Friday, September 30, 2011

ကံအကျိုးပေးရာကာလများကို သိချင်တယ်

အမေး။ ။ (၁) ဗုဒ္ဓဘာသာဝင်တွေ လုပ်လေ့လုပ်ထရှိတဲ့ ဘုရားရှိခိုး ပုတီးစိတ် ဂါထာရွတ် မေတ္တာပို့ စတဲ့ အလုပ်တွေဟာ တကယ်လက်တွေ့မှာ လောကီစီးပွားကို အကျိုးပေးနိုင်မပေးနိုင် သိလိုပါတယ်ဘုရား။ မြန်မာ၊ လာအို၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံသားတွေဟာ တခြား အနောက်နိုင်ငံသားတွေနဲ့ယှဉ်ရင် အလွန်ချို့တဲ့နေတာကို တွေ့နေရပါတယ်။ အဲဒါဘာ့ကြောင့်ပါလဲဘုရား။ (၂) သံဃာတော်များအား ကိုယ်ထိလက်ရောက် စော်ကားတဲ့သူ အများစုကို မြင်ဖူးပါတယ်။ သူတို့ဟာ မြေမြို မိုးကြိုးပစ်စတဲ့ ကံကြီးထိုက်တယ်ဆိုတာ မကြားရတဲ့အပြင် တခြားလူတွေထက်တောင်မှ ပိုမိုပြီး ကြီးပွားချမ်းသာနေကြပါတယ်။ ဘာကြောင့်လည်းဆိုတာ သိချင်ပါတယ်ဘုရား။ (၃) အရှင်ဥက္ကဋ္ဌရေးတဲ့ စာအုပ်တွေမှာ လက်ဝဲဆန်ဆန် ၀ိပဿနာတရားတော်ကလွဲရင် တခြားအလုပ်တွေကို ဘုရားမကြိုက်၊ လုပ်လဲမလုပ်စေချင်၊ ဗုဒ္ဓဘာသာနဲ့လည်းမဆိုင်သလို ရေးထားတာ တွေ့ရပါတယ်။ စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်များအနေနဲ့ ဘယ်လို အယူအဆမျိုးကို ကျင့်သုံးသင့်တယ်ဆိုတာကို သိလိုပါတယ်ဘုရား။

ကိုကိုအောင်။ ဆန်ဖရန်စစ်စကို

ကန်တော့ပွဲ

အမေး။ မင်္ဂလာဆောင်၊ စေ့စပ်ပွဲ၊ ခိုးပြေးပြီးမှ ပြန်အပ်တဲ့အခါ ကန်တော့ပွဲထိုးပြီး ကန်တော့တာဟာ ဘာအဓိပ္ပာယ်ပါလဲဘုရား။

အိအိ။ စင်္ကာပူ

ဒိဋ္ဌဓမ္မနိဗ္ဗာန၀ါဒ

အမေး။ ။ အရှင်ဘုရား….အဘယ်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးဟာ ဒိဋ္ဌဓမ္မနိဗ္ဗာန၀ါဒ ရှိသူဖြစ်ပါသလဲဘုရား။ ဒီဒိဋ္ဌိဟာ ဘယ်နှစ်မျိုးရှိပါသလဲ၊ သိချင်ပါတယ်၊ အဖြေပေးတော်မူပါဘုရား။

ငြိမ်းလွင်။ Moscow

ဓမ္မက္ခန္ဓာ-၈၄၀၀၀

အမေး။ ။ ဘုန်းဘုန်းဘုရား….တပည့်တော် မရှင်းတာလေးတစ်ခုရှိလို့ မေးလျှောက်ပါရစေ။ မြတ်စွာ ဘုရားရှင် ဟောကြားတော်မူတဲ့ ဓမ္မက္ခန္ဓာပေါင်း(၈၄၀၀၀)ရှိတယ်လို့ ကြားဖူးပါတယ်။ ဘယ်အရာတွေကို ဓမ္မက္ခန္ဓာတွေလို့ ခေါ်ခြင်းဖြစ်ပါသလဲဘုရား။ ဒီဓမ္မက္ခန္ဓာတစ်ခုစီဟာ နိဗ္ဗာန်ရောက်အောင် ပို့ဆောင်နိုင်စွမ်း ရှိပါသလားဘုရား။

ကျော်ဇင်လတ်(သုခရိပ်)။ MePhi.Universit,။ Mosscow

Thursday, September 29, 2011

ကာမေသုမိစ္ဆာစာရကံ ကျုးလွန်ခြင်းအကျိုးများ

ဤကံကို ကျူးလွန်သောသူသည် သေသောအခါ၌........

ဘုရားရှင်ဟာ အစာအိမ်ကင်ဆာနဲ့ ဆုံးတာလား

အမေး။ ။ အရှင်ဘုရား….အနောက်တိုင်းသားတွေရဲ့အယူအဆက ဘုရားရှင်ဟာ အစာအိမ်ကင်ဆာနဲ့ ဆုံးတယ်လို့ ယူဆကြပါတယ်။ ၀မ်းတော်လားတယ်ဆိုတော့လည်း အစာအိမ်နဲ့ နည်းနည်းပတ်သက်တယ်ထင်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရှင်းပြပေးတော်မူပါဘုရား။

ကိုကိုအောင်။ အမေရိကန်

အချင်းချင်း အရိုသေပေးမှု

အမေး။ ။ အရှင်ဘုရား…မြန်မာ့ယဉ်ကျေးမှုမှာ လူကြီးကလူငယ်ကို ၀န်ချကန်တော့တဲ့ အစဉ်အလာရှိတယ်လို့ သိရပါတယ်။ ကြီးသူငယ်သူ အပြန်အလှန်ကန်တော့နည်းကိ သိလိုပါတယ်၊ အဖြေပေးတော်မူပါဘုရား။

ငြိမ်းလွင်။ မော်စကို

မွေးခါစ စကားပြောကြသူများ

အမေး။ ။ အရှင်ဘုရား…မွေးခါစမှာ စကားပြောကြတဲ့ ဘုရားအလောင်းတော် ဘယ်နှစ်ဦး ရှိပါသလဲဘုရား။ ထိုသူတို့ရဲ့ မွေးခါစမှာ ပြောတဲ့စကားများကို ပါဠိလိုမြန်မာလို နှစ်ဘာသာဖြင့် ဖော်ပြပေးပါရန် တပည့်တော် ရိုသေစွာ လျှောက်ထားပါတယ်ဘုရား။

ပြည့်စုံအောင်။ စိန်ပီတာစဘတ်မြို့၊ ရုရှားဖက်ဒရေးရှင်း

Wednesday, September 28, 2011

သာသနာ(၅၀၀၀)ဆိုတာ ဘယ်သူပြောခဲ့လဲ

အမေး။ ။ အရှင်ဘုရား..ဗုဒ္ဓသာသနာသည် နှစ်(၅၀၀၀)၊ ယခုကာလသည် အရိယာများစွာ ပေါ်ထွန်းနေရမည့် ကာလဟူ၍ ဘယ်သူကဆိုခဲ့ပါသလဲ၊ အဖြေပေးတော်မူပါဘုရား။

ငြိမ်းလွင်။ Mosscow

အိန္ဒိယမှာ ဘာ့ကြောင့်သာသနာကွယ်ခဲ့လဲ

အမေး။ ။ အရှင်ဘုရား…တပည့်တော်တို့ ဂေါတမရှင်တော်မြတ်ဘုရား ပွင့်တော်မူခဲ့တဲ့ အိန္ဒိယစတဲ့ မဇ္ဈိမဒေသမှာ အဘယ့်ကြောင့် သာသနာတော်ကြီး ကွယ်လုကွယ်ခင် ဖြစ်ခဲ့ရတာလဲဘုရား။

လင်းလင်း။ ထိုင်ဝမ်

ဘုရားရှင်ရဲ့အရပ်တော်

ဘုရားရှင်ဟာ သာမန်အချိန်မှာ ပကတိလူသားထက်ပိုပြီး မြင့်နိုင်စရာမရှိပေမဲ့လို့ ခန္ဓာကိုယ်ကို ကြီးချင်ရင် သူတကာထက်ပိုပြီး ကြီးလို့ရသလို ငယ်ချင်ရင်လည်း ငယ်ချင်သလောက် ငယ်လို့ရတယ်ဆိုတဲ့ ဘုရားရှင်ရဲ့ တန်ခိုးတော်အရာလည်း ရှိပါသေးတယ်။ သာဓကတစ်ခုပြောချင်ပါသေးတယ်။ တစ်ခါက ပုဏ္ဏားတစ်ယောက်ဟာ ဘုရားရှင်ရဲ့ အရပ်တော်ကို သိချင်တဲ့အတွက် သူ့အိမ်အရှေ့ ဘုရားရှင် ဆွမ်းခံကြွရာနေရာမှာ ၀ါးလုံးတစ်လုံး စိုက်ထူထားပါတယ်၊ ဘုရားကြွတော်မူလာတော့ ၀ါးလုံးထက် ဘုရားရှင်ရဲ့အရပ်တော်က မြင့်နေတယ်၊ ဒီလိုနဲ့ ၀ါးခုနှစ်လုံးဆက်ပြီး ထောင်ထားလိုက်တယ်။ ဒါပေမဲ့ ဘုရားရဲ့ အရပ်တော်က မြင့်လျက်ပါပဲ။ အဲဒီအခါ မြတ်စွာဘုရားက “ဘာလို့ ၀ါးလုံးတွေ ထောင်ထားတာလဲ”လို့ ပုဏ္ဏားအားမေးတဲ့အခါ “ အရှင်ဘုရားရဲ့ အရပ်တော်ကို သိချင်လို့ပါ”လို့ ပုဏ္ဏားက လျှောက်တယ်။ အဲဒီအခါ ဘုရားရှင်က “ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဖြည့်ကျင့်လာတဲ့ ပါရမီဘုန်းတော်ကို မင်းဝါးလုံးနဲ့ တိုင်းတာလို့ရပါ့မလား”လို့ ဟောကြား ဆုံးမတော်မူပါတယ်။

Tuesday, September 27, 2011

အမဲသားရှောင်တာဟာ လောကီအကျိုးရှိ/မရှိ

အမေး။ ။ လယ်တီဆရာတော်ဘုရားက လူတွေအား အမဲသားလှူဖို့ တိုက်တွန်းခဲ့တယ်။ အမဲသားရှောင်ြပီး မေတ္တာပို့တဲ့အတွက် မြို့တစ်မြို့မှာ ဘီလူးသဘက်စတာတွေကို ဟန့်တားနိုင်တယ်လို့ စာဖတ်ဖူးပါတယ်ဘုရား။ တပည့်တော်သိချင်တာက အမဲသားစားတာကို ရှောင်ခြင်းဖြင့် လောကီအကျိုး ရှိ/မရှိဆိုတာကို သိချင်ပါတယ်ဘုရား။

ကိုကိုအောင်။ ဆန်ဖရန်စ္စကို

မာဂဓဘာသာနှင့်ပါဠိဘာသာ

အမေး။ ။ ဆရာတော်ဘုရား…. တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါတယ်ဘုရား။ မြတ်စွာဘုရားရှင်က မာဂဓဘာသာစကားနှင့် သတ္တ၀ါများကို တရားရေအေး တိုက်ကျွေးခဲ့တယ်ဆိုတာ သိရပါတယ်ဘုရား။ တပည့်တော်သိချင်တာက မာဂဓဘာသာစကားနှင့် ဟောကြားတော်မူခဲ့တဲ့ ဘုရားရှင်ရဲ့ တရားတော်များကို ပါဠိဘာသာစကားသို့ အဘယ်အချိန်က ပြောင်းလဲခဲ့ပါသလဲဆိုတာ အဖြေပေးတော်မူပါဘုရား။

