Wednesday, August 31, 2011

စော်ကားမှုအပေါ် ဘယ်လိုမြင်ပါသလဲ

အမေး။ ။ အရှင်ဘုရား http://messengerforbuddhist.blogspot.com/ဆိုက်နဲ့ပတ်သက်ပြီး ဗုဒ္ဓဘာသာကို ရစရာမရှိအောင်ပြောထားတာ စိတ်မကောင်းစရာပါဘုရား၊ ဒီအတွက် အရှင်ဘုရားအနေနဲ့ ဘယ်လိုမြင်ပါသလဲ ဘုရား။
Dr.ဦးတင့်
မန်းစဖီးလ်၊အင်္ဂလန်

ဘုရားများပွင့်တော်မူရာ ကာလအပိုင်းအခြား

အမေး။ ။ အရှင်ဘုရား ဘုရားရှင်ငါးဆူဟာ ဘဒ္ဒကမ္ဘာမှာပွင့်တော်မူတယ်လို့ သိရပါတယ်ဘုရား။ တပည့်တော်သိချင်တာက နှစ်ကျိတ်ရှစ်ဆူသောဘုရားရှင်များ ပွင့်တော်မူတဲ့ ကာလအပိုင်းအခြားနဲ့ (၅၁၂၀၂၈)ဆူသောဘုရားရှင်များဟာ ဘယ်ကာလ အပိုင်းအခြားမှာ ပွင့်တော်မူခဲ့ပါသလဲဘုရား။ နောက်တစ်ခုက ဓါရဏပရိတ်တော်မှာ ခုနှစ်ဆယ်ခုနှစ်ကုဋေသောဘုရားများ၊ ကိုးဆယ့် ကိုးကုဋေသောဘုရားများဆိုပြီး ဘုရားရှင်က ဘာကြောင့် ခွဲခြားဟောထားတော်မူခဲ့ပါသလဲဘုရား။
ကိုဝင်းဇော်ဦး
တောင်ငူမြို့

မလွန်ဆန်နိုင်လို့လုပ်ရတာ အပြစ်ဖြစ်ပါသလား

အမေး။ ။ အရှင်ဘုရား ဗုဒ္ဓဘာသာဝင်တစ်ယောက်က အခြေအနေတစ်ခုကို မလွန်ဆန်နိုင်လို့ တစ်ခြားဘာသာဝင်အဖြစ် လက်ခံလိုက်ရပါတယ်ဘုရား။ သူဟာတစ်ခြားဘာသာကို ယုံကြည်မှုမရှိပေမဲ့ သူတို့ရဲ့ထုံးတမ်းစဉ်လာကို တစ်သက်လုံးလုပ်ခဲ့ရပါတယ်။ ထိုအလုပ်အတွက် အပြစ်ဖြစ် နိုင်ပါသလားဘုရား။ ဒီလိုလုပ်လိုက်လို့ သရဏဂုဏ်ပျက်သွားနိုင်ပါသလား၊ တကယ်လို့ ပျက်သွားတယ်ဆိုရင် အပြစ်ဖြစ်နိုင်ပါသလား။
ပြည့်စုံအောင်
ရုရှား

Tuesday, August 30, 2011

ဘာသာခြားများ ၀ိပဿနာအားထုတ်ရပါသလား

အမေး။ ။ အရှင်ဘုရား ဘာသာခြားတစ်ဦးက တပည့်တော်ကိုမေးလာပါတယ်။ သူဟာ ၀ိပဿနာကို စိတ်ပါလက်ပါ အားထုတ်ချင်ပါတယ်။ ၀ိပဿနာတရားအား ထုတ်လို့ရပါသလားဘုရား။ ရတနာသုံးပါးကို မကြည်ညိုသေးတဲ့အတွက် တရားအားထုတ်တဲ့နေရာမှာ အနှောက်အယှက်များ ဖြစ်နိုင်ပါသလားဘုရား။ ဒီလိုမေးရတာကလဲ သရဏဂုဏ်မတည်ပဲ တရားမရနိုင်ဘူးဆိုလို့ သိထားလို့ပါဘုရား။ မေတ္တာရှေ့ထား ဖြေကြားပေးပါဘုရား။
ပြည့်စုံအောင်
ရုရှား

ကိုးန၀င်းနဲ့ ၀ိပဿနာ ဘာကွာလဲ

အမေး။ ။ အရှင်ဘုရား အခု ကိုးန၀င်းအဓိဌာန် ၀င်တာ နှစ်ခေါက် မြှောက် ပီ ဘုရား။ဒီလိုအဓိဋ္ဌာန်ဝင်တာဟာ ကိုယ်ကျိုးမျှော်ပြီး လုပ်တာဖြစ်တဲ့ အတွက် နားသင့်တယ်လို့ ၀ိပဿနာပဲအားထုတ်ပါ လို့ ဓမ္မမိတ်ဆွေတစ်ဦးက အကြံပေးလာပါတယ်။ တပည့်တော် သိချင် တာက အဓိဋ္ဌာန်ဝင်တာနဲ့ ၀ိပဿနာအားထုတ်တာတို့ ကွာခြားပုံကို သိလိုပါတယ်ဘုရား။
မမြသွေး
အင်းလေး

သင်္ကန်းဘယ်ဘက်တင်တာ ဘာ့ကြောင့်လဲ

အမေး။ ။ အရှင်ဘုရား သံဃာတော်များ သင်္ကန်းကို ဘာကြောင့် ဘယ်ဘက်သို့ ရုံကြတာလဲဘုရား။ ညာဘက်ရုံရင်ရော ဘာဖြစ်နိုင်ပါသလဲ။ နောက်တစ်ခုက အလှူပြုခြင်းအကြောင်းနဲ့ပတ်သက်ပြီး တပည့်တော်က တစ်ဦးတစ်ယောက်အား ငွေ(သို့မဟုတ်) ပစ္စည်းလှူလိုက်ပါတယ်။ အလှူခံတဲ့သူက ထိုပစ္စည်းကို တစ်ခြားသူတစ်ယောက်ကို ပေးလှူလိုက်ပါတယ်။ ဒါဆိုရင် တပည့်တော်မှ ကုသိုလ်နှစ်ခါရနိုင်ပါသလားဘုရား။

Monday, August 29, 2011

တရားကို ကူထိုင်ပေးလို့ ရပါသလား

အမေး။ ။ အရှင်ဘုရား တပည့်တော်က “တရားထိုင်ရာမှာ မြတ်စွာဘုရားက ကူထိုင်ပေးတာမရှိ၊ ကျွတ်တမ်းဝင်လိုသူက တရားနာပြီး မိမိဘာသာ ဆိတ်ငြိမ်ရာမှာ တရားထိုင်ရပါတယ်။ ယခုဆရာတော်က တရားကူထိုင်ပေးလို့ရတယ်ဆိုတာ ဖြစ်နိုင်ပါသလားဘုရား”လို့ ဆရာတော်တစ်ပါးအားလျှောက်တော့ ထိုဆရာတော်က “ မြတ်စွာဘုရား ရတာ-မရတာ ဘုန်းကြီးမသိ၊ ဘုန်းကြီးတစ်ပါးကတော့ရတယ်”လို့ အွန်လိုင်းကနေ ပြန်ဖြေလာပါတယ်ဘုရား။ ဆိုလိုတာက တရားအားထုတ်တဲ့အခါ တရားကူထိုင်ပေးလို့ရပါသလားဆိုတာကို ဘုရားဟောကျမ်းဂန်ထောက်ပြီး အားလုံးသိအောင် ဖြေကြားပေးတော်မူပါဘုရား။

