ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံး ရှိချေ၏။
(၃) ၀ိညာဏ်ထင်လင်း၊ သက်ရှင်ခြင်းကား၊ သေခြင်းနောက်ဆုံး ရှိချေ၏။
(၄) ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံး ရှိချေ၏။
(၅) ထက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊ လျောကျနောက်ဆုံး ရှိချေ၏။
(၆) ခုံမင်ခယ၊ ချစ်သမျှကား၊ သောကနောက်ဆုံး ရှိချေ၏။
(၇) ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံး ရှိချေ၏။
(၈) ကြည်သာရွှင်ပြ၊ ချမ်းသာလှလည်း၊ ဒုက္ခနောက်ဆုံး ရှိချေ၏။ (လယ်တီဆရာတော်ဘုရားကြီး)

 မိုးကုတ်ဆရာတော်ကြီး၏ သံဝေဂ ဆုံးမစာ

လောကဇာတ်ခုံ ၊ ဤလူ့ဘုံ၌၊ မျိုးစုံကကြ၊ မာန်မာနနှင့်၊

ငါကရာဇာ၊ ငါဟာသူဌေး၊ ငါပဂေးဟု၊ ငါသွေးတက်ကြွ၊ လူ့ဗာလတို့၊

များလှဖြာဖြာ၊ အ၀ိဇ္ဇာနှင့်၊ တဏှာဘီလူး၊ အမှောင့်ပူး၍၊ ကျူးကျူးကျော်ကျော်၊ ဂုဏ်ကိုဖေါ်လျှက်၊

မော်မော် မောက်မောက်၊ ငါတစ်ယောက်သာ၊ မိုးအောက်တစ်လွှား၊ ရွှေကိုယ်လားဟု၊

ထင်မှားမလွဲ၊ သို့စဉ်စွဲလည်း၊ ဇာတ်ပွဲပြီးက၊ ပြေဖုံးချသော်၊

သုဘရာဇာ၊ မြေအောက်မှာပင်၊ ဘာသာလူမျိုး၊ ချိန်မထိုးပဲ၊

ပုတ်သိုးခန္ဓာ၊ မြုပ်ရရှာသည်၊ ဘယ်မှာ ငါဟု ရှိအံ့နည်း။ (မိုးကုတ်ဆရာတော်ဘုရားကြီး)


သင့်အသက်တွေ ကြီးနေပြီ၊ လောဘ၊ ဒေါသ၊ မောဟတွေ ကြီးနေတုန်းပဲလား။

သင့်သွားတွေ ကျိုးနေပြီ၊ မာန်မာနတွေ မကျိုးသေးဘူးလား။

သင့်အသားတွေ တွန့်နေပြီ၊ မကောင်းမှုမှာ မတွန့်သေးဘူးလား။

သင့်အင်အားတွေ လျော့ပါးနေပြီ၊ သင့်တဏှာဆန္ဒတွေ မလျော့သေးဘူးလား။

သင့်ဆံပင်တွေ ဖြူကုန်ပြီ၊ သင့်စိတ်တွေ မဖြူသေးဘူးလား။

သင့်မျက်စိတွေ မှုန်ဝါးနေပြီ၊ သင့်နိဗ္ဗာန်လမ်းရော မှုန်ဝါးနေတုန်းပဲလား။ ဒီသံဝေဂကဗျာကိုတော့ http://www.mawluu.com/2011/02/blog-post_5498.html မှ ကူးယူတင်ပြထားပါတယ်။

စွန့်လွတ်ပြီးမှတော့ ဘယ်ရတော့မလဲ အမေရယ်

ဘာဖြစ်လို့ ပြည်ပကို ထွက်ရတာလဲ အပိုင်း(၂)

တချို့က တွေးမိကြပါလိမ့်မယ်။ မြန်မာနိုင်ငံဟာ သံဃာများအတွက် အကောင်းဆုံးနိုင်ငံဖြစ်ပါလျက် ဘာကြောင့် ပြည်ပကိုထွက်ပြီး ပညာသင်နေကြတာလဲလို့။ ဒါဟာလည်း အများအကျိုးတွက်မို့ ထွက်နေကြတာပါ။ ကိုယ့်အတွက်ဆို ဦးဇင်းပြောခဲ့သလို မြန်မာပြည်မှာ အေးဆေးနေလို့ ရပါပြီ။ ဒါပေမဲ့ ပြည်ပထွက် ပညာသင်ရခြင်းဟာ နိုင်ငံခြားသားတွေရဲ့ အတွေးအခေါ်ပညာတွေ လိုချင်တာရယ်၊ ကမ္ဘာသုံးဖြစ်တဲ့ ဘာသာစကားကို ကျွမ်းကျင်စွာနဲ့ နိုင်ငံခြားသားများကို ပြောနိုင်ချင်တာရယ်ကြောင့်ပါ။

Saturday, October 29, 2011

ဘာဖြစ်လို့များ ပြည်ပကို ထွက်လာရတာလဲ

ဦးဇင်းနေတဲ့ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ International Buddhism Centre ကျောင်းမှာ မနေ့ညက အိန္ဒိယဘုန်းကြီးတစ်ပါးရောက်လာတာနဲ့ စကားဝိုင်းပြောဖြစ်ကြတယ်။ ကျောင်းနာမည်ကလည်း အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓစင်တာဆိုတော့ နိုင်ငံခြားသားသံဃာများက ဒီကျောင်းကို လာတည်းကြတာ များတယ်ထင်ပါတယ်။ ခု စကားပြောဖြစ်တဲ့ သံဃာတွေက သီရိလင်္ကာ၊ ကမ္ဗောဒီယား၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာဦးဇင်းနဲ့ ငါးပါးစုပေါင်းပြောဖြစ်ကြတယ်။ လူမျိုးငါးမျိုး၊ စကားငါးမျိုးကို ပေါင်းစည်းပေးနိုင်တာက ကမ္ဘာသုံးစကားဖြစ်နေတဲ့ အင်္ဂလိပ်ပေါ့။ လူချင်း၊ စကားချင်းသာမတူတာပါ။ ဒါပေမဲ့ မြတ်ဗုဒ္ဓသားတော်တွေအဖြစ်က တူနေကြတော့ စိတ်နေစိတ်ထားတွေကတော့ အားလုံးအတူတူပါပဲ။ ခင်မင်ရင်းနှီးစွာနဲ့ ပြောဆိုဆက်ဆံကြပါတယ်။

Thursday, October 27, 2011

ဘ၀ကို ဆုတောင်းယူလို့ ရပါသလား

ဆုတောင်းယူပြီးရတဲ့ ဘဝတွေနဲ့ ကံစီမံရာ ကျရတဲ့ဘဝတွေ ဘယ်လိုခြားနားကြောင်း ရှင်းပြပေးတော်မူပါ ဘုရား။ ဘယ်လိုသူမျိုးတွေဟာ ကံစီမံရာ(သုဂတိ၊ဒုဂတိ)ကျကြ၍ ဘယ်လိုသူမျိုးတွေဟာ မိမိအလိုရှိရာ ဘဝကို ဆုတောင်းရယူနိုင်ကြပါသလဲဘုရား။ ဗဟုသုတအလို့ငှာ သိလို၍ မေးလျှောက်ပါသည်ဘုရား။ ဘဝတဏှာကို ရှေ့တန်းတင်၍ မေးလျှောက်သည်ဟု မှတ်ယူတော် မမူပါနှင့်ဘုရား။ ကျေးဇူးတင်ပါတယ် အရှင်ဘုရား။