လင်းလင်း။ ထိုင်ဝမ်

ဘုရားရှင်လက်ထက် စာပေကျမ်းဂန် ရှိမရှိ

အမေး။ ။ အရှင်ဘုရား….ဘုရားရှင်လက်ထက်တော်ကတည်းက ကျမ်းဂန်တတ်ကျွမ်းတဲ့ သံဃာတော်များ ရှိတယ်လို့ ဆိုတယ်။ ထိုခေတ် အခါကတည်းက မှတ်တမ်းတစ်ခါတည်းလုပ်လို့ ကျမ်းဂန်ဆိုတာ ရှိနေရပါသလား။ အဖြေပေးတော်မူပါဘုရား။

ငြိမ်းလွင်။ မော်စကို၊ ရုရှားနိုင်ငံ

ဗုဒ္ဓအဘိဓမ္မာအရ မသိစိတ်ဆိုတာ ဘာစိတ်မျိုးလဲ

အမေး။ ။ ဆိုက်ကိုလော်ဂျစ် စိတ်ပညာရှင်တွေအဆိုအရ လူတစ်ယောက်မှာ သိစိတ်ဟာ (conscious) မသိစိတ်(subconscious mind)ထက် စွမ်းအားနည်းလှပါတယ်။ လူတစ်ယောက်မှာ သိစိတ်က (၁၀%)ရာခိုင်နှုန်းခန့်သာရှိပြီး၊ မသိစိတ်က (၉၀%)ရာခိုင်နှုန်းခန့်ရှိတယ်လို့ ယူဆကြပါတယ်ဘုရား။ လူတစ်ယောက်ဟာ မသိစိတ်ရဲ့စွမ်းအားတွေကို သိစိတ်နှင့် ယဉ်ပါးလာအောင် ပြုလုပ်နိုင်လျှင်(Unify)လုပ်နိုင် လျှင် အဘက်ဘက်အရာရာ ထူးချွန်လာနိုင်တယ်လို့ ကြားဖူးပါတယ်ဘုရား။ တပည့်တော်သိချင်တာက ဗုဒ္ဓအဘိဓမ္မာမှာ မသိစိတ်ဟာ ဘယ်လိုစိတ်မျိုးလဲဆိုတာကို အနီးစပ်ဆုံးတွေးတောလို့ ရနိုင်ပါသလဲဘုရား။

ကိုကိုအောင်

ဆန်ဖရန်စစ္စကို

Monday, September 26, 2011

သိက္ခာထပ်ခြင်းဖြင့် ဘာအကျိုးထူးရပါသလဲ

မေး။ ။ ဖိုးသူတော် ဘဝကနေ ပြုစုပျိုးထောင်လို့ အခုဆို စာချကျောင်းထိုင် ဆရာတော်ဖြစ်နေတဲ့ ဘုန်းကြီးကို သိက္ခာထပ်ပေးခြင်းဖြင့် ထိုဘုန်းကြီးနဲ့ဒကာမှာ လောကီလောကုတ္တရာ ဘာအကျိုးများ ထူးပါသလဲ ဘုရား။ ဖြေကြားစေချင်ပါတယ်။

ဘာသာစကားလေ့လာခြင်းဖြင့် ကုသိုလ်ရနိုင်မရနိုင်

အမေး။ ။ ဘာသာစကားတစ်ခုခုကို စူးစိုက်လေ့လာနေတဲ့စိတ်ဟာ ကုသိုလ်စိတ်ဖြစ်ပါသလားဘုရား။

ကိုသတ်

ကိုးရီးယား

လူများကို အမျှဝေလို့ ရပါသလား

အမေး။ ။ သက်ရှိသတ္တ၀ါတွေ (လူအပါအ၀င်)ကို အမျှဝေလို့ ရပါသလား၊ လူသတ်တဲ့သူကို အမျှဝေရင် နတ်ပြည်ရောက်သလားဘုရားဆိုတာ သိချင်ပါတယ်ဘုရား။

မို့မို့။ ဒန်ဗာမြို့၊ အမေရိကန်

ဥစ္စာသယန မဟာသယနနဲ့ပတ်သတ်ပြီး

အမေး။ ။ ဆရာတော်ဘုရား……တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား။ တပည့်တော်ကို ရှစ်ပါးသီလထဲမှ ဥစ္စာသယန မဟာသယနဆိုတဲ့ မြင့်သော၊ မြတ်သောနေရာဆိုတာကို အနည်းငယ် ရှင်းပြပေးစေချင်ပါသည်ဘုရား။ တချို့သူများမှာ အေးသော တိုင်းပြည်များမှာနေပြီး ရှစ်ပါးသီလခံယူချင်ပါသော်လည်း ဥစ္စာသယန မဟာသယနဆိုတဲ့ သဘောကို မရှင်းလင်းဖြစ်နေပါသည်ဘုရား။

Sunday, September 25, 2011

သာဓုခေါ်တိုင်း ကုသိုလ်ရပါသလား

အမေး။ ။ အရှင်ဘုရား……ဗုဒ္ဓဘာသာဝင်အများစုဟာ သူတစ်ပါးအား အမျှအတန်းပေးဝေလို့ သာဓုခေါ်ဆိုနိုင်ကြရင် သာဓုခေါ်သူမှာ ကုသိုလ်ရတယ်လို့ ဆိုပါတယ်။ ဒီလိုသာ သာဓုခေါ်ရုံမျှနှင့် ကုသိုလ်ရကြစတမ်းဆိုရင် ကုသိုလ်မလုပ်ဘဲ သာဓုချည်းခေါ်တော့မှာပါဘုရား၊ တပည့်တော်သိလိုတာက သာဓုခေါ်သူတိုင်း ကုသိုလ်ရကြပါသလားဆိုတဲ့ တပည့်တော်ရဲ့အမေးကို ဖြေကြားပေးတော်မူပါဘုရား။

ကိုအောင်ဆန်း
ဖရန်စစ္စကိုမြို့

ရဟန်းတော်များ လူသာမဏေများနှင့် အတူတူစားအပ်ပါသလား

အမေး။ ။ ရဟန်းတော်များဟာ လူ/သာမဏေများနဲ့အတူ ဆွမ်းဘုဉ်းပေးတာဟာ အပ်/မအပ် သိချင်ပါတယ်ဘုရား။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ၀ိနည်းတော်မှာ ချွင်းချက်အနေနဲ့ရော ရှိပါသေးလားဆိုတာ သိချင်တဲ့အတွက် လျှောက်ထားပါတယ်ဘုရား။
သုခ
ရုရှားဖက်ဒရေးရှင်း

သပိတ်အကြောင်း သိကောင်းစရာ

အမေး။ ။ ဘုန်းဘုန်းဘုရား။ သံဃာတော်တွေအတွက် သပိတ်ကို အမဲရောင်အဖြစ် ဘယ်သူသတ်မှတ်တာလဲ ဘုရား။ သတ်မှတ်တဲ့အချိန်ကာလနှင့် ရည်ရွယ်ချက်ကို တပည့်တော်သိလိုပါတယ် ဘုရား။ နောက်ပိုင်းမှာ မြသပိတ်လို အစိမ်းရောင်တွေ ပေါ်လာတာလေးလည်း တပည့်တော်သိလိုပါတယ်ဘုရား။

မောင်ပြည့်စုံအောင်။

ရုရှား

Saturday, September 24, 2011

ရဟန်းတော်များ ဖိုထိုးတာ အပြစ်ရှိပါသလား

အမေး။ ။ အရှင်ဘုရား ရဟန်းတော်များ အဂ္ဂရတ်၊ ဖိုထိုးခြင်းစတာတွေ ပြုလုပ်ရင် အပြစ်ရှိ/မရှိ သိလိုပါတယ်ဘုရား။

ထက်စုနှင်းဆီ

အကုသိုလ်ကံ အကျိုးပေးခွင့် မရရှိခြင်းအကြောင်း။

အမေး။ ။ အရှင်ဘုရား….အင်္ဂုလိမာလဟာ လူကြမ်းကြီးဖြစ်ပြီး ညှင်းဆဲသတ်ဖြတ်တဲ့ အလုပ်ကို လုပ်ခဲ့ပါတယ်။ ကုန်ကုန်ပြောရရင် ဘုရားရှင်က ဆုံးမရတဲ့အထိ မိုက်မဲခဲ့တယ်လို့ ပြောရပါမယ်။ ဘုရားရှင်နဲ့တွေ့မှ အကျွတ်တရားရပြီး ရဟန္တာဖြစ်တော်မူခဲ့ရပါတယ်။ ဒါဆိုရင် အင်္ဂုလိမာလ ပြုခဲ့တဲ့ အကုသိုလ်တရားများဟာ အဘယ်ကြောင့် ပြန်လည်သက်ရောက်မှု မရှိရခြင်းအကြောင်းကို ကုသိုလ်ပွား လိုတဲ့အတွက် ဖြေကြားပေးတော်မူပါဘုရား……..။

မောင်ကျော်နိုင်
ဆစ္ဒနီ၊ၾသစေတးလ်

ဥပုသ်ပြဿနာ

အမေး။ ။ ဥပုသ်ဆောက်တည်တဲ့အခါ တချို့က ဘုရားဆောင်အရှေ့မှာ သီလယူကြပါတယ်။ တချို့က သံဃာတော်များအရှေ့မှာ သီလယူကြပါတယ်။ တချို့က လူတွေအရှေ့မှာလည်း ယူကြတယ်။ တပည့်တော်သိချင်တာက ဘယ်သူ့ဆီမှာ သီလယူရင် အကောင်းဆုံးဖြစ်ပါသလဲဘုရား။ ပြီးတော့ ဥပုသ်ဆောက်တည်ရာမှာ အချိန်ကန့်သတ်ချက်နှင့် အကြုံးဝင်တဲ့ အချိန်ကာလ အပိုင်းအခြားကိုလည် သိချင်ပါတယ်။ ဥပုသ်ဆောက်တည်ခြင်းဖြင့်လည်း ဘယ်လိုအကျိုးများ ရရှိနိုင်ပါသလဲဘုရား။

Friday, September 23, 2011

ယခုတစ်ပါတ် ဂျာနယ်ပါဆောင်းပါး မမှားသင့်တာ မမှားရအောင်

လောကမှာ ကျင်လည်ကျက်စားနေကြတဲ့ သတ္တ၀ါမှန်သမျှဟာ သတိလက်လွတ်မှုကြောင့် မမှားသင့်တဲ့ အမှားလေးတွေ မှားနေကြပါတယ်။ တချို့အမှားလေးတွေကျတော့ မိမိဘက်က မှန်တယ်ထင်ရပေမဲ့ အများအမြင်မှာတော့ မှားတဲ့အရာဖြစ်နေပါတယ်။ ယနေ့ခေတ်တွင် လူငယ်များဟာ ကာမကိစ္စများနဲ့ပတ်သတ်ပြီး မှားသင့်တဲ့အရာလား၊ မမှားသင့်တဲ့အရာလားဆိုတာ ခွဲခြားဝေဖန်ခြင်း လေ့လာခြင်းမရှိဘဲ စိတ်ကိုအလိုလိုက်ကာ အလွယ်တကူ မှားယွင်းနေကြပါတယ်။ တကယ်ဆို ကာမအမှုဟာ မိမိအတွက် အပြစ်နဲ့အကျိုး ဘယ်ဟာက ပိုများသလဲဆိုတာ စဉ်းစားဖို့လိုပါတယ်။