ဒေါက်တာတင့်ဇင်ဦး
မန်းစဖီးလ်၊ အင်္ဂလန်

ဥပုသ်နဲ့ (Chatting)ချက်တင် ၀င်လို့ရပါသလား

အမေး။ ။ အရှင်ဘုရား မနက်ဖြန် လပြည့်နေ့မှာ တပည့်တော် ဥပုသ်သီလ ယူလိုပါတယ်ဘုရား။ ဥပုသ်ယူပြီး လုပ်ငန်းခွင်ကိုရောက်တဲ့အခါ အင်တာနက်သုံးတာ ချက်တင်ဝင်တာ(Chatting) အပြစ်ရှိနိုင်ပါသလား အရှင်ဘုရား။ ကရုဏရှေ့ထားပြီး ဖြေကြားပေးတော်မူပါ အရှင်မြတ်ဘုရား ။

မနှင်းလွင်လွင်ကျော်
မကွေး

ကမ္ဘာဦးကြာပန်းထဲက ပရိက္ခရာစောင့်တာ ဃဋိကာရဟုတ်ပါသလား

အမေး။ ။အရှင်ဘုရား ဃဋိကာရဗြဟ္မာဟာ ကဿပဘုရားရှင်လက်ထက်တော်ကမှ သုဒ္ဓါဝါသဘုံကို ရောက်တယ်လို့ ရေးထားပါတယ်ဘုရား။ ကဿပဘုရားရှင်လက်ထက်မှာ လူဖြစ်ရအုံးမယ်ဆိုတော့ ကမ္ဘာဦးမှာပေါ်လာတဲ့ ကြာပန်းထဲက ပရိက္ခရာတွေ သိမ်းထားတာ ဃဋိကာရမှဟုတ်ရဲ့လားလို့ တွေးမိပါတယ်။ ကမ္ဘာဦးထဲက သုဒ္ဓါဝါသဘုံရောက်နေရင်လဲ ကဿပဘုရားရှင်လက်ထက်တော်မှာ လူလာဖြစ်လို့ မရတော့ပါ။ တစ်ခြားကမ္ဘာက ကဿပဘုရားကို ပြောတာလားဘုရား။

Dr.ဒေါ်စန္ဒ၀တီ
မြိတ်

Sunday, August 28, 2011

တရားအားထုတ်တဲ့အခါ စကားပြောရမှာလား

အမေး။ ။ အရှင်ဘုရား တရားအားထုတ်ရင် စကားမပြောရဘူး၊ စကားဟာ တရားရဲ့ အနှောက်အယှက်ဖြစ်တယ်လို့ပဲ သင်ကြားနာယူခဲ့ရဘူးပါတယ်။ ဒါပေမဲ့ နောက်ပိုင်းတရားစခန်းတွေမှာတော့ စကားပြောရင် သတိနဲ့ပြောတာကို တရားစခန်းမှာ လေ့ကျင့်ရမယ် အပြင်ရောက်ရင် ကျင့်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် သတိထားတတ်အောင် စခန်းဝင်နေတဲ့အချိန်လဲ စကားပြောရမယ်။ သတိနဲ့ပြောရမယ်လို့ ညွန်ကြားလာတာတွေ ကြားလာရပါတယ်ဘုရား။ ဆရာတော်ကြီးတစ်ပါးရဲ့ ဟောတရားထဲမှာ “စကားမပြောရင် သမ္မာဝါစာမဖြစ်လို့ မဂ္ဂင်တစ်ပါး ချို့ယွင်းနေသလိုလို” ပြောသွားပါတယ်။ ဒါဆိုရင် ဒီယောဂီတွေက မဂ္ဂင်(၈)ပါးမပြည့်လို့ တရားမရကြတော့ဘူးလို့ အဓိပ္ပါယ်ဖြစ်နေပါတယ်။ တပည့်တော်သိချင်တာက တရားကျင့်ရင် စကားပြောရမှာလား မပြောရဘူးလားဆိုတာကို တိတိကျကျ သိချင်ပါတယ်ဘုရား။

Dr ဒေါ်စန္ဒ၀တီ
မြိတ်-မဟာစည်

အကြွေးကင်းမှ ရဟန်းခံရမှာလား

အမေး။ ။အရှင်ဘုရား လူတစ်ယောက်ဟာ သူများရဲ့ အကြွေးတွေ တင်နေပါတယ်။ သူက ရဟန်းလဲပြုချင်တယ်။ တပည့်တော်သိလိုတာက အကြွေးရှိရက်နဲ့ ရဟန်းခံလို့ ရ/မရ ဆိုတာပါဘုရား၊ ကရုဏာရှေ့ထား ဖြေကြားပေးတော်မူပါဘုရား။

စံမင်းအောင်
တိုက်ကြီး

တရားနဲ့ပူဇော်တာ အမြတ်ဆုံးလို့ ဘာကြောင့်ပြောရတာလဲ

အမေး။ ။ အရှင်ဘုရား ဘုရားရှင်ပရိနိဗ္ဗာန်စံခါနီးမှာ နတ်ဗြဟ္မာတွေက ပန်းနံ့သာတို့နဲ့ပူဇော်လာကြတာကို အကြောင်းပြုပြီး ဘုရားရှင်က “ငါဘုရားကို ပန်းနံ့သာတို့နဲ့ ပူဇော်ပေမဲ့ ပူဇော်တယ်လို့ မခေါ်သေးပါဘူး။ သီလ သမာဓိ ပညာ တရားအားလျော်တဲ့အကျင့်ပဋိပတ္တိကို ကျင့်နေတဲ့ပုဂ္ဂိုလ်မှသာ ငါဘုရားကို အမွန်မြတ်ဆုံး ပူဇော်ခြင်းနဲ့ ပူဇော်ရာရောက်ပါတယ်”လို့ မိန့်တော်မူထားပါတယ်။ တပည့်တော် သိချင်တာက ဘုရားရှင်ဟာ ယခင်က ပစ္စည်းဝတ္ထုနဲ့ ဘုရားရှင်ရဲ့ဂုဏ်ကျေးဇူးကိုဆင်ခြင်ပြီးလှူရင် အကျိုးကြီးမြတ်ကြောင်း ကို ဟောကြားတော်မူပါလျှက် ယခုပရိနိဗ္ဗာန်ပြုခါနီးကျမှ ပစ္စည်းနဲ့ပူဇော်တာထက် တရားနဲ့ပူဇော်တာက ပိုပြီးအကျိုးကြီးမြတ်တယ်လို့ ဘာကြောင့် ပစ္စည်းနဲ့ပူဇော်တာကို ပယ်ရတာလဲဘုရား။