သန်းထိုက်ထွန်း(ဖိုးချို) စင်္ကာပူ။ ၂၅၊ ၁၀၊ ၂၀၁၁။

Wednesday, October 26, 2011

သိချင်တော့လည်း ဖြေပေးလိုက်ပါတယ်

အရှင်ဘုရားတပည့်တော်သိလိုသည်မှာ နောင်ပွင့်မည့်ဘုရားရှင် အရိမေတ္တယျဘုရား အကြောင်းပါဘုရား။ အန္တရကပ်(၆၄)ကပ် တစ်ကမ္ဘာမှာ မည်သည့်အပိုင်းအခြားမှာ ပွင့်တော်မူမှာပါလဲဘုရား။ ဒီအပြင် ခုကမ္ဘာမှာ အန္တရကပ်ဘယ်နှစ်ကပ် ကုန်ဆုံးပြီး ဘယ်နှစ်ကပ်မြောက်ကို ရောက်ရှိနေပါပြီလဲဘုရား။ ရိုသေစွာဖြင့် လက်အုပ်ချီမိုးရှိခိုးလျက်။
ရဲသူရစိုး၊ ရုရှား

Tuesday, October 25, 2011

သိုက်အကြောင်း သိကောင်းစရာ

အရှင်ဘုရား ကျန်းမာပါရဲ့လားဘုရား။ တပည့်တော်အား မရှင်းလင်းတဲ့မေးခွန်းများ၊ ပြဿနာ များအား မေးလျှောက်ခွင့်ပြုပါဘုရား။ သိုက်နှင့်ပတ်သတ်ပြီး တပည့်တော် သိချင်ပါတယ်ဘုရား။ များသောအားဖြင့်လူတွေက သိုက်မှာနေတယ်တို့၊ သိုက်ကလာတယ်တို့၊ သိုက်ကစောင့်ရှောက်တယ်လို့ ယုံကြည်နေကြတာတွေရှိပါတယ်ဘုရား။ တကယ်တော့ သိုက်ဆိုတာ အစွဲတွေကြောင့် မကျွတ်မလွတ် ဘဲဖြစ်နေတဲ့ ဝေမာနိကပြိတ္တတွေပဲလို့ တပည့်တော် နားလည်ထားပါတယ်ဘုရား။ အဲဒါကို လူတွေဘာကြောင့် ပူဇော်ပသကိုးကွယ် နေကြတာလဲဘုရား။

(တပည့်တော်နဲ့ညီမလေးတစ်ယောက်လိုခင်တဲ့ သူငယ်ချင်းတစ်ယောက်ကဆိုရင်) သူ့အမလိုခင်တဲ့ သူတစ်ယောက်က သိုက်ကလာတယ်၊ သူမွေးတော့လည်း စီးပွားတွေတတ်လာတယ်။ အစစအရာရာ အဆင်ပြေလာတယ်လို့ပြောပါတယ်ဘုရား။ နောက်ပြီး သူသေသွားတော့ သိုက်မှာပြန်သွားဖြစ်တယ်။ သူ့ကိုလည်း စောင့်ရှောက်တယ်လို့ပြောပါတယ်ဘုရား။ သူ့မွေးနေ့ရောက်ရင် အမွှေးနံတွေပေးလေ့ရှိတယ်၊ အိပ်မက်ပေးလေ့ရှိတယ်လို့ပြောပါတယ်ဘုရား။ အဲဒီအတွက် တပည့်တော်တို့ နားလည်သိရှိအောင် ရှင်းပြပေးပါဘုရား။
နေမင်းဝေ၊ ဂျပန်၊ အပြုံးပန်းဈေးခင်းဆိုဒ်

ဓမ္မမှတ်စု အပိုင်း(၄)

ဒေါသဖြစ်ခြင်းဟာ သူတစ်ပါးရဲ့အပြစ်ကို ကိုယ့်အပြစ်ဖြစ်အောင် လုပ်ယူခြင်းပါ။ ပုထုဇဉ်မှန်သမျှ ဒေါသနဲ့ မကင်းကြပါ။ ဒါပေမဲ့ ဒေါသကို ရုန်းကန်မထွက်အောင် ထိန်းသိမ်းမှ ကိုယ့်မှာအမှားနည်းပြီး အကျိုးများမှာပါ။ ဒေါသမှာ ချမ်းသာမှုမရှိဘဲ မေတ္တာမှာသာ ချမ်းသာခြင်း ရှိပါတယ်။ ကိုယ့်အတွက်ရော အများအတွက်ပါ ချမ်းသာခြင်းရချင်တယ်ဆိုရင် ဒေါသနဲ့မရင်းနှီးဘဲ မေတ္တာနဲ့ရင်းနှီးရမယ်။

Hatred (Dosa) makes one have the fault of others to be of oneself. All worldly persons could not stay without hatred. However, it will be beneficial and faultless if one can control the hatred not to go beyond. There is no happiness in the hatred. There is happiess in loving-kindness (Metta). So, if one wants happiness, one has to invest Metta but not hatred.

Monday, October 24, 2011

စုန်းကဝေအကြောင်း သိကောင်းစရာ

စုန်းကဝေနဲ့ပတ်သတ်ပြီး ယုံကြည်ရခက်နေတယ်။ ရှိမရှိကို သိချင်တယ်ဆိုပြီး ဦးဇင်းကို ပို့စ်တင်ပေးပါရန် တောင်းဆိုလာကြတဲ့အတွက် ဦးဇင်းလေ့လာမိသလောက်လေးကို မိမိအချိန်ထဲကနေ အများအတွက် ရေးသားတင်ပြပေးလိုက်တာပါ။

Sunday, October 23, 2011

အရက်တိုက်ဖို့ တောင်းဆိုရင် လှူသင့်ပါသလား

အမေး။ ။ အရက်ကြိုက်တဲ့ မိတ်ဆွေတွေက အရက်တိုက်ဖို့တောင်းဆိုရင် လှူသင့်ပါသလားဘုရား။ တပည့်တော် ထိုင်းနိုင်ငံရောက်စဉ် မိတ်ဆွေတစ်ယောက် အရက်ကြမ်းကို ပဲကြီးလှော် အနည်းငယ်နဲ့မြည်းပြီး သောက်နေ တာ တွေ့ခဲ့ရပါတယ်။ သောက်တဲ့အရက်ကလဲ ဈေးညံ့တဲ့ အရက်ကြမ်း အရက်ပြင်း၊ အစာမည်မည်ရရလဲ မခံဘဲ ပဲလှော်စေ့ လေးငါးစေ့နဲ့ သောက်နေတော့ အစာအိမ် ထိခိုက်မှာစိုးလို့ စားစရာဝယ်ကျွေးမိရင် အပြစ်ဖြစ်ပါသလားဘုရား။

ဓမ္မမှတ်စု အပိုင်း(၃)

ကျောက်ခဲသည် သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ရေထဲပစ်ချလျှင် နစ်မြုပ်တတ်သကဲ့သို့ အကုသိုလ်ကံသည်လည်း သေးသေးဖြစ်စေ၊ ကြီးကြီဖြစ်စေ ပြုလုပ်သူအား အပါယ်သို့ ဆွဲချတတ်သည်သာ ဖြစ်သည်။ ထို့ကြောင့် သူတစ်ပါး သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ မကောင်းမှုမှန်သမျှကို မပြုလုပ်သင့်ပေ။ (မေတ္တာရှင်-ရွှေပြည်သာ)

Stone small or big happens to sink in the water, so also demeritorious deed small or big pulls the one who acts it to the woeful states. Therefore, one should not do all evil actions known or unknown. (Mettāshin-Shwepyithar)

ဓမ္မမှတ်စု အပိုင်း(၂)


လောက၌ အဆန်းကြယ်ဆုံးသောအရာသည် စိတ်ကူးဖြစ်သည်။ ထိုစိတ်ကူးထက် ပို၍ဆန်းကြယ်သော အရာသည်ကား ကံတရားဖြစ်သည်။

In this world, the most wonderful thing is intention. More than it’s Kamma.

