Sunday, June 6, 2010

သဒ္ဓါအစစ် အတု ခွဲခြားပုံ ၂


တစ်ဖန် သဒ္ဓါတရားသည် ငွေကြေးဥစ္စာနဲ့လည်း တူပါသည်။ ငွေကြေးဥစ္စာသည် မိမိလိုရာကို လဲလှယ်၍ရသကဲ့သို့ ဥစ္စာပိုင်ရှင်ကိုလည်း အရှိန်အ၀ါ ကြီးမားမြင့်တက်သွားစေပြီး နှစ်သက်ရွှင်ပြုံစေခြင်းနှင့် ချမ်းသာသုခကိုလည်း ဖြစ်စေပါသည်။ ထို့အတူ သဒ္ဓါဟူသော ဥစ္စာရှိလျှင်လည်း လိုအပ်သော တရားစွမ်းအားများကို လဲလှယ်ယူနိုင်ပါသည်။ သဒ္ဓါတရားရှိသောပုဂ္ဂိုလ်ကို ပီတိသောမနဿများဖြင့် အရှိန်အ၀ါ ကြီးမားစေပြီး မြင့်တက်သွားစေပါသည်။ သဒ္ဓါတရားရှိနေသောကြောင့် နှစ်သက်ရွှင်ပြုံချမ်းသာနေမည်မှာ မလွဲဧကန် အမှန်ပင်ဖြစ်ပါသည်။

Saturday, June 5, 2010

သဒ္ဓါအစစ် အတု ခွဲခြားပုံ

သဒ္ဓါအစစ်ဆိုသည်မှာ သဒ္ဓါ၏အကျယ်ဖွင့်ဆိုချက်၌ ဖော်ပြခဲ့သော အချက်အလက်တို့ကို အမှန်တကယ် တတ်သိနားလည်၍ ယုံကြည်ခြင်း၊ ကောင်းမွန်မှန်ကန်သော အကြောင်းအရာတို့ကို ယုံကြည်ခြင်း၊ အပြစ်ကင်းစင်၍ သန့်သန့်ရှင်းရှင်း ယုံကြည်ခြင်းတို့သည် သဒ္ဓါအစစ်ပင် ဖြစ်ပါသည်။

Thursday, June 3, 2010

သီရိလင်္ကာနိုင်ငံ၏ ချစ်စရာကောင်းသော ဓလေ့များ

သီရိလင်္ကာနိုင်ငံ၌ နှစ်စဉ် မြတ်စွာဘုရားရှင်၏ မွေးနေ့၊ ဘုရားဖြစ်သောနေ့၊ ပရိနိဗ္ဗာန်ပြုသောနေ့ ၊ ဗျာဒိတ်ခံယူသောနေ့၊ ပဋိသန္ဓေယူသောနေ့ဖြစ်သည့် မြတ်ဗုဒ္ဓ၏ နေ့ထူးနေ့မြတ်ဖြစ်သောမြန်မာပြည်ဆို ကဆုန်လပြည့်နေ့၊ ဒီမှာတော့ နှစ်စဉ် ၅-လပိုင်း၊ ၂၇-ရက်မှစတင်၍ (၇) ရက်ကျင်းပပါသည်။ သို့သော် (၂ရ.၂၈. ၂၉) ရက်နေ့များ၌သာ စည်းကားစွာ သွားလာကြည့်ရှု့ကြပါသည်။ မြန်မာလဆိုတော့ရင်တော့ နယုန်လပြည့်နေ့ဖြစ်ပါသည်။ ထိုနေ့များသည် ဒီနိုင်ငံ၏ အကြီးကျယ်ဆုံး ဗုဒ္ဓပွဲတော်ဖြစ်ပါသည်။

စာရေးသူ လှည်ပတ်စဉ် အမှတ်တရ


ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အမှတ်တရ


သီရိလင်္ကာနိုင်ငံ၏ ရိုးရာအကများ


ဗုဒ္ဓပွဲတော် အမှတ်တရ ဓာတ်ပုံများ



Tuesday, June 1, 2010

လူကောင်းတစ်ယောက်ပြည့်စုံရမည့် အင်္ဂါများမှာ


လူကောင်းတစ်ယောက်ပြည့်စုံရမည့် အင်္ဂါများမှာ အကျဉ်းအားဖြင့် (၇)ပါးရှိပါသည်။ `၎င်းတို့မှာ..........

၁။ သဒ္ဓါ-ရတနာသုံးပါး ဂုဏ်ကျေးဇူးနှင့် ကံ ကံ၏အကျိုးကို ယုံကြည်သော သဒ္ဓါတရားရှိရမည်။
၂။ သီလ-ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ အမြဲမပြတ်လုံခြုံအောင် စောင့်ထိန်းရမည်။
၃။ ဟိရီ-မကောင်းမှုဒုစရိုက်တို့ကို မပြုလုပ်ဖို့ရန် ရှက်သောစိတ် ရှိရမည်။
၎။ သြတ္တပ္ပ-မကောင်းမှုဒုစရိုက်တို့ကို မပြုလုပ်ဖို့ရန် ကြောက်သောစိတ် ရှိရမည်။
၅။ သုတ-ကောင်းသော အကြားအမြင် ဗဟုသုတနှင့်ပြည့်စုံရမည်။
၆။ စာဂ-စေတနာသုံးတန် ပြဋ္ဌာန်းသောစိတ်ဖြင့် ပေးကမ်းစွန့်ကြဲ လှူဒါန်းတတ်ရမည်။
၇။ ပညာ-သံသရာမှ ထွက်မြောက်ကြောင်းဖြစ်သော လောကုတ္တရာပညာတို့နှင့် ပြည့်စုံရမည်။
Powered by Blogger.