မနွယ်နွယ်အေး
ရန်ကုန်

Saturday, August 27, 2011

ဘုရားရှင်က ကျားမ တန်းတူထားပါသလား

အမေး။ ။ အရှင်ဘုရား ဓမ္မမိတ်ဆွေအမျိုးသမီးကြီးတစ်ဦးက ပြောပါတယ်။ သူဟာ မြတ်စွာဘုရားကိုတော့ ကြည်ညိုပါတယ်။ဒါပေမဲ့ ဘိက္ခုနီမတွေမှာ ပါရာဇိက(၈)ပါးအထိ ပညတ်ထားခြင်း၊ ဂရုဒဏ်တရား(၈)ပါးလိုက်နာနိုင်မှ ဘိက္ခုနီမပြုလုပ်ရခြင်း၊ အခုအခါ ဗမာပြည်က ဘုရားအချို့ပေါ်မှာ မိန်းမမတက်ရခြင်း၊ နိယတဗျာဒိတ်ကို မိန်းမမခံရခြင်း စတာတွေဟာ အမျိုးသမီးများကို ဖိနှိပ်ထားတဲ့သဘောဖြစ်နေပါတယ်။ ဒါတွေကို ထောက်ပြီး မြတ်စွာဘုရားဟာ (discrimination) ကျားမခွဲခြားတယ်လို့ မြင်နိုင်ပါသလား။ တကယ်လို့ ဘုရားရှင်ဟာ အင်္ဂလန်မှပွင့်ခဲ့မယ်ဆိုရင် ဒီစည်းကမ်းတွေမထားဘဲ ကျားမ တန်းတူထားနိုင်မှာလားလို့ မေးလာပါတယ်။ တပည့်တော်က အရှင်ဘုရားဖြေပါလိမ့်မယ်လို့ပဲ အာမခံခဲ့ပါတယ်ဘုရာ။ ဒါကြောင့် ကမ္ဘာ့အမျိုးသမီးထုကြီးတစ်ရပ်လုံးအတွက် ဖြေကြားပေးတော်မူပါဘုရား။

Dr. တင့်ဇင်ဦး
မန်းစဖီးလ်၊အင်္ဂလန်

မုသားနှင့်ပရိယာယ်

အမေး ။ ။ အရှင်ဘုရား မုသားနဲ့ပရိယာယ် ဘယ်လိုကွာခြားပါသလဲဘုရား

ခင်ဖုန်းမြင့်
မြိတ်-ကွန်ပျူတာတက္ကသိုလ်

Friday, August 26, 2011

ရဟန်းခံစဉ်မေးတဲ့အထဲမှာ အရူးရောဂါပါသလား

အမေး။ ။ ရဟန်းခံတဲ့အခါ အနာကြီးငါးမျိုးကို မေးပါတယ်။ ဒီအနာရောဂါငါးမျိုးထဲမှာ စိတ်ပေါ့သွပ်ရူးသွပ်တဲ့ရောဂါ ပါ-မပါ သိချင်ပါတယ်ဘုရား။ ပုထုဇဉ်တွေအားလုံးကို အရူးလို့ သတ်မှတ်ထားတဲ့အတွက် ဘယ်လောက်အဆင့်ထိရူးရင် ရဟန်းခံလို့မရနိုင်ဆိုတာကို သိချင်ပါတယ်ဘုရား။ စိတ္တဇရောဂါကို မြတ်ဘုရားက ဘယ်လိုသတ်မှတ်ပါသလဲဘုရား။

Dr.စမ်းစမ်းဦး
စိတ်ကျန်းမာရေးဌာန
ဆေးရုံကြီး-မြိတ်

အဆူဆူဗုဒ္ဓအဆုံးအမ

အမေး။ ။ အရှင်ဘုရား တပည့်တော်တို့ ရဟန်းတွေမှာ အခုအခါ သံဃဥပုသ်ပြုတဲ့အခါ ဘိက္ခုပါတိမောက်ပြရပါတယ်ဘုရား။ ဘုရားရှင်လက်ထက်တော်က ဥပုသ်ပြုတဲ့အခါ ဘုရားရှင်ကိုယ်တော်တိုင် သြ၀ါဒပါတိမောက်ဖြင့် သြ၀ါဒပေးတော်မူပြီး ဥပုသ်ပြုတော်မူကြတယ်လို့ သိရပါတယ်ဘုရား။ တပည့်တော်သိချင်တာက အဆူဆူဘုရားရှင်များ သြ၀ါဒပေးတော်မူခဲ့တဲ့ သြ၀ါဒပါတိမောက်ကို မြန်မာလို အဓိပ္ပါယ် ရှင်းရှင်းလင်းလင်း သိချင်ပါတယ်၊ အားလုံးလိုက်နာ ကျင့်သုံးနိုင်အောင် ဖြေကြားပေးတော်မူပါဘုရား။

မနွယ်နွယ်အေး
ရန်ကုန်

လူဟာ မျောက်ကနေ ဖြစ်လာတာပါလား

အမေး။ ။ အရှင်ဘရား ကမ္ဘာဦးကာလ လူများဟာ မျောက်ကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဗြဟ္မာများ စုတေပြီး ကမ္ဘာဦးကာလ လူလာဖြစ်ပုံကို ဘုရားရှင်ဟောထားတာ ဖတ်ရပါတယ်ဘုရား။ ပဋ္ဌာန်းတရားတော်မှာက လူတွေ ပဋိသန္ဓေနေပြီးမှ ဖြစ်တယ်လို့လဲ ပြောထားပါတယ်ဘုရား။ ဒါဆိုရင် ကမ္ဘာဦးအစ လူဖြစ်တာနဲ့ နောက်ပိုင်းလူဖြစ်တာ လွဲမနေဘူးလားဘုရား။ တပည့်တော် ဉာဏ်မမီတဲ့အတွက် ဖြေကြားပေးတော်မူပါဘုရား။

စောဝတ်မှုံခင်
ခေတ္တ ဂျပန်

Thursday, August 25, 2011

စာရေးသူဆောင်းပါးပါသော ဂျာနယ်အသစ်

ဒါကတော့ စာရေးသူရဲ့ အတုယူမမှားစေဖို့ အမည်ရှိသော ဆောင်းပါးပါတဲ့ ဂျာနယ်လေးပါ။ ဒီမှာ ဒေါင်းလော့ယူပြီး ဖတ်ယူနိုင်ကြပါတယ်။ http://www.mediafire.com/?2yb512g1kvnx459

စာရေးသူဆောင်းပါးပါသော ဂျာနယ်အားလုံးကို ဒေါင်းလော့ယူချင်ရင်တော့ ဒီနေရာမှာhttp://www.mediafire.com/myfiles.php ဒေါင်းယူလို့ ရပါတယ်။

ဘ၀ကိုကျော်ဖြတ်တဲ့အခါ မိမိကိုယ်ဘယ်လိုသုံးသပ်မလဲ

အမေး။ ။ အရှင်ဘုရား တပည့်တော်အလုပ်တစ်ခု လုပ်တာနဲ့ပတ်သက်ပြီး အချို့လူတွေက မှားတယ်ဆိုပြီး ကဲ့ရဲ့ကြတာရှိသလို၊ မှန်တယ်ဆိုပြီး အားပေးလာတဲ့သူလဲ ရှိပါတယ်ဘုရား။ ဒီလိုအခါမျိုးမှာ တပည့်တော်ဘ၀အတွက် ဘယ်လိုနှလုံးသွင်းရမလဲ၊ ဘယ်လိုသုံးသပ်ရမလဲဆိုတာ အဖြေပေးပါဘုရား။