Saturday, October 22, 2011

ဂျာနယ်ပါဆောင်းပါးဖြစ်တဲ့ မသိတော့လည်း အဟုတ်မှတ်နေတယ် အပိုင်း(၂)

ရုပ်နာမ်တို့ရဲ့ သဘောသဘာဝကို အမှန်အတိုင်း မသိမြင်သေးတဲ့အခါကျတော့ အကောင်း ကြိုက်တဲ့လူတွေဟာ အကောင်းမဟုတ်တဲ့၊ ဘာမှအနှစ်သာရမရှိတဲ့အရာတွေကို အဟုတ်ထင်ပြီး စွဲလမ်းမှု၊ နှစ်သက်မှုတွေဖြစ်ကာ သတ်ဖြတ်လုယက်အနိုင်ကျင့်မှုစတဲ့ မကောင်းမှုတွေကို လုပ်နေကြတာပါ။ တကယ်ဆို လူဆိုတာ အကောင်းကြိုက်တတ်တဲ့ သတ္တ၀ါပါ။ ဒါပေမဲ့ အကောင်းဆိုတာ ဘာလဲလို့သေချာမသိသေးတော့ မကောင်းတာကိုပဲ အကောင်းထင်ပြီး လမ်းမှားကြိုက်နှစ်သက်မိနေကြတာပါ။ ဒါဟာဘာဖြစ်လို့လဲဆိုတော့ မိမိတို့သန္တာန်မှာ ကိလေသာသောင်းကျန်းမှုတွေ အမြဲဖြစ်နေပြီး နိဗ္ဗာန်ချမ်းသာရဲ့ အစအန ချမ်းသာ သဘောလေးကိုမျှ ခံစားဖူးအောင် ၀ိပဿနာဉာဏ် မလုပ်ဖူးကြလို့ပါ။ လောကမှာရှိတဲ့ တကယ် အကောင်းဆုံးအရာဟာ ဘာလဲဆိုရင် နိဗ္ဗာန်ချမ်းသာဖြစ်တယ်ဆိုတာကို ၀ိပဿနာဉာဏ်ရှိသူတိုင်း သိကြပါတယ်။

Friday, October 21, 2011

ဂျာနယ်ဆောင်းပါးဖြစ်တဲ့ မသိတော့လည်း အဟုတ်မှတ်နေတယ် အပိုင်း(၁)

ကမ္ဘာမှာပေါ်မှာ ကျင်လည်ကျက်စားနေကြတဲ့ သတ္တ၀ါအသီးသီးဟာ မိမိတို့ အမှန်တရားကို မသိသေးတဲ့အခါကျတော့ အမှားတွေကိုပဲ အဟုတ်မှတ်နေပြီး အဲဒီအမှားတွေ ပြုလုပ်ကျင်လည် ကျက်စားနေရတာကိုပဲ ကျေနပ်နေကြတယ်။ ဘယ်ဟာက အမှန်အမှားဆိုတာကို ခွဲခြားဝေဖန် နိုင်စွမ်း မရှိသေးရင် မိမိမှန်တယ်ထင်တဲ့အရာကို အထင်ကြီး အဟုတ်မှတ်ကြတာ ဓမ္မတာပါပဲ။ မိမိတို့ကျင်လည်ခဲ့ရတဲ့ ဘ၀များစွာကလည်း အမှန်တကယ်တည်ရှိတဲ့အရာများကို ခွဲခြားဝေဖန် သိမြင်နိုင်အောင် မလုပ်နိုင်ခဲ့ကြတော့ ယခုဘ၀မှာလည်း မသိမြင်ဘဲ ဖြစ်နေကြတာပါ။ အဲဒါကြောင့် ဒီဘ၀မှာတော့ လောကရှိအမှန်တရားကို သိမြင်အောင်လုပ်ပြီး မဟုတ်တဲ့အရာတွေကို အဟုတ် မှတ်ခြင်းမှ ကင်းဝေးအောင်လုပ်ဖို့ လိုနေပါပြီ။

Thursday, October 20, 2011

ဓမ္မမှတ်စု အပိုင်း(၁)


ဤလောက၌ ရန်ပြုသူကို ရန်ပြန်တုန့်ပြန်ခြင်းဖြင့် ရန်ငြိမ်းသွားသည်ဟု တစ်ကြိမ်တစ်ခါမှ မရှိခဲ့ဘူးပေ။ ရန်မတုန့်ပြန်မှသာ ရန်ငြိမ်းသွားလေသည်။ ဤကား ရှေးအစဉ်အလာဖြစ်သော သဘောတရားဖြစ်ပေသည်။ (ဓမ္မပဒ၊ ယမက၀ဂ်)

Hated is, indeed, never appeased by hatred in this world. It is appeased only by loving-kindness. This is an ancient law. (Dhammapada-Yamakavagga)

တွေးမိတွေးရာ အပိုင်း(၃)

ဦးဇင်းမနေ့က ကေလနိယတက္ကသိုလ်သွားပြီး ဒေါက်တာအကြိုတန်းဖြစ်တဲ့ M.phil ကျမ်းတင်ရန်အတွက် The analyses of the universal characteristic of preserving five precepts. Buddhist social aspect: A Study of its Origin and Development in Relation to the Sutta and Vinaya Pitakas. A study of Buddhist attitude of social aspects and their philosophyဆိုတဲ့ ခေါင်းစဉ်(၃)ခုကို ပါမောက္ခဆရာအား မိမိရေးချင်တဲ့ခေါင်းစဉ် ရမရကို သွားရောက်ဆွေးနွေးခဲ့ပါတယ်။

Wednesday, October 19, 2011

တွေးမိတွေးရာ အပိုင်း(၂)

တစ်နေ့က စင်္ကာပူနိုင်ငံမှာ ဖွဲ့စည်းထားတဲ့ ဒါနသီရိလင်္ကာအသင်းကနေ သီရိလင်္ကာရောက်မြန်မာ သံဃာပေါင်း(၃၀၀)နီးပါးအတွက် တစ်ပါးလျှင် ကော်ဖီမစ်ထုတ်(၄၀)ပါ တစ်ပါကင်စီ လှူဒါန်းလိုက်ပါတယ်။ ဒါကို နာယကဆရာတော်ကနေ သီရိလင်္ကာနိုင်ငံ နေရာအသီးသီးသို့ နေထိုင်သီတင်းသုံးတော်မူနေတဲ့ သံဃာအားလုံးအား မေးလ်ကနေ ကော်ဖီမစ်အလှူခံကြွ ပင့်လျှောက်သလို ဖုန်းနဲ့လည်း အလှူခံကြွဖို့ ရာ လျှောက်ကြပါတယ်။

Tuesday, October 18, 2011

မြတ်ဗုဒ္ဓစကားသုံးနှုန်းမှုနဲ့ပတ်သတ်၍

အမေး။ ။ မြတ်စွာဘုရား စကားတော်တွေကို ပြန်ပြောပြတဲ့နေရာမှာ “ မင်း၊ ငါ၊ ကွ”ဆိုတဲ့ အသုံးအနှုန်းတွေကို မိုးကုတ်ဆရာတော်ကြီး သုံးနှုန်းထားတာ ဖတ်ရပါတယ်ဘုရား။ မြတ်စွာဘုရားဟာ ဒီလို မသုံးနှုန်းဘူးထင်ပြီး တပည့်တော်စိတ်ထဲ မအီမသာ ဖြစ်မိပါတယ်။ စာစကားကို ရွာနားအရောက်ပို့မယ်ဆိုတဲ့ စေတနာနဲ့ဆိုတော့ သုံးလို့ရပါသလားဘုရား။

