Tuesday, June 1, 2010

လူကောင်းတစ်ယောက်ပြည့်စုံရမည့် အင်္ဂါများမှာ


လူကောင်းတစ်ယောက်ပြည့်စုံရမည့် အင်္ဂါများမှာ အကျဉ်းအားဖြင့် (၇)ပါးရှိပါသည်။ `၎င်းတို့မှာ..........

၁။ သဒ္ဓါ-ရတနာသုံးပါး ဂုဏ်ကျေးဇူးနှင့် ကံ ကံ၏အကျိုးကို ယုံကြည်သော သဒ္ဓါတရားရှိရမည်။
၂။ သီလ-ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ အမြဲမပြတ်လုံခြုံအောင် စောင့်ထိန်းရမည်။
၃။ ဟိရီ-မကောင်းမှုဒုစရိုက်တို့ကို မပြုလုပ်ဖို့ရန် ရှက်သောစိတ် ရှိရမည်။
၎။ သြတ္တပ္ပ-မကောင်းမှုဒုစရိုက်တို့ကို မပြုလုပ်ဖို့ရန် ကြောက်သောစိတ် ရှိရမည်။
၅။ သုတ-ကောင်းသော အကြားအမြင် ဗဟုသုတနှင့်ပြည့်စုံရမည်။
၆။ စာဂ-စေတနာသုံးတန် ပြဋ္ဌာန်းသောစိတ်ဖြင့် ပေးကမ်းစွန့်ကြဲ လှူဒါန်းတတ်ရမည်။
၇။ ပညာ-သံသရာမှ ထွက်မြောက်ကြောင်းဖြစ်သော လောကုတ္တရာပညာတို့နှင့် ပြည့်စုံရမည်။

Sunday, May 30, 2010

ပညာပါရမီရှင်များ၏ ဆုံဆည်းရာ


28.05.2010. နေ့က ဒါနသီရိလင်္ကာအဖွဲ့မှ သီရိလင်္ကာနိုင်ငံ၌ Ph.D. M.phi. M.A. B.A ပညာ သင်ကြားနေကြသော မြန်မာသံဃာတော်များအား စင်္ကာပူ၊ ဘရူးးနိုင်း၊ အမေရိကန်၊ ထိုင်း၊ ကိုးရီယားစသော နိုင်ငံများမှ ပညာပါရမီရှင် ဒကာ-ဒကာမများမှ ပညာပါရမီ ထောက်ပံ့သော ပွဲပြုလုပ်ပါသည်။

ဘရူးးနိုင်းနိုင်ငံမှ ပညာပါရမီရှင် မယ်တော်ကြီး ဒေါက်တာ ဒေါ်သက်သက်နွယ်နှင့် စင်္ကာပူနိုင်ငံမှ ပညာပါရမီရှင် မယ်တော်ကြီး ဒေါ်တင်တင်မြင့်တို့မှ ဒါနသီရိလင်္ကာအဖွဲ့၏ကိုယ်စား ဦးဆောင်ပြီး လာရောက်လှူဒါန်း ကြပါသည်။ ပညာပါရမီရှင် မယ်တော်ကြီးတို့ ဦးဆောင်သော ဒါနသီရိလင်္ကာ အဖွဲ့သည် (၁၅)ကြိမ်မြောက် လာရောက် လှူဒါန်းခြင်း ဖြစ်ပါသည်။

ဒါနသီရိလင်္ကာလင်္ကာအသင်း

စာရေးသူနှင့် ပညာပါရမီရှင် မယ်တော်ကြီးမှ သံဃာတော်များအား လှူဒါန်းမှုပြုစဉ် The writer and Mea Daw Gyi and friends donated money to the monks in Sri Lanka


ပညာပါရမီရှင် မယ်တော်ကြီး ဒေါက်တာဒေါ်သက်သက်နွယ်နှင့် ဒေါ်တင်တင်မြင့်




Wednesday, May 26, 2010

လူတော်လူကောင်း ၂


လောက၌ ဆရာများထံမှ သင်ယူ၍တတ်မြောက်သော ပညာရပ်တို့များစွာရှိပါသည်။ ဆရာများမှသင်ပေးသော ဗဟုသုတအတတ်ပညာ စက်မှုလက်မှုအတတ်ပညာ အတန်းပညာစသော လောကီလောကုတ္တရာ ပညာပေါင်းစုံ ရှိပါသည်။


လောကီနယ်ပယ်၌ ဆရာများထံမှ သင်ယူလေ့လာခဲ့သောပညာဖြင့် ဆရာဝန် အင်ဂျင်နီယာ ကျောင်းဆရာ ကျောင်းဆရာမ အစရှိသော ပညာတတ်လူတော်ပုဂ္ဂိုလ်များ ဖြစ်လာကြရပါသည်။

Saturday, May 22, 2010

လူတော်လူကောင်း


ဒီခေါင်းစဉ်လေးကို တင်ပြဖို့ စဉ်းစားထားတာ ကြာပါပြီ၊ ဘာဖြစ်လို့ တင်ပြချင်တာလဲဆိုတော့ ကမ္ဘာပေါ်မှာရှိသော လူသားအားလုံးရဲ့လိုအပ်ချက်ဟာ ဘာလဲဆိုတော့ လူတော်လူကောင်းဖြစ်ဖို့က အဓိက Main ဖြစ်မယ်လို့ ထင်ပါတယ်။