မနွယ်နွယ်အေး
ရန်ကုန်

ဆောက်တည်ထားတဲ့သီလ ဘယ်ခါပျက်ပါလဲ

အမေး။ ။ ဆရာတော်ဘုရား ရှစ်ပါးသီလယူပြီး ဥပုသ်စောင့်ထားသူဟာ နောက်နေ့နံနက် အရုဏ်တက်ပြီးတဲ့အခါ ရှစ်ပါးသီလက ကိုယ့်မှာဆက်လက်ပြီး ရှိနေပါသေးလားဘုရား။ အလိုလိုပျောက်သွားသလားဘုရား၊ ဒါမှမဟုတ် ရှစ်ပါးသီလပျက်သွားအောင် ငါးပါးသီလ ပြန်ဆောက်တည်စရာ လိုပါသေးသလားဘုရား။

ရဲလင်း
သထုံ

Wednesday, August 24, 2011

လူထွက်တဲ့အခါ ဆံပင်ပြန်ရိတ်ရမှာလား

အမေး။ ။ အရှင်ဘုရား ရဟန်းသိက္ခာချပြီး လူထွက်လို့ လူ့ဘ၀ရောက်လာတဲ့အခါ ခေါင်းပြန်ရိတ်ဖို့ လိုသေးလားဘုရား။ တပည့်တော်မှာ ကိစ္စတစ်ခုကြောင့် ဆံပင်ကို ပြန်မရိတ်ချင် ဖြစ်နေပါတယ်။ တပည့်တော်ရဲ့ အဒေါ်ဖြစ်သူက လူထွက်လာတဲ့အခါ ဆံပင်ပြန်ရိတ်ရတယ်။ ပြန်မရိတ်ရင် ငရဲကြီးတတ်တယ်လို့ပြောပါတယ်။ ဒါကြောင့် ဆံပင်ပြန်ရိတ်သင့် မရိတ်သင့်ဆိုတာကို ဖြေကြားပေးစေချင်ပါတယ်ဘုရား။

ကိုစံမင်းအောင်
တိုက်ကြီး

ပရိတ်အစွမ်းထက်ခြင်း

အမေး။ ။ ဆရာတော်ဘုရား တစ်နာရီအတွင်းမှာပဲ ပရိတ်ကြီး(၁၁)သုတ်လုံးရွတ်တာနဲ့ ပရိတ်ကြီး(၁၁)သုတ်ထဲမှ တစ်သုတ်သုတ်ကို တစ်နာရီလုံးရွတ်တဲ့အနက် ဘယ်ဟာက ပိုအစွမ်းထက်ပါလဲဆိုတာ အဖြေပေးတော်မူပါဘုရား။

ရှင်သန့်
ရေနီ

ရဟန်းတော်များ အင်တာနက်သုံး ရ-မရ

အမေး။ ။ အရှင်ဘုရား ရဟန်းသံဃာတော်များ အင်တာနက်သုံးတာ ပိတ်ပင်တားဆီးခြင်း ရှိပါသလား၊ ရဟန်းတော်များ အင်တာနက်သုံးမယ်ဆိုရင် ဘယ်လို အကျိုးအပြစ်များ ရနိုင်တယ်ဆိုတာ ဖြေကြားပေးစေလိုပါ တယ်ဘုရား။

သဇင်ကျော်
ရှရှား

ရသေ့ကို ဖျက်ဆီးသော သိကြားမင်း

ဘုန်းဘုန်းဘုရား တပည့်တော် စိတ်ထဲမှာ သိလိုတာလေးတစ်ခု ရှိလာပါတယ် အဲဒါလေးကို မေးခွင့်ပြုပါဘုရား။ "ဣသိသိင်္ဂရသေ့ဟာ ရရှိထားသော ဈာန်ကိုကစားရင်း ပြင်းပြင်းထန်ထန် ကျင့်ကြံအားထုတ်လေရာ သိကြားမင်း၏ ဗိမာန်ပင် တုန်လှုပ်လေ၏။ သိကြားမင်းသည် စုံစမ်းဆင်ခြင်၍ ထိုရသေ့၏ သီလတန်ခိုးကြောင့် တုန်လှုပ်ခြင်းဖြစ်ကြောင်းသိသဖြင့် `ငါ့နေရာကို လိုချင်လို့များလား´ဟု ယုံမှားသံသယဖြင့် ကြောက်ရွံလှသဖြင့် အလမ္ဗုသာမည်သော နတ်သမီးကို စေလွှတ်၍ ထိုဣသိသိင်္ဂရသေ့၏ သီလကို ဖျက်ဆီးလေ၏။"
သိကြားမင်းသည် ရသေ့၏သီလကို နတ်သမီးအား စေလွှတ်ပြီးတော့ ရသေ့၏သီလကို ဖျက်ဆီးစေခဲ့ပါတယ်။ အဲဒီ့လို ရသေ့သီလကိုဖျက်ဆီးသော သိကြားမင်းက ငရဲကျလားဆိုတာကို သိလိုပါတယ်ဘုရား။
တပည့်တော်စာတွင် အမှားယွင်းပါရှိခဲ့လျှင် ရှိခိုးကန်တော့ တောင်းပန်ပါတယ်ဘုရား။
ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားများ ကိုဦးထိပ်ပန် ကန်တော့လျှက်

ဒကာ ဟိန်းထွန်းစိုး

Tuesday, August 23, 2011

ဗုဒ္ဓဘာသာတွင် အမျိုးသမီးများကို ခွဲခြားဆက်ဆံခြင်း မရှိပါ

မေး။ ။ အရှင်ဘုရား ဗုဒ္ဓဘာသာမှာ ယောင်္ကျားမိန်းမ ခွဲခြားဆက်ဆံတာတွေ ရှိနေတယ်လို့ ပြောနေကြတယ်။ ဥပမာ - ကျိုက်ထီးရိုးဘုရား ပစ္စယံအတွင်း အမျိုးသမီးများ မ၀င်ရ။ ရွှေတိဂုံ အထက်ပစ္စယံပေါ် အမျိုးသမီးများ တက်ခွင့်မရှိ။ သိမ်အဆောက်အဦးထဲ အမျိုးသမီးများ မ၀င်ရစသည်ဖြင့် ပညတ်ချက်များစွာ ရှိခဲ့ပါသည်။ ယခုလဲ ရှိနေပါသည်။ ထိုပညတ်ချက်များကို ထောက်သောအာဖြင့် အမျိုးသမီးတိုင်း ယောင်္ကျားတွေလို အခွင့်အရေး မရှိခဲ့ဘူးဆိုတာ ထင်ရှားနေပါတယ်ဘုရား။ အနောက်နိုင်ငံတွေမှာတော့ ဘယ်နေရာမှ ကန့်သတ်ချက် မထားပါ။ ကျား မ တန်းတူ အခွင့်အရေး ပေးထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာမှာ ကျား မ ခွဲခြားမှုကို အလေးထားတယ်။ မမျှတဘူးလို့ ထင်မြင်ပါတယ်ဘုရား။ ဒါကလဲ တပည့်တော်ကို အမျိုးသမီး တစ်ယောက်က မေးမြန်းလာလို့ တဆင့်ပြန်လည်မေးလျောက်တာပါဘုရား။