Thursday, September 22, 2011

ကမ္ဘာကြီး ဘယ်ကစဖြစ်ပါသလဲ

အမေး။ ။ What does Buddhism believe how the world was made? ဗုဒ္ဓဘာသာမှာ ကမ္ဘာကို ဘယ်ကစတာလဲလို့ ယုံကြည်ပါသလဲဘုရား။
မောင်တိုးနန္ဒ
Sydney, Australia

ဗကဗြဟ္မာကြီးအား အောင်တော်မူခြင်းကို သိချင်တယ်

မေး။ ။ အရှင်ဘုရား တပည့်တော်အား မြတ်ဗုဒ္ဓမှ ဗကဗြဟ္မာကြီးအား အောင်တော်မူခြင်းကို သိချင်ပါသဖြင့် ရေးသားပို့ပေးရန် လျှောက်ထားအပ်ပါတယ်ဘုရား။

ကေသမုတ္တိတရားကို ကာလာမတို့ကိုသာ ဟောခဲ့တာလား

အမေး။ ။ အရှင်ဘုရား ဗုဒ္ဓဟောကြားတဲ့ ၀ိဘဇ္ဇ၀ါဒကို တပည့်တော် ၀က်ဆိုက်မှာ တင်ထားပါတယ်။ အဲဒါကို တစ်ယောက်က ဒီလိုလာမေးပါတယ်။ ဘုရားရှင်က ကေသမုတ္တိသုတ္တန်တရားတော်ကို ကာလာမတို့ကိုသာ ပြောခြင်းဖြစ်တယ်။ ဗုဒ္ဓဘာသာဝင် အားလုံးကို ပြောတာမဟုတ်ဘူးလို့ အငြင်းပွားနေတုံးပါဘုရား။ တပည့်တော်သိချင်တာက ကေသမုတ္တိသုတ္တန်တရားတော်ဟာ ကာလာမတို့ကိုသာ ဟောတာလား၊ တခြားသူများကိုလည်း မဟောဘူးလားဆိုတာကို အချက်အလက်နှင့်တကွ ရှင်းပြပေးစေလိုပါတယ်ဘုရား။

သူရသော်သော်
ကော့သောင်း

Wednesday, September 21, 2011

ဥပုသ်နဲ့ အွန်လိုင်း သုံးချင်တယ်

အမေး။ ။ အရှင်ဘုရား ဥပုသ်ယူပြီး onlineသုံးလို့ရ–မရ သိချင်ပါတယ်ဘုရား။ ပြီးတော့ ဥပုသ်သီလဆောက်တည်ထားတဲ့ လူစ်ယောက်ဟာလူနာတစ်ယောက်ကိုလည်း သွားမေးချင်တယ်၊ မကောင်းတဲ့စိတ်လည်း ဖြစ်မိမယ်ဆိုရင် ဥပုသ်သီလ ပျက်နိုင်ပါသလားဘုရား။ မရှင်းလင်းတဲ့အတွက် ဖြေကြားပေးတော်မူပါဘုရား။

စုမြတ်စန္ဒီ
ဝါးခယ်မ

စိတ်ကောင်းထားရင်ရပြီ၊ တရားအားထုတ်စရာမလိုဘူး

အမေး။ ။ ဘုန်းဘုန်းဘုရား ဘာသာခြားတစ်ယောက်က “စိတ်ကောင်းထားတယ်ဆိုရင် တရားအားထုတ်စရာမလိုဘူး။ စိတ်ကောင်းတယ်ဆိုပြီးတာပဲ၊ ဒါနဲ့ စိတ်ကောင်းတယ်ဆိုတာ နင်သိလား”လို့ မေးပါတယ်။ တပည့်တော်က “စိတ်ကောင်းတယ်ဆိုတာကုသိုလ်ပေါ့”လို့ ပြန်ဖြေတော့ သူက “ကုသိုလ်ဆိုတာ ဘာကိုခေါ်တာလဲ” လို့ မေးပါတယ်။ ဒီမေးခွန်းကို တပည့်တော် မဖြေနိုင်ဘူးဘုရား၊ ဒီလိုပဲ ဗုဒ္ဓဘာသာဝင်လူငယ်ရော လူကြီးပါ အများစုက ကုသိုလ်ဆိုတာကောင်းတာလောက်ပဲသိတယ်၊ ဒါကြောင့် တပည့်တော်အပါအ၀င် အားလုံးသိအောင် “ကုသိုလ်”ဆိုတဲ့အဓိပ္ပါယ်ကို ဖြေကြားပေးတော်မူပါဘုရား။

မစုမြတ်စန္ဒီ
ဝါးခယ်မ

ဥဒ္ဒိဿစေတီ အဓိပ္ပါယ်

မေး။ ။ ဥဒ္ဒိဿစေတီရဲ့ အဓိပ္ပါယ်ကို တပည့်တော်မသား နားလည်အောင် ဖြေကြားပေးတော်မူပါဘုရား။

မငယ်
ဆစ္ဒနီ၊ သြစတေးလျား

Tuesday, September 20, 2011

မလိုအပ်တဲ့နေရာမှာ ဘာ့ကြောင့် စုပုံပြီး လှူရတာလဲ

အမေး။ ။ အရှင်ဘုရား တပည့်တော်သူငယ်ချင်းက သူ့အမြင်နဲ့ အမေးတစ်ခုမေးလာပါတယ်၊ သူ့အမြင်က မြန်မာနိုင်ငံရဲ့ အထင်ကရ ဘုရားစေတီများ၊ ထီးတော်၊ ငှက်မြတ်နားတော်များ၊ ကျောင်းများ စတာတွေမှာ စိန်၊ရွှေ၊ကျောက်သံပတ္တမြား၊ ၀တ္တုကြေးငွေတို့ကို အများကြီးအကုန် အကျခံပြီး ပေးလှူထားတာတွေ တွေ့မြင်ရပါတယ်။ ချမ်းသာတဲ့သူများက အကုန်ခံနိုင်တယ်ထားဦးတော့။ ဆင်းရဲတဲ့သူများကလည်း တတ်နိုင်သလောက်ပေးကမ်းတာ တွေ့ရပါတယ်။ ဒီလိုနေရာတွေမှာ အကုန်ခံနေမဲ့အစား ကိုယ့်တိုင်းပြည်မှာ လိုအပ်နေတဲ့ ဆေးရုံ၊စာသင်ကျောင်း၊ ချို့တဲ့တဲ့သူများအတွက် ပညာသင်ထောက်ပံ့စရိတ်၊ စာကြည့်တိုက် စတာတွေကို အများကြီးအကုန်ခံပြီး အကူအညီပေးသင့်တယ်လို့ ထင်ပါတယ်။ ဒီအယူအဆနဲ့ပတ်သက်ပြီး အဖြေပေးစေချင်ပါတယ်ဘုရား။

လှူတဲ့အခါ အကျိုးများအောင် ဘယ်လိုစိတ်ထားရမလဲ

အမေး။ ။ အရှင်ဘုရား တပည့်တော် ဒါနကုသိုလ်နဲ့ပတ်သက်ပြီး မရှင်းလင်းသည့်အတွက် မေးလျှောက် ခွင့်ပြုတော်မူပါဘုရား။ တပည့်တော် မှတ်သားဖူးသည်မှာ တိရစ္ဆာန်ကို ဒါနပြုဖူးတဲ့သူ ဘ၀ပေါင်း(၁၀၀)၊ လူမိုက်ကို ဒါနပြုဖူးရင် ဘ၀ပေါင်း(၁၀၀၀)စတဲ့ ချမ်းသာကို ခံစားရတယ်လို့ ကြားနာခဲ့ရဖူးပါတယ်ဘုရား၊ တပည့်တော် သိချင်တာက ချမ်းသာခံစားရတဲ့အပေါ်မှာ လှူဒါန်းမှုက တစ်နပ်စာလား၊ တစ်ဘ၀စာလား၊ စားမကုန်လို့ အကြွင်းအကျန်လား၊ စားဦးစားဖျားလား၊ ဒါမှမဟုတ် ဒါနမပြုခင် ဘယ်လိုစိတ်စေတနာအထူးပေါ်မှ အကျိုးခံစားရတယ်ဆိုတာကို သိလိုလှပါတယ်ဘုရား။

ဇော်မင်းထိုက်
ဟတ်ယိုင်(ထိုင်း)

ဒါနပြုရာမှာ မဂ္ဂင်ရှစ်ပါး ပါသလား

အမေး။ ။ ဘုန်းဘုန်းဘုရား မဂ္ဂင်ရှစ်ပါးကို အကျဉ်းခြုံးလိုက်ရင် သီလ၊ သမာဓိ၊ ပညာလို့ တပည့်တော် သိထားပါတယ်ဘုရား။ ဒါဖြင့် မဂ္ဂင်ရှစ်ပါးထဲမှာ ဒါန မပါဘူး ဖြစ်နေပါတယ်ဘုရား။ တပည့်တော်သိချင်တာက ဒါနဟာ မဂ္ဂင်ရှစ်ပါးထဲပါမပါ သိချင်ပါတယ်ဘုရား။ တပည့်တော်တွေးသလို တချို့လည်း တွေးမိကြလိမ့်မယ် ထင်တယ်ဘုရား၊ ဒါကြောင့် အားလုံး သိအောင် ဖြေကြားပေးစေချင်ပါတယ်ဘုရား။

Monday, September 19, 2011

ရုပ်နာမ်တို့ရဲ့ ဖောက်ပြန်ပုံကို သိချင်တယ်

မေး။ ။ အရှင်ဘုရား တပည့်တော် အဓိကသိချင်တဲ့ (၁) ရုပ်တွေရဲ့ အခြေခံမူလသဘောတရား (၈)ခုဟာ ထောက်အပံ့ရှိမှ ဖောက်ပြန်ပျက်စီးတာလား။ သူအလိုလို ဖောက်ပြန်ပျက်စီး (အခြေအနေပြောင်းလဲ)တတ်တာလားဘုရား။

(၂) သက်မဲ့ရုပ်တွေရဲ့ ဖောက်ပြန်ပုံကိုလည်း ဥပမာလေးနဲ့ သိချင်ပါတယ်ဘုရား။

(၃) သက်ရှိတွေမှာရှိနေတဲ့ သဠာယတနအကြည်ဓါတ်တွေရဲ့သဘောနဲ့ ပျက်စီးပုံကို မရှင်းတာပါဘုရား။ ဥပမာ နားအကြည်ရဲ့သဘောကိုကြည့်ရင် အပြင်ကလာတိုက်တဲ့ အသံရှိနေမှ သူ့ကဖြစ်ပြီးပျက်တာလား။ အဲဒီနားအကြည်ဓါတ်ရုပ်ရဲ့ အတွင်းသဘောကိုက ဖောက်ပြန်နေတာလား။

(၄) သောတဝိညာဉ်လေးဟာ နားအကြည်မှာဖြစ်တာလား။ ဟဒယဝတ္တျမှာ ဖြစ်တာလား။ မေးရရင်တော့ အများကြီးဘုရား။ အရှင်ဘုရားလည်း အလုပ်များနေမှာသိပါတယ်။ အားတဲ့အချိန်လေးမှာ တပည့်တော်သံသယလေးတွေ ဖြေဖျောက်ပေးပါလို့ လျှောက်ထားပါရစေဘုရား။