ဒါ့ကြောင့် လူတော်လူကောင်းဆိုတာ ဘယ်လိုအရာတွေနဲ့ ပြည့်စုံတဲ့လူတွေကို ခေါ်တာလဲဆိုတာလည်း မသိတဲ့လူတွေကလည်း သိချင်ကြမှာဖြစ်သလို သိတဲ့လူတွေလည်း ထပ်ပြီးပြည့်စုံသလောက်ရှိအောင် မိမိသိသလောက်လေးကို အထောက်အထားလေးတွေနဲ့ တင်ပြပေးလိုက်ပါတယ်။

ဒီစာတွေကို ရေးတာဟာ မိမိကိုယ်တိုင် သိလို့ရေးတာ မဟုတ်သလို ဆရာကြီးလုပ်ချင်လို့ ရေးတာလည်း မဟုတ်ဘူးဆိုတာတော့ စာဖတ်သူတို့ ယုံကြည်စေချင်ပါတယ်။ ဒီလူတော်လူကောင်းခေါင်းစဉ်ကို ရေးသားရာ၌ မှားယွင်းမပြည့်စုံများ တွေ့ရှိခဲ့လျှင် “ကျရောက်မြူသွင်၊ အပြစ်မြင်က၊ တင်၍နှုတ်သာ၊ ကဲ့ရဲ့ပါနှင့်၊ လျင်စွာထောက်ကူ၊ ပြင်တော်မူရှင့်”ဟု အရှင်ပညာတိက္ခ ရေးသားထားသည့်အတိုင်း အပြစ်မမြင်အမှန်ပြင်၍ သူတော်ကောင်းစိတ်ဖြင့် ဖတ်ရှုစေလိုပါသည်။

Monday, April 26, 2010

သင်္ကြန်အမှတ်တရ...

Tuesday, April 6, 2010

ဗောဓိပူဇာ...

ယခုတင်ပြထားသော ဓာတ်ပုံများမှာ 08.03.2010 ရက်နေ့တွင် ကျင်းပသော သီရိင်္ကာနိုင်ငံ၏ ဗောဓိပူဇာပွဲသဘင်ဖြစ်ပါသည်။ ဦးဇင်းတို့ မြန်မာနိုင်ငံဆိုရင်တော့ ညောင်ရေသွန်းပွဲပုံစံ ဖြစ်ပါသည်။ သူတို့ရဲ့ဓလေ့မှာ ဗောဓိညောင်ပင်ရှိသော ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ လူတွေစုပေါင်းပြီး ရေလောင်းခြင်း၊ ဆီးမီးထွန်းခြင်းများ ပြုလုပ်ကြပါသည်။ ထို့နောက် မြို့၌ရှိသော သံဃာများကို ပင့်ဖိတ်၍ သီလယူ ပရိတ်တရားများ နာယူကြပါသည်။ သံဃာများကို သင်္ကန်းစသည်များ လှူဒါန်းကြပါသည်။ နိုင်ငံ၏ အရာရှိသော လူများလည်း လာရောက်ပူဇော် ပရိတ်တရား နာကြပါသည်။

ဦးဇင်းလည်း သူတို့နိုင်ငံက သူတို့လူမျိုး ဘုန်းကြီးများကိုပင့်သော ထိုပွဲတော်၌ မိမိ၏သူငယ်ချင်း ကုလားဘုန်းကြီး တစ်ပါးက သူမလိုက်သောကြောင့် မိမိကို သူ့ကိုယ်စားထည့်လိုက်၍ လိုက်သွားဖြစ်ခဲ့ပါသည်။ ဒီနိုင်ငံ၏ ထူးခြားချက်မှာ ဘုရားသံဃာရှေ့၌ ထိုင်သောအခါ တင်ပလ္လင်ခွေ မထိုင်ကြပါ။ အဘယ့်ကြောင့်ဆိုသော် ဘုရားရှင်ကို လိုက်တုပြီးထိုင်သလို ဖြစ်နေမှာဆိုးသောကြောင့် မထိုင်ကြခြင်းဖြစ်လိမ့်မည်ဟု ထင်ရပါသည်။ များသောအားဖြင့်တော့ တင်မလွဲ ထိုင်ကြသော်လည်း အချိန်ကြာမည်ဟု ထင်ရသောပွဲမျိုး၌ ခြေထောက်ဆင်း၍ ထိုင်ကြပါသည်။ လူတွေသာ တင်ပလ္လင်ခွေ မထိုင်ရခြင်းမဟုတ်ဘဲ ဘုန်းကြီးများလည်း မထိုင်ရပါ။ ဘုန်းကြီးများသည် ထိုင်ခုံပေါ်မှာ ခြေချထိုင်ရပါသည်။ ထိုပွဲမှာ လူများစည်းကားလှသည်ကို တွေ့ရပါသည်။
Powered by Blogger.