ဒုဿစေတီနဲ့ပတ်သတ်၍

အမေး။ ။ ဗြဟ္မာ့ပြည်က ဒုဿစေတီအကြောင်းကို သိချင်ပါတယ်ဘုရား၊ စာထဲတွေ့ရတာက ၀တ်လဲပုဆိုး ဋ္ဌာပနာတယ်ဆိုတာပဲ တွေ့ရပါတယ်၊ တခြားဘာပစ္စည်းများ ဋ္ဌာပနာသေးပါသလဲဆိုတာ သိချင်ပါတယ်ဘုရား။

စူဠာမဏိစေတီတော်နဲ့ပတ်သတ်၍

အမေး။ ။ အရှင်ဘုရား နတ်ပြည်တွင်တည်ထားသော စူဠာမဏိစေတီတော် တည်ရာတွင် သုံးသောပစ္စည်းများနှင့် နတ်တစ်ယောက်ရဲ့အရပ်က သုံးဂါဝုတ်ဆိုတော့ စေတီကရော ဘယ်လောက်မြင့်သလဲဆိုတာ သိချင်ပါတယ်ဘုရား။

Monday, October 17, 2011

မေထုန်အမှုဟာ ကာမရာဂနူနာကို မီးကင်တာလား

အမေး။ ။ ဘုရားတပည့်တော် ရိုသေမြတ်နိုး လက်စုံမိုးလျက် ရှိခိုးလျှောက်တင်အပ်ပါတယ် အရှင်ဘုရား။ တရားဝင် မိန်းမနှင့် ဆက်ဆံတဲ့ မေထုန်ကို ပါဠိတော်၌ မြင့်မြတ်တယ်၊ နိမ့်ကျတယ် လို့ သတ်မှတ်ချက် ရှိပါသလား အရှင်ဘုရား။ မြင့်မြတ်သည်လည်းမဟုတ်၊ နိမ့်ကျသည်လည်း မဟုတ်ဘဲ ကာမရာဂကို မပယ်သတ်နိုင်သေးတာမို့ ကာမရာဂနူနာကို မီးကင်တဲ့သဘောပါလား အရှင်ဘုရား။

ရိုသေမြတ်နိုး လက်စုံမိုးလျှက် လေးစားစွာဖြင့်

ဝင်းမြင့်, ခေတ္တ ရုရှားနိုင်ငံ

Sunday, October 16, 2011

တွေးမိတွေးရာလေးပါ



ဦးဇင်း သီရိလင်္ကာနိုင်ငံတွင် နေထိုင်တဲ့ကျောင်းမှာ ဘင်္ဂလားဒေ့ရှ်တစ်ပါး၊ ကမ္ဗောဒီယားတစ်ပါး၊ သီရိလင်္ကာ(၂)ပါး အားလုံးပေါင်း (၅)ပါးနေကြတယ်။ ဒီနေ့(16.10.2011) မှာ ကမ္ဗောဒီယားဦးဇင်းတစ်ပါးက သူစပွန်ဆာအလှူရှင်တွေကနေ ဆွမ်းကပ်လှူဒါန်းခိုင်းလို့ဆိုပြီး ကျောင်းရှိသံဃာနှင့်သူတို့ ကမ္ဗောဒီယားသံဃာတွေကို ဦးဇင်းနေတဲ့ ကုလားကျောင်းမှာ နေ့ဆွမ်းကပ်လှူပါတယ်။ ဒါပြင် တစ်ပါးကို ၀တ္ထုငွေရူပီး(၁၀၀၀) မြန်မာငွေဆိုတစ်သောင်းပေါ့။ အဲဒီလည်း လှူဒါန်းပါတယ်။

အိပ်မက်အကြောင်း သိကောင်းစရာ

အမေး။ ။ မြတ်စွာဘုရား ဖွားတော်မူခန်း ဗုဒ္ဓင်ပြခန်းကို အိမ်မှာ ဘုရားခန်းအဖြစ်ဆောက်ပြီး ပူဇော်ရတယ်။ ဓမ္မစကြာတရားဟောနေတဲ့ ဘုရားရုပ်ပွားတော် ရွှေဆင်းတုတော်က ညာလက်ထဲ သူ့အလိုလို ရောက်လာတယ် အိပ်မက်မက်ပြီးတည်းက အဲဒါကို တအားသိချင်နေတာ အဖြေပေးတော်မူပါဘုရား။
ခွန်မြလှိုင်
ထိုင်းနိုင်ငံ

ဂန္ဓာရတိုင်းရဲ့နေရာမှန်

အမေး။ ။ အရှင်ဘုရား ဂန္ဓာရတိုင်းဆိုတာ ဘယ်နေရာကို ခေါ်တာလဲ၊ သိချင်ပါတယ်ဘုရား၊ ကျေးဇူးပြုပြီး အဖြေပေးတော်မူပါဘုရား။

ဒေါက်တာ ဦးတင့်

Mansfield, England

Saturday, October 15, 2011

ဃဋိကာရအကြောင်း

အမေး။ ။ အရှင်ဘုရား ဃဋိကာရ ဗြဟ္မာကြီးအကြောင်း သိလိုပါတယ်။ ဖြေကြားပေးစေလိုပါတယ်ဘုရား။

ပါရမီဖြည့် ကျွတ်တမ်းဝင်သင်္ချေယျတို့ကို သိချင်တယ်

အမေး။ ။ (၁)ပညာဓိကာရ၊ သဒ္ဓါဓိကာရ၊ ၀ီရိယဓိကာရ ဘုရားအမျိုးအစားသုံးမျိုးကို ရှင်းပြပေးပါဘုရား။ (၂)ဘာကြောင့် ပါရမီဖြည့်ကျင့်ရသည့်ကာလ ကွာခြားမှုရှိရပါလဲ၊ တခြားမည်သည့်အချက်တွေမှာ ကွဲပြားခြားနားမှု ရှိသလဲ၊ ဖြေရှင်းပေးပါဘုရား။ (၃)ဘုရားတစ်ဆူနှင့်တစ်ဆူ သာသနာတွင် ကျွတ်လွတ်သည့် သတ္တ၀ါအရေအတွက် ကွာခြားသည်ဟုလည်း ကြားဖူးပါတယ်။ မှန်မမှန် ဖြေရှင်းပေးတောမူပါဘုရား။ (၄)လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း ပါရမီဖြည့်ရာတွင် တစ်သင်္ချေတွင် ကမ္ဘာပေါင်းမည်မျှ ရှိပါသလဲ(သို့) တစ်သင်္ချေဆိုသည်မှာ မည်မျှကြာညောင်းပါသလဲဆိုသည်ကို ဖြေကြားပေးတော်မူပါဘုရား။

မင်းထက်ဝင်း

Moscow Power Engineering Institute (MPEI)

သမ္ဖပလာပ မြောက်/မမြောက်

အမေး။ ။ တပည့်တော် သမပ္ဖလာပ၀ါစာကို သိမ်ဖျင်းယုတ်ညံ့သောစကား၊ တချို့နေရာမှာလဲ အဆံမပါသော စကားလို့ ဖတ်ရပါတယ်။ ဘာကို သိမ်ဖျင်းတယ် ပြောရမလဲ သိလိုပါတယ်ဘုရား။ ရာမအီနောင်စတဲ့ ပုံဝတ္ထုပြောခြင်းဟာ သမဖ္ဖလာပ၀ါစာ မြောက်တယ်ဆိုရင် တပည့်တော်တို့ စာရေးသူတွေ စာရေးတာရော သမ္ဖပ္ပလာပ၀ါစာ ဖြစ်ပါသလားဘုရား။ တပည့်တော်တို့ ၀တ္ထုရေးရာမှာ စိတ်ကူးယဉ်ဇာတ်လမ်းများလဲ ရေးကြပါတယ်။ ဖြစ်ရပ်မှန်ကို အခြေတည်ပြီးရေးတာရှိသလို စိတ်ကူးယဉ်သက်သက်ဆိုရင်လဲ တကယ့်အဖြစ်မှန်လို့လဲ မလိမ်ပါ။ ဒါပေမယ့် ဒါဟာ အဆံမပါသောစကား မြောက်ပါသလားဘုရား။