ရိုသေစွာဖြင့်

ဒကာ-မော်လင်း

စင်္ကာပူ

Sunday, September 18, 2011

သူ့ဝဋ်ကြွေးနဲ့သူသေတာ ဘာဖြစ်လို့ကိုယ့်မှာ အပြစ်ဖြစ်တာလဲ

မေး။ ။ အရှင်ဘုရား တပည့်တော်တို့စိတ်မှာ မရှင်းလင်းတဲ့ကိစ္စတစ်ခု မေးလျှောက်ခွင့် ပြုတော်မူပါဘုရား။

လူတွေက အတိတ်ကံ၊ ၀ဋ်ကြွေးကို မလွန်ဆန်နိုင်ကြဖူးလို့ တပည့်တော်သိထားပါတယ်။ ဥပမာ-မောင်ဖြူဆိုတဲ့လူတစ်ယောက်ဟာ သူများအသတ်ကိုသတ်ခဲ့ဖူးတဲ့ အကုသိုလ်ကံကြောင့် သူ့ကိုလည်း သူများကသတ်ခဲ့ရင် သူဟာသူ့ကံကြောင့်သေရတာဖြစ်ပေမဲ့ မောင်နီဆိုတဲ့ သတ်တဲ့သူကလည်း မောင်ဖြူရဲ့ကံအကြောင်းတရားကြောင့် သတ်ဖို့ဖြစ်လာခဲ့တာ မဟုတ်လား။ အဲဒီလိုသတ်ဖို့ဖြစ်လာတဲ့ မောင်ဖြူမှာသတ်ခြင်းကြောင့် အကုသိုလ်ဖြစ်ရတာကို စိတ်ထဲမှာ ဘ၀င်မကျဖြစ်နေမိပါတယ်။ တကယ်တော့ မောင်ဖြူက သူအကုသိုလ်နဲ့သူ သေရတာပဲမဟုတ်လား ဘုရား။ မောင်နီကလည်း မောင်ဖြူရဲ့အကုသိုလ်ကံကြောင့် သတ်ဖြစ်သွားတာမဟုတ်ဘူးလားဘုရား။ ဘယ်သူ့မှာ ဘယ်လိုအကုသိုလ်ပါတယ်ဆိုတာ ဘယ်သူက ကြိုသိနိုင်မှာလဲဘုရား။ တပည့်တော်အနေနဲ့ သူများအသတ်ကိုသတ်တာ ငရဲကြီးတယ်ဆိုတာသိပေမဲ့ ဒီလိုကိစ္စမျိုးမှာ ဘယ်သူကမှားတယ်ဆိုတာ မပြောတတ်အောင်ပါဘဲ။

တပည့်တော် ဒီမေးခွန်းကို မေးဖြစ်သွားတာ သူငယ်ချင်းတစ်ယောက်ကြောင့်ပါ။ သူငယ်ချင်းက

Saturday, September 17, 2011

အမိမဲ့သား ရေနည်းငါး အဓိပ္ပာယ်

အမိမဲ့သား ရေနည်းငါးဆိုသည်မှာ ထိန်းသိမ်းပြုပြင် ညွှန်ကြားမဲ့မိခင်နဲ့ ကွဲကွာနေရတဲ့ သားဟာ ခန်းလုဆဲ ရေနည်းအိုင်တွင်နေရတဲ့ ငါးကဲ့သို့ လန်းဆန်းရွှင်ပျခြင်းမရှိနိုင်ပါ။ မိဘအားကိုးထိုက်တဲ့ပုဂ္ဂိုလ်မရှိရင် သတ္တ၀ါတွေဟာ အားငယ်တတ်ပါတယ်။ ကြီးကြပ်အုပ်ချုပ် ကွပ်ကဲမဲ့သူ ဖေးမယုယပြုစု ကူညီမဲ့သူမရှိခြင်းကြောင့် အားငယ်ရခြင်းကို တင်စားသုံးနှုန်းတဲ့ စကားပုံဖြစ်ပါတယ်။

Friday, September 16, 2011

ဂျာနယ်ပါ ဆောင်းပါးဖြစ်တဲ့ ပျော်သင့်သလောက်ပဲ ပျော်ပါ

လူ့လောကကို ရောက်လာတဲ့ လူများစုဟာ လူ့ပြည်ကို ပျော်စရာလို့ထင်နေကြကာ အပျော်ဘက်ကိုပဲ ဦးစားပေးနေကြတာ များပါတယ်။ တကယ်တော့ လူပြည်ဟာ ပျော်စရာနဲ့ အချိန်ကုန်ရမဲ့ နေရာဌါန မဟုတ်ပါဘူး။ ကောင်းမှုကုသိုလ်လုပ်ဖို့ အကောင်းဆုံးနေရာဖြစ်တာကြောင့် ကောင်းမှုလုပ်ကာ အချိန်ကုန်ရမဲ့နေရာပါ။ တကယ်လို့ မိမိတို့က ရရှိလာတဲ့ လူ့ဘ၀လေးမှာ ကောင်းမှုမလုပ်ဘဲ အပျော်ဘက်ပဲ ဦးစားပေးနေမယ်ဆိုပါက သံသရာဆင်းရဲ ဒုက္ခကြီးထဲကနေမလွတ်ဘဲ အန္တရာယ်စက်ကွင်းထဲ ရောက်ပြီး ရင်းရောက်နေပါလိမ့်မယ်။ အပျော်ဘက်ကို ဦးစားပေးတဲ့လူများစုဟာ သံသရာဒုက္ခကနေ လွတ်မဲ့အရာများကို ပြုလုပ်ဖို့ရန် မေ့နေကြတာ များပါတယ်။ အရင်အရင်ဘ၀တွေကလည်း အပျော်နဲ့ပဲ အချိန်ကုန်ခဲ့လို့ သံသရာဆင်းရဲကနေမလွတ်ခဲ့တာကို နောင်တမရသေးဘဲ ခုလူ့ဘ၀ရချိန်လေးမှာလည်း အပျော်နဲ့ပဲအချိန်ကုန်နေမယ်ဆိုရင် နောက်ဘ၀လည်း ဆင်းရဲဒုက္ခများတဲ့နေရာဌါနမှာပဲ ကျင်လည်ရဦးမှာပါ။

Thursday, September 15, 2011

သစ္စာ(၄)ပါးကို အနုပညာဖြင့် ပူဇော်သင့်ပါသလား

အမေး။ ။ အရှင်ဘုရား…“သစ္စာလေးပါးကို အနုပညာဖြင့် ပူဇော်ခြင်း”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရပါတယ်ဘုရား။ တပည့်တော်သိချင်တာက သစ္စာလေးပါးကို အနုပညာဖြင့် ပူဇော်သင့်/မသင့်ဆိုတာနဲ့ပတ်သက်ပြီး သိချင်ပါတယ်ဘုရား၊ တကယ်လို့ ပူဇော်သင့်တယ်ဆိုရင် ဒါနဲ့ပတ်သက်ပြီး ဘုရားရှင်ဟောကြားထားတဲ့ တရားတော်ကို ဖေါ်ပြပေးစေချင်ပါတယ်ဘုရား။

အင်းဆက်ပိုးများဟာ (၄)ဘ၀ဖြစ်တာ ဟုတ်ပါသလား

အမေး။ ။ အရှင်ဘုရား…. တပည့်တော်တို့ကျောင်းမှာ သင်ခဲ့ရတဲ့ အင်းဆက်(Insect)လေးတွေကို ဘယ်ဘုံလို့ သတ်မှတ်သင့်ပါသလဲဘုရား။ ဥပမာ လိပ်ပြာ၊ ဖလံ၊မှက်၊ ခြင်၊ ယင်စတဲ့ သတ္တ၀ါလေးတွေမှာ egg ဥဘ၀ (၇-၁၄)ရက်၊ သားပေါက်ဘ၀ larva (ပေါက်ဖတ်-ခူကောင်ဘ၀) (၇-၁၄)ရက်၊ ပိုးတုံးလုံးဘ၀ Pupa (၇-၁၄)ရက်၊ အကောင်ကြီးဘ၀ adult လိပ်ပြာ၊ ဖလံ၊ မှက်၊ ခြင်၊ ယင်ဘ၀ တစ်လမှ သုံးလ ကြာတတ်ပါတယ်။ ဒီလေးဘ၀လုံးမှာ စားသောက်ပုံ၊ ပြုမူပုံ၊ ကိုယ်အင်္ဂါဖွဲ့စည်းပုံကအစ တစ်ဘ၀နဲ့တစ်ဘ၀ လုံးဝမတူပါဘူး၊ လူနဲ့ တိရစ္ဆာန်တွေမှာ မွေးတာနဲ့ အကောင်လိုက်ဖြစ်ပါတယ်။ တွားသွားသတ္တ၀ါများနဲ့ ကြက်၊ငှက်တွေမှ ဥမှတဆင့် ဖြစ်လာပါတယ်။ အင်းဆက်(insect)တွေမှ သုံးဆင့်၊ သုံးဘ၀ဖြစ်ပြီးမှ အကောင်ကြီးဖြစ်လာပါတယ်။ နောင်အမှတ်မမှားရအောင် အမျိုးအစားအလိုက် ဖြေကြားပေးစေလိုပါတယ် ဘုရား။

ဇော်မင်းထိုက်
ဟတ်ယိုင်(ထိုင်း)

မယုံရင် ပုံပြင်ပဲမှတ်ရမှာလား

အမေး။ ။ ဘုန်းကြီးနှင့် သားသတ်သမားတို့က မိတ်ဆွေတွေဖြစ်ကြတယ်။ ဘုန်းကြီးက မနက်တိုင်းထပြီး ဘုရားစာတွေရွတ်တယ်။ သားသတ်သမားလဲ စောစောထပြီး သားသတ်ပြီး ရောင်းလေ့ရှိတယ်။ မနက်အိပ်ယာထ နောက်မကျအောင်လို့ တစ်ဦးကိုတစ်ဦးနိုးဖို့ ပြောကြတယ်။ ဒီလိုနဲ့ သူတို့တွေ သေဆုံးတော့ သားသတ်သမားက နတ်ပြည်ရောက်ပြီး ဘုန်းကြီးကတော့ ငရဲပြည်ရောက်သွားတယ်။ အဲဒါဘာ့ကြောင့်ပါလဲဘုရား။ ဒီအကြောင်းဟာ ဗုဒ္ဓဘာသာမှာကော ရှိပါသလားဘုရား။ ဒါမှမဟုတ် မယုံရင်ပုံပြင်ပဲ မှတ်ရမှာလားဘုရာ။

မယ်အေး
ရန်ကုန်

Wednesday, September 14, 2011

နိဗ္ဗာန်ရတာချင်း အတူတူ ဘာ့ကြောင့်ကွဲပြားရတာလဲ

အမေး။ ။ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အရိယာသာဝကများဟာ ၀ိသုဒ္ဓိ(၇)ပါး အဆင့်ဆင့်နဲ့သာ နိဗ္ဗာန်မျက်မှောက်ပြုကြတာ တူညီကြတဲ့အတွက် အားလုံးဟာ အတူတူပင် မဟုတ်ပါလား၊ ဘာ့ကြောင့် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက၊မဟာသာဝက၊ ပကထိသာဝကလို့ ကွဲပြားခြားနားမှု ဖြစ်နေပါလဲ အားလုံးသိအောင် ရှင်းပြပေးတော်မူပါဘုရား။