သိက္ခာပုဒ်နှင့် မညီသော ရဟန်းများအားအပြစ်တင်ပါက အပြစ်ဖြစ်သလား

မေး။ ။ အရှင်ဘုရား၊ ၀ိနည်းသိက္ခာပုဒ်နှင့်မညီသော ရဟန်းသံဃာများကို ဝေဖန်ပြောဆို ပြစ်တင်ရှုတ်ချလျှင် အပြစ်ဖြစ်ပါသလား၊ ဥပမာ ဓားပြတိုက်ရာတွင် လက်ထောက်ချခြင်း၊ ဆင်းရဲချမ်းသာမကြည့် မတရားဘက်လိုက်သဖြင့် မှန်ကန်သောဆင်းရဲသားများ ပိုမိုနစ်နာဆုံးရှုံးခြင်းတို့ ဖြစ်ရပါတယ်ဘုရား။ ဒါ့ကြောင့် ထိုသို့သောရဟန်းတော်များအား အပြစ်ပြောလျှင် အပြစ်ဖြစ်ပါသလားဘုရား။

ဦးခင်မောင်သိန်း
ညောင်ရွှေမြို့

သေလေးပါးရှင်လေးပါးဆိုတာဘာပါလဲ

အမေး။ ။ သေလေးပါး ရှင်လေးပါးအကြောင်းကို သိချင်ပါတယ်ဘုရား၊ တပည့်တော်အပါအ၀င် အများသူငါသိအောင် ဖြေကြားပေးတော်မူပါဘုရား။

ဝင်းဇော်ကို
မန္တလေး

မကောင်းမှုလုပ်တာသိတာနဲ့မသိတာ ဘယ်ဟာက ပိုအပြစ်ကြီးလဲ

အမေး။ ။ မကောင်းမှုကျူးလွန်မိတဲ့အခါ မသိဘဲကျုးလွန်တာနဲ့ သိရက်နဲ့ကျုးလွန်တာ ဘယ်ဟာက ပိုပြီးအပြစ်ကြီးပါသလဲဘုရား။

ဖိုးလပြည့်
မြိတ်

Monday, August 22, 2011

ဘယ်ဒိဋ္ဌိက မဂ်ဖိုလ်အချည်းအနှီးဖြစ်ပါသလဲ

အမေး။ ။ အရှင်ဘုရား ဒိဋ္ဌိအမျိုးအစား ဘယ်လောက်များ ရှိပါသလဲဘုရား။ ဘယ်ဒိဋ္ဌိတွေက မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်နိုင်ပါသလဲဘုရား။ ရတနာသုံးပါးမှတစ်ပါး အခြားကိုးကွယ်ယုံကြည်မှုတွေက မဂ်ဖိုလ်ရောက်ကြောင်း အနှောက်အယှက်ပေး နိုင်ပါသလားဘုရား၊ နားလည်အောင် အကျယ်ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။

ကိုမောင်မောင်
ရန်ကုန်

ဓုတင်အကျင့်ကို လူပုဂ္ဂိုလ်များ ကျင့်လို့ရပါသလား

အမေး။ ။ အရှင်ဘုရား တပည့်တော်ကြားဖူးတာပြောရရင် ဓုတင်အကျင့်ဆိုတော ရဟန်းသံဃာတော်များသာ ကျင့်ရတဲ့အကျင့်လို့ ကြားဖူးပါတယ်ဘုရား။ အခုခေတ် လူတွေကပါ ဓုတင်အကျင့်တွေကို ကျင့်နေကြတာ တွေ့ရပါတယ်ဘုရား။ တပည့်တော်သိချင်တာက ဓုတင်အကျင့်များကို လူတွေပါ ကျင့်လို့ရသလားဆိုတာ သိချင်ပါတယ်။ ကရုဏာရှေ့ထား ဖြေကြားပေးတော်မူပါဘုရား။

စိတ်ထားတတ်ရင် မေတ္တာစစ်ဖြစ်ပါသလား

အမေး။ ။ အရှင်ဘုရား ဒိဋ္ဌိနှင့်တဏှာပြတ်မှ မေတ္တာစစ်ဖြစ်မယ်လို့ ပြောနိုင်မလား။ စိတ်ထားတတ် ရင် မေတ္တာစစ်ဖြစ်မလားဘုရား။

ထိပ်ထား
ရတနာပုံ

Sunday, August 21, 2011

အမွေပေးတာကုသိုလ်ရ-မရ

အမေး။ ။ အရှင်ဘုရား သားသမီိးများအား အမွေးပေးတဲ့အခါ မိဘများမှာ ကုသိုလ်ရနိုင်ပါသလားဘုရား။
ဖြူဖြူနိုင်
မြိတ်

စိတ်ထားမကောင်းသူကို တရားဟောရင်အပြစ်ရှိ/မရှိ

အမေး။ ။ စိတ်ထားမကောင်းသူကို တရားဟောရင် ဟောတဲ့သူမှာ အပြစ်ရှိ-မရှိသိချင်ပါတယ် ဘုရား။ နောက်တစ်ခုက (၅၅၀)နိပါတ်တော်လို့ အရေအတွက်ရှိပါလျှက် (၄၈၀)ကျော်ပဲရှိတယ်ဆိုတာ မှန်-မမှန် တပည့်တော်သိချင်ပါတယ်ဘုရား။

ဖိုးလပြည့်
မြိတ်

Saturday, August 20, 2011

ဆွမ်းတော်ကို နေ့(၁၂)နာရီကျော်တဲ့အထိ ထားကောင်းပါသလား

အမေး။ ။ ဘုရားဆွမ်းတော်ကို နေ့(၁၂)နာရီကျော်တဲ့အထိ မစွန့်ဘဲထားရင် အပြစ်ရှိ-မရှိ သိချင်ပါတယ်ဘုရား။ တပည့်တော်က နံနက်(၈)နာရီမှာအလုပ်သွားပြီး ညနေ(၆)နာရီမှ အိမ်ကိုပြန်ရောက်ပါတယ်။ မနက်ရုံးမသွားခင် ဆွမ်းကပ်ပြီး (၁၀)မိနစ်အကြာမှာ ပြန်စွန့်လိုက်မယ်ဆိုရင် အစွန့်မြန်တဲ့အတွက် တပည့်တော်မလုပ်ချင်ပါဘုရား၊ ဆွမ်းဘုဉ်းပေးချိန်ဟာ မိနစ်(၃၀)အများဆုံးဆိုတာကို ဆရာတော်များရဲ့တရားတွေမှာ နာကြားဖူးပါတယ်ဘုရား။ တပည့်တော်က မနက်(၈)နာရီမထိုးခင် ဆွမ်းတော်ကပ်ပြီး နေ့(၁၂)နာရီအထိ ကပ်လှူထားချင်ပါသေးတယ်။ ဘယ်လိုမျိုး ဆွမ်းတော်ကပ်က ပိုမိုကောင်းမွန်နိုင်ပါတယ်ဆိုတာကို တပည့်တော်အား ပြန်လည်ဖြေကြားပေးတော်မူပါဘုရား။