Friday, October 14, 2011

ဒါလေးတော့ သိချင်တယ်

ဉာတကာနဉ္စ သင်္ဂဟနှင့်ဆန္ဒာဂတိအကြောင်းကို ရှင်းပြပေးစေချင်ပါတယ်ဘုရားဆိုပြီး C-boxထဲမှာ မေးထားတာတွေ့လို့ မိမိတက်သိနားလည်သလောက် ရှင်းပြပေးလိုက်ပါတယ်။

Thursday, October 13, 2011

သီတင်းကျွတ်ည ဆီးမီးတစ်ထောင်ပူဇော်ပွဲ အမှတ်တရ

ဆီးမီးပူဇော်ပြီး အမှတ်တရ
ဗောဓိညောင်ပင်ကို ၀ိုင်းရံထားသော အုတ်တံတိုင်းပေါ်တွင် ဆီးမီးပူဇော်ထားပုံ
သံဃာများစုပေါင်းပြီး ဆီးမီးပူဇော်စဉ်
ဆီးမီးလိုက်လံထွန်းနေစဉ်
မြတ်ဗုဒ္ဓအား ဆီးမီးဖြင့် မပူဇော်ခင် မိမိကိုယ်ကို စင်ကြယ်အောင် ဒေသနာကြားနေစဉ်
၁၃၇၃-ခု စာရေးပြီး ဆီးမီးဖြင့် ပူဇော်ထားပုံ
ဗောဓိညောင်ပင်အောက်တွင် ဆီးမီးပူဇော်စဉ်
မီးထွန်းပွဲ ၁၃၇၃-ဟု ဆီးမီးများဖြင့် စာရေးနေစဉ်
ဗောဓိညောင်ပင်အောက်တွင်း ကိုးကွယ်ထားသော မြတ်ဗုဒ္ဓဆင်တုတော်
Add Imageဆီးမီးတစ်ထောင်ပူဇော်နေစဉ်

သီတင်းကျွတ်လပြည့်၊ 12.10.2011 ရက်နေ့ သီရိလင်္ကာ မြန်မာကျောင်းတွင် မြတ်ဗုဒ္ဓ တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်ကြွလာသောအချိန်အခါသမယနေ့ဖြစ်သဖြင့် မြတ်ဗုဒ္ဓရဲ့ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို အာရုံပြုပြီး ရှိခိုးခြင်း၊ ဆီးမီးပူဇော်ခြင်း၊ ပရိတ်ရွတ်၊ မေတ္တာပို့၊ ဘုရားအနေကဇာတင်ခြင်း၊ အမျှဝေခြင်းများကို ပြုလုပ်ရာ၌ အမှတ်တရ ဓာတ်ပုံများ ဖြစ်ပါတယ်။ ဒီလို နေ့ထူးနေ့မြတ်မှာ ဆီးမီးလှူဒါန်းခြင်း ဒါန၊ မြတ်ဗုဒ္ဓ နတ်ပြည်မှ ပြန်ကြွလာသည်ကို အာရုံပြုပြီး ရှိခိုးပူဇော်ရသော ဗုဒ္ဓနုဿတိဘာဝနာ၊ ပရိတ်ရွတ်ဖတ်ခြင်း၊ ဘုရားအနေကဇာတင်ခြင်းဟူသော ဓမ္မဒေသနာ၊ မေတ္တာပို့ခြင်းဟူသော မေတ္တာဘာဝနာ၊ မိဘ၊ ဆရာသမား၊ မိမိအား လှူဒါန်းသူများ၊ ကျွမ်းဝင်သိရှိသူများမှအစ သုံးဆယ့်တစ်ဘုံသားတို့အား အမျှဝေပေးသော ပတ္တိဒါန၊ ယနေ့အခါသမယမှာ မြန်မာပြည်က ကောင်းမှုလုပ်သူများအားလုံး၏ ကောင်းမှု ကုသိုလ်များကို အာရုံပြုပြီး သာဓုခေါ်ဆိုရသော ပတ္တာနုမောဒနကုသိုလ်များကြောင့် ဦးဇင်း ဒီနေ့အလွန်အင်မတန်ပျော်ရွှင်၍ အလွန်အင်မတန်များစွာသော ကောင်းမှုများလည်း ရရှိခဲ့ပါသည်။ ဦးဇင်းရရှိခဲ့သော ကောင်းမှုများအားလုံးကို အားလုံးအား အမျှဝေပါတယ်။ အားလုံး အမျှရကြ၍ ကိုယ်စိတ်နှစ်ပါးချမ်းသာ လိုရာဆန္ဒပြည့်ဝကာ မိမိတို့ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို လျင်မြန်စွာရောက်အောင် အားထုတ်နိုင်ကြပါစေလို့ ဆန္ဒပြုမေတ္တာပို့သလျက်.............။

Wednesday, October 12, 2011

ဖြစ်စေချင်သော အကြောင်းအရာလေး

စာရေးသူ 10.10.2011 ရက်နေ့က သီရိလင်္ကာနေထိုင်ခွင့်ဗီဇာကုန်နေလို့ သက်တမ်းတိုးရန် သီရိလင်္ကာသာသနာရေးရုံးကို ထောက်ခံစာယူဖို့ သွားခဲ့ပါတယ်။ သာသနာရေးရုံးရောက်တော့ စာရေးသူတို့အရင် ရောက်နေကြတဲ့ ရှေ့ကတန်းစီးနေကြတဲ့ လူအားလုံးဟာ စာရေးသူတို့အား ဖယ်ပေးကာ ရှေးဆုံးကနေ နေရာပေးကြပါတယ်။ စာရေးသူလည်း အတော်လေးကို အံ့သြသွားမိတယ်။ အော်-ဘယ်သူမဆို ရုံးကိစ္စလာလုပ်ကြတဲ့အခါ အရင်ပြီးအောင်လို့ အရင်စောစောရောက်အောင် တကူးတကပင်းပန်းခံပြီး အစောကြီးနေရာဦးကြတာပဲ။ ဒါပေမဲ့ ဒီနိုင်ငံကလူတွေက သံဃာတွေကို အတော်လေး ဦးစားပေးကြပါလား၊ သံဃာတွေကို ရိုသေလေးစားမှုရှိကြပါလားလို့ မှတ်ချက်ချကာ သူတို့ရဲ့ လုပ်ရပ်များကို စာရေးသူရင်ထဲမှာ မှတ်တမ်းတင်မိခဲ့ပါတယ်။

Tuesday, October 11, 2011

ဒီတစ်ပတ် ဂျာနယ်ဆောင်းပါး အလိုလိုက်သည် ဆိုသည်မှာ



လူ့လောကတွင် ''အလိုလိုက်တယ်"ဆိုတဲ့ စကားလုံးကို သူသူငါငါ ပြောဆိုနေကြပါတယ်။ အဲဒီလိုပြောဆိုနေကြပေမဲ့ အလိုလိုက်တာနဲ့ အလိုက်သိတာ ဘယ်ဟာကို ကျင့်သုံးသင့်သလဲ ဆိုတာကိုတော့ သေချာမသိကြတာက များပါတယ်။ ''အလိုလိုက်တယ်"ဆိုတဲ့ စကားလုံးဟာ ''အလိုက်သိတယ်"စကားလုံးနဲ့ စာသားချင်းဆင်ပေမဲ့ အဓိပ္ပါယ်ချင်း မတူညီပါ။ အလိုလိုက်တယ် ဆိုတဲ့စကားကို မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်၊ လင်နှင့်မယား စသူတို့ကြားတွင် သုံးနှုန်း နေကြပါတယ်။ ဒါပေမဲ့ အလိုလိုက်ရမလား၊ အလိုက်သိရမလား။ ဘယ်ဟာကို လိုက်နာကျင့်သုံး ရမလဲဆိုတာကိုတော့ မသိကြပေ။