မဓမ္မစာရီ
ရန်ကုန်

မိဂဒါဝုန်ကို ဘာ့ကြောင့် ခြေနဲ့ ကြွတော်မူပါသလဲ

အမေး။ ။ ဘုန်းဘုန်းဘုရား….မဟာဗောဓိနဲ့ ဗာရာဏသီပြည်ဟာ တစ်ဆယ့်ရှစ်ယူဇနာ မိုင်အားဖြင့် (၁၄၄)မိုင်ခန့် ရှိပါတယ်ဘုရား။ ပွင်တော်မူခဲ့ပြီးတဲ့ ရှေးရှေးဘုရားရှင်များဟာ ဓမ္မစင်္ကြတရားဦး ဟောတော်မူဖို့အတွက် ဒီလောက်ဝေးတဲ့ခရီးကို ကောင်းကင်ခရီးက ဈာန်ယာဉ်စီးပြီး ကြွတော်မူကြတယ်လို့ စာပေမှာ ဖတ်လိုက်ရပါတယ်ဘုရား၊ တပည့်တော်သိချင်တာက ဂေါတမမြတ်စွာဘုရားရှင်ဟာ ဒီလောက်ဝေးတဲ့ ခရီးကို ဘာ့ကြောင့်အပင်ပမ်းခံပြီး ခြေလျင် ကြွတော်မူရပါသလဲဆိုတာပါဘုရား၊ အများကျေနပ်လောက်အောင် အဖြေပေးစေချင်ပါတယ်ဘုရား။
မဓမ္မစာရီ
ရန်ကုန်

အနေကဇာမတင်တဲ့ ရုပ်ပွားတော်ကို ကိုးကွယ်သင့်/မသင့်

အမေး။ ။ အရှင်ဘုရား တစ်ခါက လူတစ်ယောက်က သူဟာ အနေကဇာတင်မှု မပြုလုပ်ရသေးတဲ့ ဆင်းတုတော်ကို သာမန်အရုပ်တစ်ခုလိုပဲ သဘောထားပါတယ်။ ဒါကြောင့် သာမန်ရုပ်ထုတစ်ခုလို့ သဘောထားပြီး လှေခါးထစ် တစ်နေရာ၊ ဧည့်ခန်းစတဲ့ နေရာတွေမှာ အလှကြည့်ဖို့ ထားထားတာပါလို့ တပည့်တော်အား ပြောဖူးပါတယ်။ တပည့်တော်သိချင်တာက အနေကဇာမတင်ဘဲ ရုပ်ပွားတော်ကို ကိုးကွယ်သင့်/မသင့်ဆိုတာနဲ့ အနေကဇာမတင်သေးတဲ့ ဆင်းတုတော်များကို မသင့်တော်တဲ့ လှေခါးရင်းစတာတွေမှာ ထားသင့်/မသင့်ဆိုတာကို ဖြေကြးပေးတော် မူပါဘုရား။

ဦးကုမာရ
ခေတ္တစင်္ကာပူ

Tuesday, September 13, 2011

ပုဗ္ဗနိမိတ်ငါးပါးကို နတ်တိုင်းမြင်ရပါသလား။

အမေး။ ။ ဘုန်းဘုန်း……သုဗြဟ္မာနတ်သားဟာ နတ်သမီး(၁၀၀)ခြံရံပြီး နန္ဒ၀ံဥယျာဉ်တော်ကို သွားကြပါတယ်။ နတ်သမီး(၅၀၀)က အပင်ပေါ်တက်ကာ သီချင်းဆိုပြီး ပန်းများခူးနေကြတယ်။ နတ်သမီး(၅၀၀)က အပင်အောက်ရောက်လာတဲ့ ပန်းပွင့်များကို သူတို့သခင်နတ်သားအတွက် ပန်းသီကုန်းနေကြတယ်။ ရုတ်တရက် အပင်ပေါ်ရှိမှ သီချင်းဆိုသံများ တိတ်ဆိတ်သွားပါတယ်။ အပင်ပေါ်ကြည့်လိုက်တော့ နတ်သမီး(၅၀၀)ပျောက်နေတာကို တွေ့ရတယ်။ သုဗြဟ္မာနတ်သားက နတ်တို့ မျက်စိနဲ့ ကြည့်တဲ့အခါမှာ အပင်ပေါ်က နတ်သမီး (၅၀၀) စုတိပျက်ကြွေ သေဆုံးပြီး အ၀ီစိငရဲကျသွားတာ မြင်ရတယ်။

ဆိုလိုတာက တစ်နေရာမှာ နတ်တို့စုတိ(သေ)တော့မယ်ဆိုရင် နတ်တို့ရဲ့ ပုဗ္ဗနိမိတ်ငါးမျိုးကို ကြိုတင်တွေ့ရတတ်ပါတယ်လို့ ဖတ်ရပါတယ်။ ဒါဆိုရင်ခုနင်က အပင်ပေါ် နတ်သမီးများကျတော့ သီချင်းဆိုပြီး ရုတ်တရက် စုတိ(သေ)သွားတဲ့အတွက် ပုဗ္ဗနိမိတ်ငါးမျိုးကို ကြိုတင်သိမြင်မဲ့ ပုံမပေါ်ပါဘူး။ တကယ်လို့ ကြိုတင်သိမြင်နေရင် ပျော်ပီး သီချင်းသီဆိုနေမှာလဲ မဟုတ်ဘူး။ ဒီနတ်သမီးငါးရာကတော့ စုတိ(သေ)မှာကို ကြိုတင်မသိနိုင်ဘူးလို့ ယူဆမိပါတယ်။ ဒါဆိုရင် နတ်တိုင်း ပုဗ္ဗနိမိတ်ငါးမျိုးကို ကြိုတင်သိနိုင်ပါသလားဆိုတာ ဖြေကြားပေးတော်မူပါဘုရား။
မဓမ္မစာရီ
ရန်ကုန်

အတင်းပြောခြင်းရဲ့ ရလာဒ်

အမေး။ ။ အရှင်ဘုရား……လူ့ပတ်ဝန်းကျင်မှာအတင်းပြောတတ်တဲ့ အကျင့်ဟာ လူမှုရေးအရ နှာခေါင်းရှုံ့ချင်စ ရာ ဖြစ်နိုင်ပေမယ့် ဆေးပညာအရတော့ မိန်းကလေးတွေအတွက် အကျိုးထူးတွေ ရစေနိုင်တယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မစ်ချီဂန်တက္ကသိုလ်က ပညာရှင်တွေက အတင်းပြောတာဟာ မိန်းကလေးတွေကို ပိုပြီးကျန်းမာစေသလို ပိုပြီးလည်း ပျော်ရွှင်စေတယ်လို့ ဖော်ထုတ်တွေ့ရှိခဲ့လို့ပါပဲ။ သုတေသီတွေရဲ့ အပြောအရတော့ အတင်းပြောတဲ့ မိန်းကလေးတွေရဲ့ ခန္ဓာကိုယ်မှာ progesteroneလို့ခေါ်တဲ့ ဟိုမုန်းတစ်မျိုး ပုံမှန်ထက် အများကြီးပိုပြီး ထွက်လာတတ်ပြီး အဲဒီဟိုမုန်းဟာ လူတစ်ယောက်ချင်းစီရဲ့ စိတ်ဖိစီးမှု ဝေဒနာကို သိသိသာသာ လျော့ပါးစေပါတယ်တဲ့။ မစ်ချီဂန်တက္ကသိုလ်က ပညာရှင်တွေဟာ ကျောင်းသူပေါင်း (၁၆၀)လောက်ကို အတွဲလိုက်သတ်မှတ်ပေးပြီး လေ့လာကြည့်တဲ့အခါမှာ အတင်းအဖျင်းပြောရင်း ဗဟုသုတဖလှယ်ကြတဲ့ မိန်းကလေးတွေက စကားနည်းပြီး အတင်းပြောရတာ ၀ါသနာမပါတဲ့ မိန်းကလေးတွေထက် ကျန်းမာရေးကောင်းပြီး ပျော်ရွှင်တက်ကြွနေတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ကြတယ်။ တပည့်တော်များ သိချင်တာက အတင်းပြောတာနဲ့ ပတ်သက်ပြီး ဘာသာရေးရှုထောင့်က ဘယ်လိုဖြေမလဲဆိုတာ သိချင်ပါတယ်ဘုရား။

သန်းသန်းအေး
ရန်ကုန်

အရက်သောက်မှ လူပီသမှာလား

အမေး။ ။ ဘုန်းဘုန်း…..ဘီယာ၊ ကွမ်း၊ ဆေးလိပ် တွေဟာဟာ ငါးပါးသီလထဲပါပါသလားဘုရား၊ ဘီယာတို့၊ ကွမ်း၊ ဆေးလိပ်များကို မသောက်တတ် မသုံးတတ်ဘူးဆိုရင် လူမပီသဘူး၊ သုံးတတ်၊ သောက်တတ်မှ လူပီသတယ်လို့ ပြောနေကြတယ်ဘုရား။ ဒါနဲ့ပတ်သက်ပြီး အဖြေပေးစေချင်ပါတယ်ဘုရား။
ခင်ဖုန်းမြင့်
ကွန်ပျူတာတက္ကသိုလ်

Monday, September 12, 2011

သိမ်အကြောင်း တစေ့တစောင်း

အမေး။ ။ အရှင်ဘုရား….သိမ်နဲ့ပတ်သက်ပြီး မေးချင်ပါတယ်ဘုရား။ သိမ် ဘယ်နှစ်မျိုးရှိပါသလဲဘုရား။ ဘာလို့ သိမ်ကွဲပြားတာလဲ၊ ခဏ္ဍသိမ်ဆိုတာ ဘာကိုခေါ်တာလဲဘုရား၊ ဘယ်သိမ်က ဘယ်လိုအာနိသင်ရှိပါလဲ၊ သိမ်ဝင်အပ်၊ ချည်တွေက ဘယ်လိုများ စွမ်းပါသလဲဆိုတာ ရှင်းပြပေးပါဘုရား။ သိမ်သမုတ်မယ်ဆိုရင် သာသနာရေးဦးစီးဌာန ခွင့်ပြုစာ မြေစာရင်းဦးစီးဌာနတွေလည်း ပါရတယ်ဆိုတာ ကြားမိပါတယ်ဘုရား၊ ဒါနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ ရှင်းပြပေးတော်မူပါဘုရား။

ခွန်မြလှိုင်
ချင်းမိုင်(ဇင်းမယ်)

တရံတခါ သောက်တာ အပြစ်ရှိလား

အမေး။ ။ အရှင်ဘုရား ယောင်္ကျားလေး တစ်ယောက်အနေနဲ့ တစ်ခါတစ်လေ သောက်တာစားတာ အပြစ်ရှိပါသလား၊ မေတ္တာရှေ့ထားဖြေကြားပေးတော်မူပါဘုရား။

ပိုင်မင်းဦး
Usa

သူများအတွက်လား ကိုယ့်အတွက်လား

အမေး။ ။ အရှင်ဘုရား အသက်ရှင်နေတာ ကိုယ့်အတွက်လား၊ သူများအတွက်လား ကိုယ့်အတွက်ရော သူများအတွက်ရောလားဆိုတာသိချင်ပါတယ်ဘုရား။