ရိုလေလေးစားစွာဖြင့်
မသန်းသန်းနိုင်
ရန်ကုန်

ဥပုသ်သီလနဲ့ သနပ်ခါးလိမ်းသင့်ပါသလား

အမေး။ ။ အရှင်ဘုရား တပည့်တော် ၀ါတွင်းဥပုသ်နေ့တွေမှာ ဥပုသ်စောင့်ပါတယ်ဘုရား၊ ဒါပေမဲ့ ရုံးသွားရတော့ သနပ်ခါးလိမ်းပါတယ်ဘုရား၊ (မိတ်ကပ်ပြင်၊ နုတ်ခမ်းနီဆိုးခြင်းမဟုတ်ပါ) တရားစခန်းမှာတော့ တပည့်တော် မလိမ်းပါဘူးဘုရား။ ရုံးသွားပြီးအလုပ်လုပ်ရတာဖြစ်တော့ မျက်နှာပြောင်နဲ့သွားဖို့ မကောင်းဘူး ထင်လို့ပါ။ သနပ်ခါးလိမ်းတဲ့အခါမှာတော့ လှပလိုတဲ့အတွက် လိမ်းခြယ်ခြင်းမဟုတ်ပါဘုရား။ လူမြင်တင့်တယ်ရုံ သနပ်ခါးလူးတယ်လို့ နှလုံးသွင်းပါတယ်ဘုရား၊ ဒီလိုပြုလုပ်တာဟာ သီလပျက်ပါသလားဘုရား။ တပည့်တော်တွေးမိတာတစ်ခု ရှိသေးတယ်ဘုရား၊ တကယ်လို့ သနပ်ခါးလိမ်းတဲ့သီလတစ်ပါးကျိုးရင် ကျန်တဲ့(၇)ပါး ရနိုင်ပါသေးတယ်လို့ တွေးမိပါတယ်။ အဲဒါဟုတ်ပါသလားဘုရား။

ရိုသေလေးစားစွာဖြင့်
မသန်းသန်းနိုင်
ရန်ကုန်

Friday, August 19, 2011

မနာလိုတာနဲ့သ၀န်တိုတာ အတူတူလား

အမေး။ ။ မနာလိုတာနဲ့သ၀န်တိုတာ အတူတူပဲလားဆိုတာ သိချင်ပါတယ်ဘုရား၊ ပီးတော့ မနာလိုတာတွေက ဘာ့ကြောင့်ဖြစ်ရတာပါလဲဘုရား။ ဒီမနာလိုတာတွေဖြစ်လာရင် ဘယ်လိုဖြေဖျောက်ရမယ်ဆိုတာလဲ သိချင်ပါတယ်။ ဂရုဏာရှေ့ထားဖြေကြားပေးတော်မူပါဘုရား။
သိန်းသိန်းမြင့်
မန္တလေး

Thursday, August 18, 2011

ကုသိုလ်ဘယ်လောက် ရနိုင်ပါသလဲ

အမေး။ ။ အရှင်ဘုရား အသက်ထင်ရှားရှိနေတဲ့တပည့်တော်မိဘများအတွက် ကျောင်းဆောင်တစ်ခု အလှူလုပ်ပေးမယ်ဆိုရင် ကုသိုလ်ဘယ်လောက်ရနိုင်သလဲဘုရား၊ တကယ်လို့ အမိအဘများ ထင်ရှားမရှိတော့တဲ့အချိန်မှာရော ကုသိုလ်ဘယ်လောက် ရနိုင်ပါသလဲဆိုတာ ဖြေကြားပေးတော်မူပါဘုရား။

မျိုးမင်းထွန်း
မြိတ်

ရဟန်းတော်များ ဇိမ်နဲ့နေကြတာလား


အမေး ။ ။ ဘုန်းဘုန်းဘုရား တပည့်တော်လူတွေမှာ အပူသောကတွေ အလွန်များပါတယ်ဘုရား။ ဒါပေမဲ့ဘုန်းကြီးတွေမှာတော့ အပူအပင်ကင်းပြီး ဇိမ်နဲ့ အေးအေးဆေးဆေးနေရတယ်လို့ တပည့်တော် ထင်မှတ်မိပါတယ်ဘုရား။ ဒီအမြင် မှားသလား-မှန်သလားဆိုတာ တပည့်တော်သိချင်ပါတယ်ဘုရား။
အိအိ
စင်္ကာပူ

Wednesday, August 17, 2011

ပြဇာတ်မင်းသားလို တရားဟောသင့်ပါသလား


အမေး။ ။ အရှင်ဘုရား အချို့ဘုန်းကြီးများ တရားဟောတာနဲ့ပတ်သက်ပြီး တပည့်တော်ဝေဖန်မိပါတယ်ဘုရား။ အချို့ဘုန်းကြီးများဟာ ပြဇာတ်မင်းသားလို အသံရှည်ရှည် ဆွဲငင်ဟောတာတွေ့ရပါတယ်။ တပည့်တော် နားထောင်ရတာလဲ သီချင်းဆိုသလိုပါပဲဘုရား။ တပည့်တော်သိချင်တာက တရားဟောတဲ့အခါ အသံနေ အသံထားနဲ့ ဆွဲငင်ဟောကြားတာဟာ ၀ိနည်းတော်နဲ့ ညီညွတ်မှုရှိပါသလားဘုရား။

အေးသီတာဝင်း
MCC မြိတ်

Tuesday, August 16, 2011

ဘုရားကိုပူဇော်တဲ့သီချင်းများက အပြစ်ဖြစ်ပါသလား


အမေး။ တပည့်တော်သိချင်တာက ဗုဒ္ဓကိုပူဇော်တဲ့တေးသီချင်းများကတော့ အပြစ်မဖြစ်ဖူးလားဆိုတာလေးပါ။ ဓမ္မစကြာရွတ်ဖတ်တဲ့ အခါမျိုးမှာရော အသံဆွဲရွတ်ဖတ်လို့ရပါသလားဘုရား။
အနမ်း
ရန်ကုန်

လူတို့ရဲ့သီလများ


အမေး။ ။အရှင်ဘုရား…ရှစ်ပါးသီလအဓိပ္ပါယ်ကို သိချင်ပါတယ်ဘုရား။ ပြီးတော့ငါးပါးသီလမှာ ကာမေသုမိစ္ဆာစာရလို့ပါပြီး၊ ရှစ်ပါးသီလကျတော့ ကာမေသုသိက္ခာပုဒ်နေရာမှာ အဗြဟ္မစရိယလို့ ပါနေပါတယ်၊ ဒီသိက္ခပုဒ်နှစ်ခုမတူပုံကို သိချင်ပါတယ်ဘုရား။ ကိုးပါးသီလကိုလဲ သိချင်ပါတယ် ဖြေကြားပေးတော်မူပါဘုရား။
သိန်းသိန်းမြင့်
မန္တလေးမြို့

နိဗ္ဗာန်ဆိုတာ ရောက်နိုင်တဲ့ဘုံဌာနတစ်ခုလား


အမေး။ ။ ဆရာတော်ဘုရား လူအတော်များများဟာ နိဗ္ဗာန်နဲ့ပတ်သက်ပြီး နိဗ္ဗာန်ရောက်ပါစေ၊ နိဗ္ဗာန်ရရပါလို၏ လို့ ဆုတောင်းကြတယ်ဘုရား။ တပည့်တော်သိလိုတာက နိဗ္ဗာန်ဆိုတာ ရောက်နိုင်တဲ့(ဘုံ)နေရာလား။ ရနိုင်တဲ့(အခြား)အရာကို ခေါ်တာလားဘုရား၊ နိဗ္ဗာန်နဲ့ပတ်သက်ပြီး အသေးစိတ်ရှင်းလင်းအောင် ဖြေကြားပေးတော်မူပါဘုရား။