Monday, October 10, 2011

ဇော(၇)ကြိမ်လား၊ (၃)ကြိမ်လား

အမေး။ ။ ဇော(၇)တန်တော့ တပည့်တော်သိတယ်။ ဇော(၃)တန်ဆိုတာ ရှိသေးလားဘုရား။ တစ်ယောက်က မေးနေလို့ပါဘုရား။

ဦးတင့်။ (အင်္ဂလန်)

ရောဂါကြောင့် တရားရှုမှတ်နိုင်ပါ့မလား

အမေး။ ။ ဆရာတော်ဘုရား တပည့်တော်နဲ့ခင်မင်းရင်းနီးတဲ့ သူငယ်ချင်းတစ်ဦးဟာ သူ့မှာ ADHD ရောဂါရှိတယ်လို့ ပြောပါတယ်၊ ဘာရောဂါလည်းဆိုတာကို အင်တာနက်မှာ ရှာဖွေဖတ်ကြည့်တော့ စိတ်အာရုံ ကြာကြာမစိုက်နိုင်တဲ့ ရောဂါလို့ဆိုပါတယ်ဘုရား။ တပည့်တော်က ဒါဟာ စိတ်နဲ့ဆိုင်တာဆိုရင် အနောက်တိုင်းဆေးထက် တရားဓမ္မက အစွမ်းထက်မယ် ထင်ပါတယ်။ ခက်တာက သူကအာရုံမစိုက်နိုင်သူဆိုတော့ တရားထိုင်ဖို့ခက်လိမ့်မယ်ထင်ပါတယ်။ ဒီပြဿနာနဲ့ ပတ်သက်ပြီး ကာယကံရှင်လူနာအတွက် ဖြေရှင်းပေးတော်မူပါဘုရား။

မြကြာဖြူ
ဘန်ကောက်

အသားကြီး(၁၀)မျိုးကို ဘာ့ကြောင့်တားမြစ်လဲ

အမေး။ ။ ရိုသေစွာဦးတင်လျှောက်ထားအပ်ပါတယ်ဘုရား။ အရှင်ဘုရားရဲ့ သန်းခေါင်ယံ အမေးအဖြေများမှ မြတ်စွာဘုရား တားမြစ်ထားတဲ့ အသားကြီး (၁၀)မျိုးအကြောင်းကို အကြောင်းအကျိုးပြ ရှင်းလင်းပေးပါရန် တောင်းပန်အပ်ပါတယ်ဘုရား။

ရဲနိုင်ထွန်း
နေရပ်မသိ

Sunday, October 9, 2011

သူတို့ပြောတော့လည်း ဟုတ်နေတာပဲ

ဦးဇင်းတို့ သီရိလင်္ကာမှာ တွေ့ကြုံရတဲ့ အခြေအနေတစ်ခုကို တင်ပြပေးချင်ပါတယ်။ ဦးဇင်းတို့ နေထိုင်နေတဲ့ သီရိလင်္ကာနိုင်ငံလူမျိုးတွေဟာ များသောအားဖြင့် အင်္ဂလိပ်စကားကို ထမင်းစား၊ ရေသောက်နေ့စဉ်သုံးစကား လူတိုင်းနီးပါး ပြောတတ်ကြတာ တွေ့ရပါတယ်။ ဒီနိုင်ငံကလူတွေ အင်္ဂလိပ်စကားကို သင်ယူစရာမလိုဘဲ အများသူငှာနားလည်အောင် ဘာလိုများ ပြောတတ်သလဲလို့ လေ့လာစဉ်းစားကြည့်တဲ့အခါ ဒီနိုင်ငံမှာ တခြားနိုင်ငံခြားသားများ နေ့စဉ်လိုလိုလာရောက်သူများရှိသလို နေထိုင်ကြတဲ့လူတွေလည်း ရှိပါတယ်။ အဲဒီတော့ သူတို့လူမျိုးများဟာ အနည်းနဲ့အများ အင်္ဂလိပ်စကားကို ပြောဆိုနေရတဲ့အတွက် ပြောရင်းဆိုရင်း တတ်သွားကြတယ်လို့ ထင်ပါတယ်။

Saturday, October 8, 2011

သာသနာပွဲဟာ ဘုရားဟောလား

အမေး။ ။ နံနက်စောစောတွင် E-mail inbox ထဲ အီးမေးလ် စစ်ကြည့်ရာ ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ University တစ်ခုမှာ ပညာသင်ကြားနေတဲ့ မောင်ကျော်ဇင်လတ်ထံမှ အီးမေးလ်ဖြစ်ပြီး၊ ဖွင့်ကြည့်ရာ မေးခွန်းသုံးခုမေးထားတာတွေ့ရပါတယ်။ ထိုမေးခွန်းများကို မေတ္တာရှေ့ထား၍ ဖြေကြားပေးစေ လိုကြောင်း လျှောက်ထားလာပါတယ်။ ပထမမေးခွန်းက ဘုန်းဘုန်းဘုရား တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါတယ်ဘုရား။ မြန်မာနိုင်ငံအ၀ှမ်းရှိ ဗုဒ္ဓဘာသာအိမ် တော်တော်များများမှာ သာသနာပွဲဆိုပြီး တင်လှူတာတွေ ရှိပါတယ်။ ထိုသာသနာပွဲတင်ခြင်းအမှုဟာ ဘယ်အချိန်က စတင်ခဲ့ပြီး၊ ဘုရားဟောတဲ့ ဒေသနာနဲ့ ကိုက်ညီမှု ရှိ/မရှိ သိပါရစေဘုရား။

ကျော်ဇင်လတ်(သုခရိပ်)
MePhi University
Mosscow

နိဗ္ဗာန်ဟာ အနတ္တလား

မေး။ ဘုန်းဘုန်းဘုရား…ရူပံအနတ္တာ၊ ဝေဒနာ အနတ္တာ(ပ)စက္ခုဝိညာဏံ အနတ္တာ၊ သဗ္ဗေ ဓမ္မာအနတ္တာလို့ တပည့်တော် နာခဲ့ဖူးပါတယ်ဘုရား။ ထိုတရားများအနက် သဗ္ဗေ ဓမ္မာအနတ္တာမှာ နိဗ္ဗာန်မည်သို့ ပါဝင်တယ်ဆိုတာကို ရှင်းပြစေလိုပါတယ်ဘုရား။

မိဘနှင့်သစ္စာသိသူ

အမေး။ ။ သစ္စာသိအောင် ဟောပြောဆုံးမနိုင်တဲ့ ဆရာသမား (လူပုဂ္ဂိုလ်)နဲ့ သစ္စာတရား ကို ဟောပြောဆုံးမနိုင်စွမ်းမရှိတဲ့ မိဘနှစ်ပါးမှာ ဘယ်သူ့ကို ရှေ့တန်းတင် ဦးစားပေးသင့်ပါသလဲဘုရား။ တကယ်လို့ မိဘစကားနားမထောင်ဘဲ အဲဒီသစ္စာဟောပြနိုင်သူရဲ့ စကားပဲနားထောင်မယ်ဆိုရင် ဘယ်ကောင်းကျိုးဆိုးကျိုးတွေ ဖြစ်လာနိုင်ပါသလဲဘုရား။