သန်းသန်းအေး
ရန်ကုန်

Sunday, September 11, 2011

ဘုရားဂုဏ်တော်ဆယ်ပါးနှင့်ပတ်သတ်၍ ရှင်းလင်းချက်

ဘုရားဂုဏ်တော်ကိုးပါးလို့ အရိုးစွဲလာတာကြာတော့လည်း ဆယ်ပါးဆိုတာကို လက်မခံနိုင်၊ မယုံကြည်နိုင် ဖြစ်လာကြပါတယ်။ ဒါ့ကြောင့်လည်း ဦးဇင်းအား စောဒကမေးခွန်းများ ရောက်လာတာများတဲ့ အတွက် ထပ်မံရှင်းလင်းပေးလိုက်ရခြင်းပါ။ ဦးဇင်း ဘုရားဂုဏ်တော်ကိုးပါးကို ဆယ်ပါးလို့ ရေးတင်ဖို့စာရေးနေ ကတည်းက ဒါဟာ စောဒကတွေ တက်လာမှာသေချာတယ်ဆိုတာ မှန်းဆတွက်ထားပြီးသားပါ။ ဒါ့ကြောင့်လည်း ခု ဖြေရှင်းချက်ကို ထပ်မံတင်ပေးဖို့အတွက် အရန်သင့် ရေးထားလိုက်တာပါ။

Saturday, September 10, 2011

မြတ်ဗုဒ္ဓ၏ ၀ိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော်များနှင့်ပတ်သတ်၍

မေး။ ။ ဦးဇင်းဘုရား လူတွေတော်တော်များများ ပြောနေကြပါတယ်ဘုရား။ တပည့်တော်လည်း အကျယ်တ၀င့်သိလို့ပါ၍ သနားဂရုဏာထားပြီး ဖြေကြားပေးတော်မူပါဘုရား။ ၀ိဇ္ဖာသုံးပါး၊ ၀ိဇ္ဖာရှစ်ပါး၊ စရဏတစ်ဆယ့်ငါးပါးကို တပည့်တော် သိလိုပါ၍ ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား။ ဦးဇင်း စိတ်ချမ်းသာကိုကျန်းမာပြီး ဘာသာသာသနာအကျိုးတွေ ဒီထက်မကဆောင်ရွက်နိုင်ပါစေဘုရား။

တင်လွန်း၊ မလေးရှား။

ဘုရားရှင် မုဒြာရဲ့အဓိပ္ပါယ်

အမေး။ ။ မြတ်စွာဘုရား ထိုင်တော်မူနေတဲ့ပုံတစ်ခုမှာ လက်တော်နှစ်ဘက်ကို ရင်ဘတ်အရှေ့မှာ ကြက်ခြေခတ်ပုံ ယှက်ထားတာကို တွေ့ရပါတယ်။ လက်ညိုးနှစ်ချောင်းနှင့် လက်သန်းနှစ်ချောင်းက အပေါ်ကို ဦးတည်ထားပြီး အလယ်နှစ်ချောင်းစီကထိလျက် အောက်ကို ဦးတည်ထားတာ တွေ့ရပါတယ်။ အဲဒါ ဘာအဓိပ္ပါယ်လဲဆိုတာ သိပါရစေဘုရား။

မောင်တိုးနန္ဒ
ဆစ်ဒနီမြို့

‘မိမိကိုယ်ကိုယ်အားကိုးပါ’ က ဘုရားစကားတော်လား

အမေး။ ။ အရှင်ဘုရား တပည့်တော် တခါတရံ တရားအားထုတ်ဖြစ်ပါတယ်ဘုရား။ ဘုရားရှင်က မိမိကိုယ်ကို အားကိုးပါဆိုတာကို တပည့်တော် မယုံဘူးဆိုတာ တပည့်တော်သိနေတယ်။ မိမိကိုယ်ကို အားကိုးပါ ဆိုတာ ဘုရားပြောတဲ့စကား ဟုတ်မဟုတ်ဆို တပည့်တော် အမြင်မရှင်းဘူးပါ။ ဒီအတွက် အဖြေပေးတော်မူပါ အရှင်ဘုရား။

ကိုမျိုး

(Dhammaransi.net) Australia

ဘာသာမဲ့များသေရင် ဘယ်ဘ၀ကို ရောက်နိုင်ပါသလဲ

အမေး။ ။ အရှင်ဘုရား ဘယ်ဘာသာမှ ကိုးကွယ်မှုမရှိတဲ့ လူတစ်ယောက်အနေနဲ့ လက်ရှိဘ၀မှာရော တမလွန်ဘ၀မှာပါ ဘယ်လိုအခြေအနေမျိုး ဖြစ်လာနိုင်ပါသလဲဘုရား။

ရန်အောင်ဖြိုး
ရုရှား

Friday, September 9, 2011

စာရိုက်ခြင်းဟာ ဘယ်ကံမြောက်ပါသလဲ

အမေး။ ။ အရှင်ဘုရား အွန်လိုင်းပေါ်ကနေ စာရိုက်ပြီး လူတစ်ယောက်ကို အပြစ်တစ်ခုခု ကျူးလွန်မိရင် ဘယ်ကံမြောက်နိုင်ပါသလဲ။ လက်နဲ့စာရိုက်ရတော့ ကာယကံလို့ ထင်မိပါတယ်ဘုရား။ တပည့်တော်အား ကာယကံဟုတ်မဟုတ် ဖြေကြားပေးစေလိုပါတယ်ဘုရား။

စုမြတ်စန္ဒီ
ဝါးခယ်မ

အဆိုးဝါးဆုံးရောဂါ

အမေး။ ။ ဒီကနေ့ခေတ် လူတွေမှာ အသဲစီပိုးရောဂါ၊ ကင်ဆာရောဂါ၊ လူတုတ်ကွေးရောဂါစတဲ့ ရောဂါများ ခံစားကြရပါတယ်။ ခေတ်ပေါ်ရောဂါများလို့လည်း ပြောနိုင်တာပေါ့ဘုရား။ ဒီရောဂါများနဲ့ သေဆုံးကြရတဲ့သူများလည်း ကမ္ဘာတစ်ဝန်း များပြားလှပါတယ်ဘုရား။ တပည့်တော်သိချင်တာက ဒီလိုရောဂါမျိုး ဘုရားရှင်လက်ထက်က ဖြစ်ဖူးခဲ့ပါသလားဘုရား။ ဒီထက်ဆိုးတဲ့ရောဂါမျိုးကော ရှိပါသလား၊ လောကမှာ အဆိုးဆုံးရောဂါဟာ ဘာရောဂါမျိုးလဲဆိုတာ သိချင်ပါတယ်ဘုရား။

မနွယ်နွယ်အေး
ရန်ကုန်

ဘုရားရှင် ၀ါကပ်တော်မူခဲ့တဲ့နေရာများ

အမေး။ ။ အရှင်ဘုရား တပည့်တော်များ ဘာသာရေးစာပေများကိုဖတ်တဲ့အခါ ဘုရားရှင် ၀ါကပ်တော်မူခဲ့တဲ့ နေရာများကိုများစွာ တွေ့ရပါတယ်။ တပည့်တော်သိချင်တာက မြတ်စွာဘုရား သက်တော်ထင်ရှားရှိတော်မူစဉ်က ၀ါကပ်တော်မူခဲ့တဲ့နေရာများကို စုံစုံလင်လင် သိချင်ပါတယ်။ အားလုံးလည်းသိရအောင်လို့ အဖြေပေးတော်မူပါအရှင်ဘုရား။

မနွယ်နွယ်အေး
ရန်ကုန်

Thursday, September 8, 2011

မွေးနေ့ကို မင်္ဂလာလို့ခေါ်ပါသလား

အမေး။ ။ အရှင်ဘုရား လူတွေဟာ မွေးနေ့ကို မင်္ဂလာလို့ ပြောနေကြပါတယ်။ မွေးနေ့မင်္ဂလာဆိုပြီး ကြားနေရတာလည်း ကြာပါပြီဘုရား။ တပည့်တော်ထင်တာက ဘုရားအလောင်း အရိယာသူတော်ကောင်းတွေ မွေးဖွားလာမှ မင်္ဂလာလို့ယူဆပါတယ်ဘုရား။ သာမာန် ပုထုဇဉ်တွေ မွေးလာတာတော့ မင်္ဂလာလို့ မယူဆပါဘုရား။ တပည့်တော်သိချင်တာက မွေးနေ့ဆိုတာ မင်္ဂလာဟုတ်မဟုတ် သိချင်ပါတယ်ဘုရား။

Dr. တင့်ဇင်ဦး

Mensfield, England

၂၀၁၂ မှာ ကမ္ဘာပျက်မှာလား

အမေး။ ။ အရှင်ဘုရား ၂၀၁၀ ဇန်န၀ါရီလ (၁၅)ရက်နေ့မှ အကြာမြင့်ဆုံး နေကြတ်မှုဖြစ်ပေါ် မယ်။ နေကြတ်ခြင်းကြောင့် (၂၀၁၂)ခုနှစ်၊ဒီဇင်ဘာလအတွင်းမှာ ကမ္ဘာပျက်ကိန်း ဖြစ်နိုင်ချေရှိတယ် လို့ နိုင်ငံကျော်ဗေဒပညာရှင်တစ်ဦးက ဟောကိန်းထုတ်ထားပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အင်တာနက် စာမျက်နှာပေါ်မှာ သတင်းတွေပြန့်နေပါပြီဘုရား။ တပည့်တော်သိချင်တာက ဗေဒပညာရှင် များ ပြောဆိုယူဆနေသလို (၂၀၁၂)ခုနှစ်မှာ ကမ္ဘာပျက်မယ်ဆိုတာ မှန်/မမှန် သိချင်ပါတယ်ဘုရား။
မောင်ဇော်မျိုး
ရန်ကုန်

ဓမ္မဒါနအကြောင်း

အမေး။ ။ ဓမ္မဒါနအကြောင်းနဲ့ပတ်သက်ပြီး တပည့်တော်သိချင်ပါတယ်၊ ဖြေကြားတော်မူပါဘုရား။
ကိုမျိုး
သြစတေးလျား

Wednesday, September 7, 2011

အတုယူမမှားစေလို

ယနေ့ခေတ်လူငယ်များဟာ အတတ်ပညာများကို သိမြင်ရုံဖြင့် တက်သိနားလည် သဘော ပေါက်လွယ်နေကြပါတယ်။ တိုင်းတစ်ပါးမှ အတက်ပညာဗဟုသုတပညာများကို သိမြင်ရုံဖြင့် တက်သိနားလည်နေတဲ့ခေတ်မှာ မကောင်းသောအတတ်ပညာ၊ အတွေးအခေါ်အယူအဆ၊ ၀တ်စားဆင်ယင်မှုများကို အတုယူမမှားအောင် ဆင်ခြင်စဉ်းစားကြဖို့ အရေးကြီးပါတယ်။ လူငယ် လေးများ အတုယူမမှားစေရန်မှာ ပတ်ဝန်းကျင်ရှိအနေနီးသူ လူကြီးများ၏ ပြောဆိုဆုံးမ နေထိုင်မှုပေါ်၌ မူတည်ပါတယ်။