ကိုညီညီအောင်
မင်းဘူးမြို့

ဘုရားရှင်ရဲ့အရပ်တော်နှင့်ခြေတော်ရာ


အမေး။ ။မြတ်စွာဘုရားရဲ့အရပ်တော်ကို သိလိုပါတယ်ဘုရား၊ အရပ်တော်နဲ့ဆက်စပ်ပြီး ခြေတော်ရာကို ဘယ်လိုရည်ရွယ်ထားခဲ့ကြောင်းနဲ့ ခြေတော်ရာဟာ ပကတိဟုတ်မဟုတ် ဖြေကြားပေးတော်မူပါဘုရား။
ကိုညီညီအောင်
မင်းဘူးမြို့

သင်္ကန်းအရောင်ဘယ်လိုသတ်မှတ်ပါလဲ


အမေး။ ။မြတ်စွာဘုရားက သင်္ကန်းအရောင်ကို ဘယ်လိုသတ်မှတ်ခဲ့ပါသလဲဘုရား၊ ၀ိနည်းတော်နဲ့ကိုက်ညီတဲ့ သင်္ကန်းနဲ့အရောင်ကို သေချာစွာရှင်းပြပေးတော်မူပါဘုရား။
ကိုညီညီအောင်
မင်းဘူးမြို့နယ်၊ မကွေးတိုင်း။

Monday, August 15, 2011

အကြွေးမဆပ်ရင် သံသရာမှာဘယ်လိုခံရမလဲ


အမေး။ ။ အရှင်ဘုရား တပည့်တော်က လူတယောက်မှာ အကြွေးရဖို့ရှိပါတယ်။ အကြွေးယူတဲ့ သူက ပြန်ပေးရမှာစိုးလို့ မသိသလိုလုပ်နေပါတယ်။ တပည့်တော် စိတ်ထဲကသိကအောက်ဖြစ်မိပါတယ်ဘုရား။ ရှင်းရှင်းပြောရရင် အကြွေးယူတဲ့သူကို ခွင့်မလွတ်ချင်ဘူးဘုရား။ ဒါဆိုရင် သံသရာမှာ အကြွေးဆပ်ရမဲ့သူက ဘယ်လိုဖြစ်နိုင်ပြီး၊ တပည့်တော်က ခွင့်မလွတ်နိုင်တဲ့အတွက် ဘယ်လိုဖြစ်မှာပါလဲဘုရား။
မျိုးမင်းထွန်း
မြိတ်

ဒု-သ-န-သော


အမေး။ ။ အရှင်ဘုရား…. ဒု၊ သ၊ န၊ သော၊ဆိုတဲ့စကာလုံးလေးလုံးရဲ့အဓိပ္ပါယ်သက်သက်ကိုသာ တပည့်တော် သိချင်ပါတယ်၊ တပည့်တော်နဲ့အတူ သိချင်နေကြတဲ့သူများအားလုံးအတွက် ရှင်းရှင်းလင်းလင်းဖြေကြားပေးတော် မူပါဘုရား။
မောင်ပြည့်စုံ
ရန်ကုန်

အကုသိုလ်ခွဲတမ်း


အမေး။ ။ အရှင်ဘုရား…အကြွေးပေးပြီးလို့ ပြန်မရမှန်းသိတဲ့အခါ ဒီအကြွေးကို ငါလှူလိုက်မယ်လို့ ဆိုပြီး လှူရင် ကုသိုလ်ရပါသလားဘုရား။ နောက်တစ်ခုက ၀ါလတ်လှေ၊ ငါးဝိုင်းလှေတွေရဲ့ အကုသိုလ်ခွဲတမ်းကိုလဲ သိချင်ပါတယ်ဘုရား။
တိုင်းအုပ်ကျော်
မြိတ်

အနှောက်အယှက်ဆိုတာ တကယ်ရှိပါသလား


အမေး။ ။ အရှင်ဘုရား…. အိမ်တစ်အိမ်မှုာ မကောင်းတဲ့အစောင့်ရှိတယ်၊ အနှောက်အယှက်တွေရှိတယ် ဆိုပြီး ဆရာဆိုသူက ပြောနေတာ ကြားလိုက်ရပါတယ်ဘုရား၊ တပည့်တော်သိချင်တာက အနှောက်အယှက်ဆိုတာ တကယ်ရှိ-မရှိ သိချင်ပါတယ်ဘုရား။
မအေးသီတာဝင်း
Mcc (မြိတ်)

တရားနားတာနဲ့တရားအားထုတ်တာ ဘယ်ဟာကကုသိုလ်ပိုရပါလဲ


အမေး။ ။အရှင်ဘုရား တပည့်တော် မသိလို့မေးပါရစေဘုရား။ တရားပွဲတွေမှာ တရားနာရုံနဲ့ ကုသိုလ် ရနိုင်ပါသလားဘုရား။ တရားတော်များကိုလဲ အမြဲတမ်း မနာကြားနိုင်ပါ။ တပည့်တော်သိချင်တာက တရားနာတာနဲ့ တရားအားထုတ်တာ ဘယ်ဟာက ကုသိုလ်ပိုရနိုင်လဲဆိုတာ သိချင်ပါတယ်ဘုရား။ ။
ဂျေညီညီ

ဘုရားရှင်က ကျားမ တန်းတူထားပါသလား


အမေး။ ။အရှင်ဘုရား….ဓမ္မမိတ်ဆွေအမျိုးသမီးကြီးတစ်ဦးက ပြောပါတယ်။ သူဟာ မြတ်စွာဘုရားကိုတော့ ကြည်ညိုပါတယ်။ ဒါပေမဲ့ ဘိက္ခုနီမတွေမှာ ပါရာဇိက(၈)ပါးအထိပညတ်ထားခြင်း၊ ဂရုဒဏ်တရား(၈)ပါးလိုက်နာ နိင်မှ ဘိက္ခုနီမပြုလုပ်ရခြင်း၊ အခုအခါ ဗမာပြည်က ဘုရားအချို့ပေါ်မှာ မိန်းမမတက်ရခြင်း၊ နိယတဗျာဒိတ်ကို မိန်းမမခံရခြင်းစတာတွေဟာ အမျိုးသမီးများကို ဖိနှိပ်ထားတဲ့သဘောဖြစ်နေပါတယ်။ ဒါတွေကို ထောက်ပြီး မြတ်စွာဘုရားဟာ (discrimination) ကျားမခွဲခြားတယ်လို့ မြင်နိုင်ပါသလား။ တကယ်လို့ ဘုရားရှင်ဟာ အင်္ဂလန်မှပွင့်ခဲ့မယ်ဆိုရင် ဒီစည်းကမ်းတွေမထားဘဲ ကျားမတန်းတူထားနိင်မှာလား လို့ မေးလာပါတယ်။ တပည့်တော်က အရှင်ဘုရားဖြေပါလိမ့်မယ်လို့ပဲ အာမခံခဲ့ပါတယ်ဘုရာ။ ဒါကြောင့် ကမ္ဘာ့အမျိုးသမီးထုကြီးတစ်ရပ်လုံးအတွက် ဖြေကြားပေးတော်မူပါဘုရား။
Dr. တင့်ဇင်ဦး
မန်းစဖီးလ်၊အင်္ဂလန်