မောင်ပြည့်စုံအောင်
S.M.T.University
စိန့်ပီတာစဘတ်မြို့ ရုရှားဖက်ဒရေးရှင်း

Friday, October 7, 2011

ဆန်နီနေမင်း ဒဿနများ စုစည်းမှု

ဒါလေးကတော့ စာရေးသူ ငယ်စဉ်က စုထားတာရော၊ ကိုယ်ပိုင်ရေးထားတာရော မှတ်စုလုပ်ထားတဲ့ ဒဿလေးတွေပါ။ ခုမှ ပြန်လည်သတိရတာနဲ့ မျှဝေပေးလိုက်ခြင်း ဖြစ်ပါတယ်။ အမှားပါရင်လည်း ထောက်ပြပေးကြပါနော်။ သိလို့ရေးတာတော့ မဟုတ်ဘူး။ မိမိအမှတ်တရ ကြိုက်နှစ်သက်တဲ့ ဒဿနအတွေးလေးတွေမို့ပါ။ အဓိကကတော့ အင်္ဂလိပ်လိုက ကိုယ်တိုင်ရမ်းပြန်ထားတာဆိုတော့ ဆရာကြီးမဟုတ်သေးလို့ မှားဖို့များပါတယ်။ အင်္ဂလိပ်စာက သင်လို့မကုန်နိုင်တဲ့ပညာရပ်ထဲမှာ သူလည်းပါတယ်လေ။ ဒါကြောင့် ခု ဦးဇင်း ကျမ်းရေးရတော့မှာဆိုတော့ အင်္ဂလိပ်စာ အားနည်းသေးလို့ အခက်တွေ့နေတာလေ။ ဒီဒဿနလေးများကို မိမိတို့ကိုယ်တိုင်လည်း လိုက်နာသင့်တာများကို လိုက်နာနိုင်အောင် ကြိုးစားကြပေါ့လေ။ ဒဿနများကတော့

Thursday, October 6, 2011

ဝဋ်ကြွေးကို ဘာ့ကြောင့်ဖြေဖျက်လို့ မရတာလဲ

အမေး။ ။ အင်္ဂုလိမာလဟာ လူပေါင်းထောင်ဂဏန်းအထိ သတ်လာခဲ့တဲ့ ပါဏာတိပါတကံကို ရဟန္တာဖြစ်တော့ သူ့ရဲ့ သီလ သမာဓိ ပညာက ထိုပါဏာတိပါတကံကို ချေဖျက်လိုက်တယ်လို့ ဖတ်ဖူးပါတယ်။ ဒါ့အပြင် ရောဟိဏီမင်းသမီးဟာ အတိတ်ကပြုခဲ့တဲ့ကံကြောင့် စွဲကပ်လာတဲ့ နူနာရောဂါကို အစ်ကိုတော်သူ အရှင်အနုရုဒ္ဓါက ခိုင်းတဲ့အတိုင်း ကုသိုလ်ပြုလုပ်တဲ့အတွက် ရောဟိဏီမင်းသမီး ဟာ နူနာရောဂါ ပျောက်သွားရတယ်လို့ ဖတ်ရပါတယ်ဘုရား။ တပည့်တော်သိချင်တာက ဘုရားလက်ထက်က ရဟန္တာတစ်ပါး လာဘ်လာဘချို့တဲ့စွာနဲ့ ပရိနိဗ္ဗာန်စံဝင်ခဲ့ရတယ်လို့ ဖတ်သိခဲ့ရပါတယ်။ အဲဒီရဟန်းရဲ့ အတိတ်က၀ဋ်ကြွေးကို ယခုနောက်ဆုံးဘ၀ ရဟန္တာဆိုတဲ့ သီလ သမာဓိ ပညာနဲ့ (အင်္ဂုလိမာလတို့လို) ဘာ့ကြောင့်များ မကယ်နိုင်တာပါလဲဘုရား။ သိချင်၍ အဖြေပေးတော်မူပါဘုရား။

မြကြာဖြူ
ဘန်ကောက်

ဝဋ်ကြွေးရှိရင် ဘယ်လိုလုပ်ရမလဲ

အမေး။ ။ အရင်ဘ၀က သူတစ်ပါးကို နှိပ်စက်ညှင်းဆဲမိတဲ့ ၀ဋ်ကြွေးရှိတယ်ဆိုရင် ဘယ်လို ကုသိုလ်တွေ ပြုသင့်ပါသလဲဘုရား။

မြကြာဖြူ
ဘန်ကောက်

သောတာပန်သေရင် လူပြန်ဖြစ်/မဖြစ်

အမေး။ ။ ဘုန်းဘုန်းဘုရား….. သောတာပန်ပုဂ္ဂိုလ်များသေလို့ လူ့ပြည်မှာ ပြန်ဖြစ်တတ်ပါသလား။ ပိဋကတ်စာပေမှာ သောတာပန်သေလို့ လူပြန်ဖြစ်တဲ့ သောတာပန်ဝတ္ထုများ ရှိပါသလား၊ ဖြေကြားပေးပါရန် တပည့်တော်ရိုသေစွာ လျှောက်ထားအပ်ပါတယ်ဘုရား။

ကျော်ဇင်လတ်(သုခရိပ်)

MePhi Universit, Mosscow

Wednesday, October 5, 2011

စိဉ္ဖမာဏ၀ိကာရဲ့အစွပ်အစွဲခံရခြင်းအကြောင်း

အမေး။ ။ ဆရာတော်ဘုရား…..စိဉ္ဇမာဏ၀ိကာအမျိုးသမီးဟာ မြတ်စွာဘုရားအား စွပ်စွဲရခြင်းရဲ့အတိတ်ဘ၀ ဇာတ်ကြောင်းများရှိရင် အားလုံးသိအောင် ဖြေကြားပေးစေလိုပါတယ်ဘုရား။

ဒေါက်တာ ဦးတင့်ဇင်ဦး

Mansfield,England

အာရုံပေါ်ခိုက် ခန္ဓာငါးပါး အစဉ်အတိုင်းဖြစ်/မဖြစ်

အမေး။ ။ အာရုံတစ်ခုပေးတိုင်းမှာ ခန္ဓာငါးပါးနှင့်ပတ်သက်ပြီး အာရုံပေါ်တာ အစီအစဉ်လိုက် ပေါ်ပါသလားဘုရား၊ ဥပမာ ရူပခန္ဓာ၊ ဝေဒနက္ခန္ဓာ ဒီလိုအစဉ်အတိုင်းဖြစ်တာပါလားဆိုတာကို အဖြေပေးတော်မူပါ အရှင်ဘုရား။

ကိုအောင်ကျော်နိုင်
7/15,Queenst,
Auburn,Sydiney
NSW,2144

ပညတ်နဲ့ ပရမတ်

အမေး။ ။ အရှင်ဘုရား….တပည့်တော် သဲအင်းဂူဆရာတော်ဘုရားကြီးရဲ့ တရားစီဒီခွေ နာယူနေပါတယ်ဘုရား။ တပည့်တော်မရှင်းတာရှိလို့ မေးခွင့်ပြုပါဘုရား။ ပညတ်နဲ့ပရမတ်ကို သဘောမပေါက်တဲ့အတွက် ရှင်းလင်းပေးတော်မူပါဘုရား။ အဖြေကိုလည်း အရှင်ဘုရားရဲ့ ၀က်ဆိုက်ပေါ်တင်ပေးတော်မူပါဘုရား။
မအိအိ
စင်္ကာပူ

Tuesday, October 4, 2011

အရှင်ဥပသေနအကြောင်း

အမေး။ ။ အရှင်ဥပသေန အကြောင်းကို သုတ္တန်လာနဲ့ ၀ိနည်းလာပါ အကြောင်းအရာများ ကို ပြည့်ပြည့်စုံစုံသိချင်တဲ့အတွက် ဖြေကြားပေးတော်မူပါဘုရား။