အ၀တ်အစားထက် စိတ်သာအဓိကပါ

အမေး။ ။ ဘုရားသွားတဲ့အခါ ဘောင်းဘီစကပ်တွေဝတ်ပြီး သွားကြပါတယ်။ အ၀တ်အစားဟာ အဓိကမဟုတ်ဘူး စိတ်ပဲအရေးကြီးတယ်လို့ သူငယ်ချင်းများက ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး ခေတ်လူငယ်များအတွက် အမြင်ရှင်းအောင် ဖြေကြားပေးစေလိုပါတယ်ဘုရား။

ခင်ဖုန်းမြင့်
ကွန်ပျူတာတက္ကသိုလ်

ရှင်အရဟံရဲ့ မြန်မာပြည်တရားဦး

အမေး။ ။ ရှင်အရဟံက အနော်ရထာမင်းကို ပထမဆုံး ဟောတဲ့တရားဦးများရှိရင် သိပါရစေပါဘုရား။

Dr. တင့်ဇင်ဦး

Men sfield, Endland

မိဘများ သုဂတိရောက်နိုင်အောင် ဘယ်လိုလုပ်မလဲ

အမေး။ ။ ဘုန်းဘုန်းဘုရား သားသမီးက တော်ရင်ထက်မြက်ရင်လိမ္မာရင် မိဘများမှာက သုဂတိဘုံ ရောက်တယ်ဆိုတာ လက်ခံနိုင်ပါသလားဘုရား။ ဖြေကြားပေးစေလိုပါတယ်ဘုရား။

မောင်ဇော်မျိုး
ရန်ကုန်

Tuesday, September 6, 2011

စိတ်ချင်းမတူတာ ဘာကြောင့်လဲ

အမေး။ ။ လူအချင်းချင်း ဘာကြောင့် စိတ်ဓါတ်ချင်း မတူရတာလဲ။ ဘ၀ဆက်တိုင်း စိတ်တွေက အတူတူပဲလား။

ခင်ဖုန်းမြင့်
မြိတ်ကွန်ပျူတာတက္ကသိုလ်

မန္ဓာတုမင်းအကြောင်း သိချင်ရင်

အမေး။ ။ အရှင်ဘုရား မန္ဓာတုစကြာမင်းအကြောင်း သိချင်ပါတယ်။ အဖြေပေးတော်မူပါဘုရား။

Dr. တင့်ဇင်ဦး
Man sfield, England

ရုပ်အစစ်မဟုတ်တဲ့ ရုပ်တရားအတု

အမေး။ ။ အရှင်ဘုရား ရုပ်အတု (၁၀)ပါး ရှိတယ်လို့ ဖတ်ရပါတယ်ဘုရား။ ဒီရုပ်အတု (၁၀)ပါး ပေါ်ကို လက္ခဏာရေး(၃)ပါးတင်ပြီး ဝိပဿနာ မရှုကောင်းလို့ဆိုပါတယ်ဘုရား။ ဘာကြောင့် မရှုကောင်းတာလဲဆိုတာ သိချင်ပါတယ်ဘုရား။

ထွန်းလင်းကြည်
ပျဉ်းမနား

လူဝင်စားဟာ ဘ၀အဆက်ဆက် တစ်ယောက်ထဲများလား

အမေး။ ။ အမေရိကန်နိုင်ငံက အသက်(၁၁)နှစ်အရွယ်ခလေးတစ်ယောက်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၂၅၀)လောက် ပျံလွန်တော်မူခဲ့တဲ့ ဗုဒ္ဓဘုရားဝင်စားတယ်လို့ပြောကာ ကျောင်းဆက်မတက်တော့ဘဲ အိမ်ကို ပြန်လာခဲ့တယ်လို့ သိရပါတယ်။ Bostonမှာမွေးတဲ့ Jigme Wangchukလို့ခေါ်တဲ့ခလေးဟာ အခုဆိုရင် အိန္ဒိယနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ Darjeeling မြို့ရှိ ဗုဒ္ဓဘာသာဂိုဏ်းတစ်ခုမှာ ခေါင်းဆောင်အကြီးအကဲလုပ်ဖို့ ထွက်ခွာသွားပါပြီ။ သူ့ရဲ့ မိဘနှစ်ပါး ပြောကြားခဲ့တာကတော့ သူတို့ရဲ့သားဟာ ငယ်ငယ်ကတည်းက တခြားခလေးတွေနဲ့ မတူသလို စပြီးစကားပြောတတ်ချိန် (၂)နှစ်သားအရွယ်လောက်ကတည်းက သူ့ရဲ့ဘ၀ဟောင်းတွေကို စတင်ပြောခဲ့ပါတယ်။ ဒါတွေကို တပည့်တော် အင်တာနက်စာမျက်နှာတစ်ခုမှာ ဖတ်လိုက်ရပါတယ်ဘုရား၊ တပည့်တော်သိချင်တာက လူဝင်စားအကြောင်းနဲ့ ပတ်သက်ပြီး ဘုရားဟောနှင့်ညှိပြီး ဖြေကြားပေးစေလိုပါတယ်။

အောင်ကျော်နိုင်
ဆစ်ဒနီ၊ သြစတေးလျား

Monday, September 5, 2011

ဒါကတော့ ဒီတစ်ပါတ်ထွက်တဲ့ Shade journalလေးပါ

တကယ်ချစ်ရဲ့လား အမည်ပေးထားတဲ့ဆောင်းပါးကို ဒီတစ်ပါတ် Shade journal မှာ ဖော်ပြထားတာကို အားလုံးအလွယ်တကူ ဖတ်လို့ရအောင် ဒေါင်းလို့ရမဲ့ လင့်လေးကို ပေးလိုက်ပါတယ်။ ဒေါင်းလော့ဆွဲရမဲ့ နေရာကတော့ http://www.mediafire.com/?wowdy8jhi83c25o မှာ ဆွဲလိုက်ပါ။

ဒီလိုအိမ်မျိုး နောက်သွားရအုံးမှာလား

အမေး။ ။ အရှင်ဘုရား ရဟန်းတော်များမှာ ဒါယကာ/မတို့ရဲ့ ပစ္စည်းလေးပါး အထောက်အပံ့ရမှာသာ သာသနာပြုနိုင်ကြပါတယ်ဘုရား။ တခါတရံ တစ်ချို့ရင်းနှီးတဲ့ အိမ်တွေကို မလွဲမရှောင်သာ သွားရပါတယ်။ အဲဒီအခါမျိုးမှာ ရဟန်းသံဃာတော်များ ကြွလာမှန်းသိပါလျက် အဖက်မလုပ်၊ ခရီးဦးလည်းမကြိုဆိုတာတွေ့ရပါတယ်။ ရဟန်းတော်များအတွက် စိတ်မကောင်းရုံမှတစ်ပါး ဘာမှမတတ်နိုင်ပါ။ တပည့်တော်သိချင်တာက ဒီလိုအိမ်မျိုးကို နောက်တစ်ခါ သွားသင့်/မသင့်ဆိုတာ သိချင်ပါတယ်ဘုရား။

မနွယ်နွယ်အေး
ရန်ကုန်

လူတို့ရဲ့ အရိုးကို စေတီတည်ကောင်းပါသလား

အမေး။ ။ အရှင်ဘုရား ရုပ်ရှင်မင်းသားတစ်ဦးရဲ့ အရိုးပြာနဲ့ စေတီတည်မယ်လို့ကြားမိပါတယ်။ အဲ့ဒါပုတုဇဉ်လူသားတစ်ဦးရဲ့ အရိုးပြာနဲ့စေတီတည်ကောင်းပါသလားဘုရား။

ပိုင်မင်းဦး
USA

မဟာယာနမှာလဲ ဓါတ်တော်တွေနဲ့

အမေး။ ။ အရှင်ဘုရား တပည့်တော်ဟာ ထေရ၀ါဗုဒ္ဓဘာသာကို အသက်နဲ့လဲပြီး ကြည်ညိုသူ တစ်ဦးဖြစ်ပါတယ်။ လျှောက်ထားချင်တာက မဟာယာနဗုဒ္ဓဘာသာဝင် ရဟန်းတော်များမှာလည်း ရဟန္တာဆိုတာ ဖြစ်နိုင်ပါသလားဘုရား။ သူတို့ရဲ့ဓါတ်တော်များ ချန်ထားနိုင်ပါသလား၊ မဟာယာန ဗုဒ္ဓဘာသာရဟန်းတော်/သီလရှင်ကြီးများရဲ့ ဓါတ်တော်များကို တင်ပေးထားတဲ့ (http://slz.goodweb.cn/monk_27.asp) website မှာ တွေ့မြင်ခဲ့ရပါတယ်ဘုရား။ ထိုwebsite မှာ ဆရာတော်ကြီးများကို ရဟန္တာလို့ ပြောထားခြင်းမရှိပါ။ ထိုဆရာတော်ကြီးများဟာ ဘယ်လိုနည်းကိုကျင့်သုံးပြီး ဓါတ်တော်များ ချန်ထားခဲ့ပါသလဲဘုရား။ တရုတ်ပြည်မှာ ၀ိပဿနာအသံကို ကြားရဖို့ မလွယ်ပါ။ တကယ်လို့ ထိုဆရာတော်ကြီးများဟာ ရဟန္တာဖြစ်လျှင် ဘယ်လိုဝိနည်းကိုလိုက်နာပြီး အဘယ်ကျင့်စဉ်ကို ကျင့်သုံးသလဲဆိုတာ တပည့်တော်သိချင်ပါတယ်ဘုရား။
ဦးတင်လျှက်
ရဲလင်း

Sunday, September 4, 2011

ဂရုကံကြောင့်သေရင် အပါယ်တန်းကျပါသလား

အမေး။ ။ အကုသိုလ်ဂရုကံ ကျူးလွန်သူများဟာ ဒီဘ၀မှာ မဂ်ဖိုလ်မရနိုင်ဘူးလို့ သိထားပါတယ်ဘုရား၊ ကျူးလွန်သူဟာ လက်ရှိဘ၀မှသေပြီး အခြားမဲ့မှာ အပါယ်ငရဲ တန်းကျတာလားဘုရား။ လွန်ခဲ့တဲ့ အတိတ်ဘ၀က ကျူးလွန်ခဲ့မယ်ဆိုရင် ယခုလက်ရှိဘ၀ကနေ ကွယ်လွန်တဲ့အခါ အပါယ်တန်းကျနိုင်ပါသလားဘုရား။

မရီမော်အိ
မဲဆောက်

ငလျင်လုပ်တဲ့အကြောင်း ဗုဒ္ဓဟောခဲ့ပါသလား

အမေး။ ။ ယခု၂၀၀၉ခုနှစ်၊ ကမ္ဘာအ၀ှမ်း နိုင်ငံများမှာ မြေငလျင်ဒါဏ်နှင့် မုန်တိုင်းဒါဏ်ကို အလူးအလဲ ခံကြရပါတယ်။ အင်ဒိုနီးရှားမှာဆိုရင် ဒီနှစ်ထဲမှာ ငလျင်အကြိမ်ကြိမ် လှုပ်ခဲ့ပါတယ်။ အချို့နေရာများမှာ မုန်တိုင်းထန်ခဲ့ကြပါတယ်။ မုန်တိုင်းတောင်မှ သာမာန်မုန်တိုင်းမဟုတ်ဘူး၊ စူပါတိုင်ဖွန်မုန်းတိုင်း အဆင့်အထိတောင် တိုက်ခတ်ခဲ့ပါတယ်။ သပ္ပံပညာရှင်များက နျူကလီးယားကြောင့် သဘာဝပတ်ဝန်းကျင်များ ညစ်ညမ်းမှု များလာပါတယ်။ အဲဒီကနေ မုန်တိုင်းကျတာတို့ ငလျင်လှုပ်တာတို့ ဖြစ်ကြတယ်လို့ဆိုပါတယ်။ တပည့်တော်သိချင်တာက ငလျင်လှုပ်တာနဲ့ပတ်သက်ပြီး ဘုရားရှင် မိန့်တော်မူခဲ့တာတွေ ရှိပါသလား၊ တကယ်လို့ ရှိခဲ့တယ်ဆိုရင် မကြာသေးခင်ကမှ အင်ဒိုနီးရှားမှာ ဘာ့ကြောင့်ငလျင် လှုပ်ခဲ့တာလဲဆိုတာကို ဘုရားဟောနဲ့အညီ အဖြေပေးစေချင်ပါတယ်ဘုရား။