သက်သတ်လွတ်စားတဲ့ကုသိုလ်ပျက်ပါသလား


အမေး။ ။သက်သတ်လွတ်စားတဲ့ အိမ်ရှင်မတစ်ယောက်က မိသားစုတွေအတွက် အသားဟင်းချက်ပေးတာ သတ်သတ်လွတ်စားတဲ့ ကုသိုလ်ပျက်သွားသလားဘုရား။ တပည့်တော်သိတာကသတ်သတ်လွတ်စားတယ် ဆိုတာသတ္တ၀ါတွေကိုဘေးမဲ့ပေးတယ်ဆိုတဲ့စိတ်နဲ့ စားတယ်လို့ သိထားပါတယ်ဘုရား။ တပည့်တော် အသိ မှန်မမှန်ကို ဖြေပေးတော်မူပါဘုရား။
သန်းသန်းနိုင်
ရန်ကုန်

သီလရှင်ဘယ်အချိန်ကပေါ်ပေါက်လာပါလဲ

ဦဇင်းလည်း တခြားမဂ္ဂဇင်းဂျာနယ်များအတွက်ရော မိမိကိစ္စများအတွက်ရော မအားမလပ် ဖြစ်နေသဖြင့် ဦးဇင်းရဲ့စာဖတ်ပရိသတ်များ သိချင်တာများလာမေးတဲ့အခါ မဖြေပေးနိုင်ဘဲ ဖြစ်နေပါတယ်။ နောက်ပြီး တချို့သော မေးခွန်းများသည် ဆရာတော်များ ဖြေထားတာရှိနေပြီး နေရာစုံအောင် လိုက်လံမကြည့်နိုင်တဲ့ အတွက် မသိတာများ ဖြစ်နေပါတယ်။ ဒါ့ကြောင့် စာဖတ်သူများ မသိသေးသည့် အကြောင်းအရာများကို ဦးဇင်းဆိုဒ်မှာ တစ်စုတပေါင်းတည်း ဖတ်ရှု့ပြီး ဗဟုသုတများ ရကြပါစေခြင်းအကျိုးငှာ ရည်ရွယ်ပြီး အမေးအဖြေများကို စုစည်းတင်ပြပေးထားလိုက်ပါတယ်။

အမေး။ အရှင်ဘုရား တပည့်တော်သိချင်တဲ့အောက်ပါပြဿနာများကို ဖြေကြားပေးတော်မူပါဘုရား။

(၁) သီလရှင်ဘယ်အချိန်က စတင်ပေါ်ပေါက်လာပါသလဲဘုရား။

(၂) ဘိက္ခုနီမကို ကိုရင်က ရှိခိုးသင့်ပါသလားဘုရား။

(၃) သီလရှင်ကို လူယောက်ျားက ရှိခိုးသင့်ပါသလားဘုရား။

(၄) ခြင်ဆေးထွန်းလို့ ခြင်သေရင် ပါဏာတိပါတကံထိုက်ပါသလားဘုရား။

အေးသီတာဝင်း

MCC-မြိတ်

Sunday, August 14, 2011

ရေးပေးစေချင်သော အကြောင်းအရာလေး အမေးအဖြေ

အရှင်ဘုရားဘုရားဖူးခရီးဆိုပြီး ဒကာမတွေကို ခေါ်သင့်မခေါ်သင့်၊ ခရီးအတူသွားလို့ရမရကို ပို့စ်ရေးပေးစေချင်ပါတယ်ဘုရား။ သာသနာတော်ကို ပိုမိုကြည်ညိုစရာဖြစ်အောင် ပရိသတ်အားလုံး သိစေချင်လို့ပါ အရှင်ဘုရား။

Monday, August 8, 2011

သူတို့မသိတာလေးတွေ အမေးအဖြေ

ဒီမေးခွန်းလေးကတော့ မေးထားတာကြာပါပြီ။ ဦးဇင်း အားလပ်ချိန်မရသေးသဖြင့် ခုမှပဲ အချိန်ရသမျှကို လျင်မြန်စွာအသုံးချပြီး ဖြေပေးလိုက်ပါတယ်။ မေးခွန်းနှင့်အဖြေကတော့

Saturday, August 6, 2011

စာရေးသူ ဆောင်းပါးပါသော ဂျာနယ်များ

ဦးဇင်းလည်း ခုတလော သင်တန်းတက်ရ၊ စာရေးရနှင့် အလုပ်များနေသောကြောင့် ဆောင်းပါးများ၊ အမေးအဖြေများကို ဆိုဒ်မှာ မတင်ဖြစ်တာ ကြာပါပြီ။ ခု မြန်မာပြည်ကဂျာနယ်များကလည်း ဆောင်းပါးများ ထည့်ရန် စာမူများ တောင်းနေသဖြင့် ထိုအတွက်လည်း ရေးပေးနေသောကြောင့် ဆိုဒ်ကိုမတင်ဖြစ် ဘဲ ဖြစ်နေပါတယ်။ ဒါ့ကြောင့် ယခု စာရေးသူ ဆောင်းပါးများပါဝင်သော ဂျာနယ်များကို အလွယ်တကူ ဖတ်နိုင်အောင် တင်ပေးလိုက်ပါတယ်။ ဂျာနယ် မဖတ်ဖြစ်တဲ့လူတွေ ဖတ်လို့ရအောင်လို့ပါလေ။

၁။ http://www.mediafire.com/?9cgcir1h3h2dm9j
၂။ http://www.mediafire.com/?cxhf5osh58co61u
၃။ http://www.mediafire.com/?9au9eri0knmab26
၎။ http://www.mediafire.com/?a4vstdnrd5th2cc
၅။ http://www.mediafire.com/?rarh6vtha9119v5
၆။ http://www.mediafire.com/?vai3w4ooojj5oy8

အပေါ်က လင့်လေးတွေနှိပ်ပြီး ဒေါင်းယူဖတ်နိုင်ပါပြီ။

အားလုံးကို စေတနာထားလျက်..........။

Monday, August 1, 2011

ပျော်ရွှင်ဖွယ်ရာကောင်းသော ခရီးတစ်ခု

ဆူနာမီကြောင့် ပျက်စီးသွားသောအဆောက်အဦး




ဆူနာမီကျောက်တိုင်







စာရေးသူတို့ သူငယ်ချင်းများသည် ကျောင်းပိတ်ရက်(22.07.2011)ရက်နေ့တွင် သီရိလင်္ကာနိုင်ငံ ရှိ ဂေါ့မြို့ကမ်းခြေသို့သွားရောက်၍ လည်ပတ်လှည့်လည်ခဲ့ကြသည်။ သီရိလင်္ကာနိုင်ငံသည် ကျွန်းနိုင်ငံဖြစ်ခြင်းကြောင့် လေးဘက်လေးလံတွင် ပင်လယ်ဖြင့် ၀ိုင်းရံထားသဖြင့် ကမ်းခြေများစွာ ရှိပါသည်။
Powered by Blogger.