ဒေါက်တာ-တင့်ဇင်ဦး။ Mansfield, England

Monday, October 3, 2011

ဒီတစ်ပါတ်ဂျာနယ်မှာ ရေးသားပေးလိုက်တဲ့ သီလရှင်စတင်ဖြစ်ပေါ်လာပုံ

သီလရှင်စတင်ဖြစ်ပေါ်လာပုံ၊ သီလရှင်ထံမှ သီလယူလို့ရမရ၊ သီလရှင်အား မိဘများ၊ ယောက်ျားလေးများက ရှိခိုးသင့်လားစတဲ့ မေးခွန်းများကို ဦးဇင်းဆီ မကြာခဏ မေးခွန်းတွေ ရောက်လာပါတယ်။ ဒါကြောင့် သီလရှင်အကြောင်းနဲ့ပတ်သတ်ပြီး ဆရာရဝေထွန်း ရေးသား ထားတဲ့ ဘိက္ခုနီသာသနာနဲ့သီလရှင် သမိုင်းစာအုပ်ကို လေ့လာခဲ့ပါတယ်။ အဲဒီမှာဖော်ပြထားတာ က သီလရှင်တွေဟာ ဘိက္ခုနီသာသနာကွယ်ပြီး သာသနာနှစ်ကိုးရာကျော်၊ အေဒီသုံးရာစု ၀န်းကျင်လောက်မှာ သီလရှင်စတင်ဖြစ်ပေါ်လာတယ်လို့ မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။ ဘိက္ခုနီသာသနာဟာ သီဟိုဠ်ကျွန်းတွင် အေဒီသုံးရာစုဝန်း ကျင်မှာ နောက်ဆုံးတည်ရှိခဲ့ပြီး ကွယ်ပျောက်သွားခဲ့တယ်လို့ ဘိက္ခုနီသာသနာအကြောင်းရေးသားထားတဲ့ တရုတ်ရဟန်းတော် ဖာဟီယန်မှတ်တမ်းက ဆိုပါတယ်။

Sunday, October 2, 2011

လောကနီတိကျမ်းဟာ အားလုံးအမှန်တွေလား

အမေး။ ။ လောကနီတိမှာ လာတာတွေအားလုံးကို အမှန်ချည်းလို့ ယူဆလို့ရပါသလားဘုန်းဘုန်း။ ဥပမာ….လောကမှာ အတတ်သင်ခြင်း။ ဥစ္စာရှာခြင်း။ တောင်တက်ခြင်း။ ဒေါသထွက်ခြင်း။ ကာမဂုဏ်ကို အလိုရှိခြင်းတို့ကို ဖြည်းဖြည်းမှန်မှန်သာ ဆောင်ရွက်ရမယ်။ ဒါမျိုးလေးတွေကို ပြောတာပါ။ တပည့်တော်မသိတဲ့အတွက် သိသလောက် ရှင်းပြပေးတော်မူပါဘုရား။

ဖိုးသား။ စိန်ပီတာစဘတ်မြို့၊ ရုရှားဖက်ဒရေးရှင်း

ငါဘုရားကို ဘယ်အချိန်မှာ သတိရ

အမေး။ ။ မြတ်စွာဘုရားက “ချစ်သမီး…ဘယ်အချိန်တွေမှာ ငါဘုရားကို သတိမရတာလဲ”လို့ ၀ိသာခါကို မေးတယ်။ ဒီအခါ ၀ိသာခါက “ကျင်ကြီးကျင်ငယ် စွန့်တဲ့အချိန်နဲ့ မေထုန်အမှုပြုတဲ့အချိန်တွေမှာ သတိမရတတ်ပါဘုရား”လို့ ပြန်လျှောက်သတဲ့။ ဘုရားရှင်က “ကျင်ကြီးကျင်ငယ် စွန့်တဲ့အချိန်မှာ ငါဘုရားကိုသတိရရင် ကျန်းမာမယ်၊ မေထုန်အမှုပြုတဲ့အချိန်မှာ သတိရရင်တော့ သားကောင်းရတနာ၊ သမီးကောင်းရတနာ ထွန်းကားလိမ့်မယ်”လို့ မိန့်တော်မူပါတယ်ဆိုတာကို တစ်နေရာမှာ ဖတ်လိုက်ရပါတယ်။ အဲဒါ ဟုတ်ပါသလား၊ အဖြေပေးတော်မူပါဘုန်းဘုန်းဘုရား။

ဖိုးသား။ စိန်ပီတာစဘတ်မြို့၊ ရုရှားဖက်ဒရေးရှင်း

ဓါတ်တော် ပြဿနာ

အမေး။ ။ ဘုန်းဘုန်းဘုရား…..ဘုရားရှင်တို့ရဲ့ သာသနာတော် တစ်ခါကွယ်တိုင်း ကွယ်တိုင်းတွင် ဓာတ်တော်မွေတော်တို့ပါ ကွယ်တယ်ဆိုတာ မှန်ပါသလားဘုရား။ အကယ်၍ ကွယ်တယ်ဆိုလျှင် ရွှေတိဂုံဘုရားတွင် ဌာပနာထည့်သွင်းထားတဲ့ ရှေးဘုရားရှင်တို့ရဲ့ ဓာတ်တော်မွေတော်များကို ဘယ်လိုယူဆရပါ့မလဲ ရှင်းပြပေးတော်မူပါဘုရား။

Saturday, October 1, 2011

ပါရာဇိကကျရင် ဘယ်လိုလုပ်ရမလဲ

အမေး။ ။ ပါရာဇိကလေးပါးမှာ တစ်ပါးပါးကို ကျူးလွန်မိတဲ့ရဟန်းတစ်ပါးအနေနဲ့ သာသနာတော်မှာ ဆက်နေချင်သေးရင် ဘာတွေလုပ်ရသလဲဘုန်းဘုန်း။ တကယ်လို့ အဲဒီရဟန်းဟာ လူထွက်သွားတယ်။ ကိုယ်တိုင် ပါရာဇိကကျူးလွန်တာကို ကျူးလွန်မှန်းမသိရင် ဘာဖြစ်တတ်ပါသလဲ ဘုန်းဘုန်း။ တကယ်လို့ သိခဲ့ရင်ကော အဲဒီလူထွက်ထားတဲ့ ပုဂ္ဂိုလ်အနေနဲ့ အပြစ်ကို ဘယ်လိုချေဖျက်လို့ ရနိုင်ပါသလဲ ဖြေကြားပေးတော်မူပါဘုရား။

ပြည့်စုံအောင်။ စိန်ပီတာစဘတ်မြို့၊ ရုရှားဖက်ဒရေးရှင်း

သိကြားသာသနာလား ဘုရားသာသနာလား

အမေး။ ။ သာသနာတော်မှာ သိကြားသာသနာဆိုတာ တကယ်တမ်း ရှိပါသလားပါဘုရား။ သာသနာတော်ကို သိကြားက တကယ်စောင့်တာလားဆိုတာ သိချင်ပါတယ်ဘုရား။

ရဲနိုင်ထွန်း။ အိန္ဒိယ

ပွဲဘာကြောင့်ထိုးရသလဲ

အမေး။ ။ သာသနာပွဲအကြောင်းဖတ်ရတဲ့အတွက် ကျေးဇူးများလှပါတယ်ဘုရား။ အခြားပွဲထိုးတာနဲ့ပတ်သက်ပြီး အခမ်းအနား၊ ပွဲ၊ အိမ်ဆောက်စသည်ဖြင့် ပွဲထိုးတာတွေ့ဖူးကြုံဖူးပါသည်။ ဒီပွဲတွေကို ဘာကြောင့်ထိုးရလဲ။ ဘာအတွက်လဲ။ အကျိုးရမလား။ ရိုးရာလား။ ကွဲပြားစွာ သိလိုပါသည်ဘုရား။
Powered by Blogger.