မနွယ်နွယ်အေး
ရန်ကုန်

ဟန်ဆောင်လင်မယားလုပ်ရင် ကာမေသုမိစ္ဆာစာရကံထိုက်ပါသလား


အမေး။ ။ ယနေ့ခေတ် အမျိုးသမီးတစ်ချို့ဟာ ဟန်ဆောင်လက်ထပ်ပြီး နိုင်ငံခြား တိုင်းပြည်မှာ နေထိုင်ခွင့်ရရှိအောင် ကြိုးပမ်းကြပါတယ်ဘုရား။ ဟန်ဆောင်လက်ထပ်တယ် ဆိုပေမဲ့ နှစ်နိုင်ငံစလုံးမှာ ဥပဒေအရတော့ တကယ်လက်ထက်ရပါတယ်ဘုရား။ ပြည်ပရောက်တဲ့အခါ ဟန်ဆောင်လက်ထပ်ထားတဲ့သူနဲ့ အတူနေထိုင်ခြင်းမရှိတော့ပဲ၊ ကိုယ်နှစ်သက်တဲ့သူနဲ့ မိန်းမကလည်း ယောင်္ကျားအသစ်ထပ်ယူသလို၊ ယောင်္ကျားကလည်း မိန်းမအသစ် ထပ်ယူပါတယ်ဘုရား။ သူတို့နှစ်ယောက်မှာ “ကာမေသု” ကံထိုက်/မထိုက်နှင့် ကာမေသုကိုလည်း အကျယ်သိလိုပါတယ်ဘုရား။ ထိုအဖြေအတွက် အရှင်ဘုရားရဲ့ အမေးအဖြေကဏ္ဍမှာ စောင့်မျှော်နေပါမယ်ဘုရား။
လှိုင်းအိမ်
ထိုင်ဝမ်

Saturday, September 3, 2011

ဘုရားအထက်ကနေရင် ငရဲကျနိုင်ပါသလား

အမေး။ ။ အရှင်ဘုရားရဲ့ စာအုပ်ဖတ်ရတဲ့အတွက် တပည့်တော်တို့လူငယ်တွေမှာ ကိုယ့်ဘာသာရေးထဲေ၀၀ါးနေတဲ့အချက်တွေကို ရှင်းရှင်းလင်းလင်း သိမြင်ရပါတယ်။ တပည့်တော်တစ်ခုမေးလျှောက်ပါရစေဘုရား။ သက်တမ်းရှည်တဲ့ကကုသန်စတဲ့ဘုရားရှင်များဟာ ဓါတ်တော်သီးခြားမကျဘဲ ရုပ်ကလာပ်တော်ကျန်ရစ်ပြီး အဲဒီရုပ်ကလာပ်တော်များကို စေတီတည်ထားတယ်၊ ကမ္ဘမြေကြီးအတွင်းမှာ ယခုတိုင် တည်ရှိနေပါတယ်လို့ ဖတ်ရသိရပါတယ်ဘုရား။ ဒါနဲ့စပ်လို့ ဂေါတမဘုရားရှင် ဆံတော်ပယ်စဉ်က ဆံတော်ကို သိကြားမင်းက ကလပ်နဲ့ခံပြီး နတ်ပြည်မှာ စေတီတည်သလို မြင့်မြတ်တဲ့ဘုရားရှင်တို့ရဲ့ ရုပ်ကလာပ်တော်များရှိရာ စေတီများကို ဘာ့ကြောင့်နတ်ပြည်မှာမတည်ဘဲ မြေကြီးထဲထားရတာလဲဘုရား။ ဘုရားရင်ပြင်တော်ပေါ်ကိုတောင် ဖိနပ်စီးပြီး တက်လို့မှမရတာ။ ဒီအတိုင်းဆို တပည့်တော်တို့ ငရဲမကျနိုင်ဘူးလားဘုရား။

မေသက်လှိုင်
လာရှိုး

အရိမေတ္တေယျဘုရား ဘယ်အချိန်ပွင့်သလဲ

အမေး။ ။ အရိမေတ္တေယျဘုရားရှင်ဟာ ဘယ်အချိန်မှာ ပွင့်မှာလဲဘုရား။ အရိမေတ္တေယျဘုရားရှင် ပွင့်တော်မူပြီးမှ ကမ္ဘာက ပျက်မှာလား၊ မပွင့်သေးခင် ပျက်မှာလားဆိုတာ သိချင်ပါတယ်ဘုရား။
မေသက်လှိုင်
လာရှိုး

ဘာသာတူမှ လက်ထပ်ရမှာလား

အမေး။ ။ တပည့်တော်တစ်ခုမေးချင်ပါတယ်ဘုရား ခရစ်ယာန်၊ အစ္စလာမ်တို့မှာ ဘာသာမတူရင် ယူလို့မရ၊ အပြစ်ဖြစ်တယ်လို့ သိရပါတယ်ဘုရား။ ဗုဒ္ဓဘာသာမှာကော ဘာသာမတူရင် မယူရဘူး မချစ်ကြိုက်ရဘူးလို့ ပါပါသလား၊ ရှိပါသလားဘုရား။

Friday, September 2, 2011

အွန်လိုင်းမှာ ချစ်သူဖြစ်ကြတာ ကာမေသုထိုက်ပါသလား

အမေး။ ။ အရှင်ဘုရား အွန်လိုင်းပေါ်မှာ လူတစ်ယောက်နဲ့တွေ့ပါတယ်၊ မမျှော်လင့်ဘဲ သူနဲ့ အွန်လိုင်းပေါ်မှာ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ နောက်တော့ လူလွတ်တစ်ယောက်မဟုတ်ဘဲ အိမ်ထောင်နဲ့လို့သိရပါတယ်။ တပည့်တော်မှာလဲ သမီးလေး တစ်ယောက်နဲ့ပါ။ တပည့်တော်သိချင် တာက အွန်လိုင်းပေါ်မှာပဲတွေ့ကြပြီး အွန်လိုင်းပေါ်မှာပဲ ချစ်ကြိုက်ကြတာ “ကာမေသုမိစ္ဆာစာရကံ” ထိုက်မထိုက် သိချင်ပါတယ်ဘုရား။

မငယ်ငယ်
မော်လမြိုင်

ကာလာမသုတ်ဖြစ်ပေါ်လာပုံသမိုင်း

အမေး။ ။ အရှင်ဘုရား ဘာသာခြားများအား ဗုဒ္ဓဘာသာဝင်ဖြစ်စေတဲ့ ဗုဒ္ဓဘာသာရဲ့လွတ်လပ်မှုကိုပြတဲ့ ကာလာမသုတ်ကိုဟောဖြစ်ပုံ သမိုင်းကြောင်းသိချင်ပါတယ်။ ပါဠိ၊ မြန်မာ၊ အင်္ဂလိပ် သုံးဘာသာနဲ့ အပြည့်အစုံသိချင်ပါတယ်ဘုရား။
ရိုသေစွာဖြင့်
မင်းမောင်
ဖြူး

ဘုရားဥပဒေများကို ခေတ်ကာလအရ ပြောင်းလဲလို့ရပါသလား

အမေး။ ။ အခြေခံဥပေဒတွေဟာ ခေတ်ကာလနဲ့မညီရင် ပြုပြင်လို့ရပါတယ်ဘုရား၊ ဘုရားဥပေဒတော်များကိုလဲ ခေတ်ကာလအရ ပြောင်းလဲသင့်ရင် ပြောင်းလဲလို့ရပါသလားဘုရား။ သင်္ဂါယနာတင်တာနဲ့ အခု The world Buddhist summitနဲ့ အတူတူပါလားဆိုတာ သိချင်ပါတယ်ဘုရား။
မောင်ဇော်မျိုး(Activator)
ရန်ကုန်

Thursday, September 1, 2011

နောင်ပွင့်မဲ့ဘုရားကျမှ ကျွတ်တမ်းဝင်အောင်လုပ်မယ်ဆိုရင်

အမေး။ ။ အရှင်ဘုရား ယခုခေတ်လူငယ်နဲ့လူအတော်များများဟာ အရိမေတ္တေယျဘုရားရှင်လက်ထက်မှာ လူဖြစ်ခွင့်ရအောင်လုပ်ပြီး၊ ကျွတ်တမ်းဝင်အောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်တွေထားကြပါတယ်။ အဲဒါ သင့်မသင့်ဆိုတာသိချင်ပါတယ်ဘုရား။
ခင်ဖုန်းမြင့်
ကွန်ပျုတာတက္ကသိုလ်

နာမ်နှစ်ခုရဲ့အဓိပ္ပါယ်မရှင်းပါ

အမေး။ ။ အရှင်ဘုရား မြန်မာစာအသုံးအနှုန်းမှာ နာမ်ဆိုတာ သက်ရှိ၊ သက်မဲ့၊ ဒြပ်ရှိ၊ ဒြပ်မဲ့၊ အမည်ဟူသမျှကို ‘နာမ်’ လို့ခေါ်ပါတယ်လို့ သင်ရပါတယ်ဘုရား။ ဒီဘက် ဘာသာရေးမှာကျတော့ နာမ်ဆိုတာ စိတ်+စေတသိက်လို့ ခေါ်တာလားဘုရား။ အဓိပ္ပါယ်နှစ်မျိုးကို ဝေါဟာရတစ်မျိုးတည်း သတ်မှတ်ထားတာဟာ မသိတဲ့သူတွေအတွက် နားမရှင်းစရာ ဖြစ်ရပါတယ်။ ဒီအတွက် အဖြေပေးတော်မူပါဘုရား။
အောင်မော်ဟိန်း
ရန်ကုန်

ဗုဒ္ဓဘာသာကိုမယုံကြည်ဘဲ သုဂတိဘုံရောက်နိုင်ပါသလား

အမေး။ ။ ခရစ်ယာန်မှာတော့ သခင်ယေရှုကိုမယုံရင် ငရဲကိုအားလုံး ဒိုးပဲဘုရား။ ဘယ်လောက်ပဲ လှူလှူ။ ကျင့်ကျင့် ကောင်းကင်ဘုံကို မရောက်နိုင်ဘူးလို့ ကျမ်းစာက အတိအလင်း ဆိုထားပါတယ်ဘုရား။ တပည့်တော်သိချင်တာက ဗုဒ္ဓဘာသာကို မကိုးကွယ်ဘဲ ရတနာသုံးပါးကို မယုံကြည်ဘဲ ကောင်းရာမွန်ရာ (သုဂတိဘုံတွေ)ကို ရောက်နိုင်သလား။

ဆလိုင်း ဟန်သာစန်း

နယူးဒေလီ
Powered by Blogger.