Monday, August 23, 2010

ဘုရားဖူးအဖွဲ့များ မြန်မာကျောင်း၌ အမှတ်တရများ

အောက်မှာဖော်ပြထားသော ဓာတ်ပုံများမှာ နိုင်ငံတော်သံဃနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော်နှင့် ပေါက်မြိုင်ဆရာတော်တို့ဦးဆောင်သော ဘုရားဖူးအဖွဲ့ သီရိလင်္ကာမြန်မာကျောင်း၌ ဆွမ်းကပ်ခြင်း၊ လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ ဆရာတော်ကြီးများမှ မြန်မာရဟန်းတော်များအား သြ၀ါဒချီးမြှင့်ခြင်း စသည်တို့ကို အမှတ်တရ ရိုက်ကူးထားသော ဓာတ်ပုံများပင် ဖြစ်ပါသည်။











Type your summary hereType rest of the post here

Sunday, August 8, 2010

ကိုယ်စီပြုပါ အိမ်းတွင်းသာသနာ

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဓမ္မံ သရဏံ ဂစ္ဆာမိ။

သံဃံ သရဏံ ဂစ္ဆာမိ။

အစရှိသော ဂါထာကို တီတီတာတာ မပီကလာရွတ်ဆိုနေသော သုံးလေးနှစ်ကလေးငယ်၏ အသံကိုကြားလိုက်ရသောအခါ ရင်ထဲမှာ လွန်စွာအံသြမှုနဲ့အတူ ပီတိများလည်း ဖြာဝေအောင် ဖြစ်ခဲ့မိပါသည်။

ရွတ်ဆိုနေသော ကလေးငယ်သည် အရွယ်အားဖြင့် ငယ်သေး၍ အသိဉာဏ်မကြွယ်သေးသော်လည်း မိဘတို့၏ သွန်သင်ဆုံးမမှုကြောင့် ဗုဒ္ဓဘာသာဝင်တို့ ရသင့်ရထိုက်သော သြာကာသဘုရားရှိခိုး၊ သရဏဂုံနှင့်သမ္ဗုဒ္ဓေဂါထာစသည်တို့ကို နှုတ်တက်ရွရွ ရနေပါသည်။

Sunday, August 1, 2010

နိဂုံး


အမှောင်နှင့်အလင်းဆောင်သော ကမ္ဘာလောကကြီးအတွင်းဝယ် အကောင်းနှင့်အဆိုး အယုတ်နှင့်အမြတ်၊ လူဆိုးလူမိုက်နှင့် လူတော်လူကောင်းတို့သည် ဒွန်တွဲနေကြ၏။ မျက်မှောက်ခေတ် ဆုတ်ကပ်ကာလတွင် လူဆိုးလူမိုက်များထွန်းကား၍ နေရာအနှံ့အပြားတွင် ဒုနဲ့ဒေးပေါများလှပါသည်။ “လူတော်လူကောင်း”တို့မှာမူ လွန်စွာရှားပါးသော ခေတ်ကာလ ဖြစ်ပါသည်။

Friday, July 30, 2010

သုပ္ပဗုဒ္ဓကုဋ္ဌိလူနူဝတ္ထု

သုပ္ပဗုဒ္ဓသည် ခန္ဓာကိုယ်နူနေသောကြောင့် အစားအသောက်တို့ကို လိုက်လံရှာဖွေတောင်းရန်၍ စားသောက်ရသော ပုဂ္ဂိုလ်ဖြစ်ပါသည်။ သူသည် တစ်နေ့တွင် အစာအာဟာရတို့ကို လှည့်လည်တောင်းရမ်းရန် သွားသောအခါ မြတ်စွာဘုရား တရားဟောကြားသောနေရာသို့ ရောက်သွားလေ၏။ ထိုအခါ သူသည် လူအပေါင်း စုဝေးနေသည်ကိုမြင်၍ “ဤသူတော်ကောင်းများ စုဝေးရာအရပ်သို့သွားပါက တစ်စုံတစ်ခုသော စားဖွယ်သောက်ဖွယ်ကို ရနိုင်ပေအံ့”ဟု ကြံပြီးလျှင် ထိုလူစုဝေးရာအရပ်သို့ ချဉ်းကပ်လေ၏။

Saturday, July 24, 2010

ပညာ၏ အဓိပ္ပါယ်

သူတော်ကောင်းဥစ္စာ၌ပါဝင်သော ပညာဆိုသည်မှာ.........

၁။ ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကိုသိသော ၀ိပဿနာပညာနဲ့ပြည့်စုံခြင်း။

၂။ ကိလေသာအညစ်အကြေးကင်းစင်သော ၀ိပဿနာပညာ မဂ်ပညာနှင့် ပြည့်စုံခြင်း။

၃။ လောဘ ဒေါသ မောဟစသော ကိလေသာ အတုံးအခဲများကို ဖြိုးခွဲနိုင်သော ၀ိပဿနာပညာ မဂ်ပညာနှင့် ပြည့်စုံခြင်း။

၎။ ၀ဋ်ဆင်းရဲ ကိလေသာဆင်းရဲတို့၏ကုန်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော ၀ိပဿနာပညာ မဂ်ပညာနှင့် ပြည့်စုံခြင်းတို့ ဖြစ်ပါသည်။

Saturday, July 17, 2010

သံဃိကဒါနဖြစ်အောင် လှူပုံလှူနည်း

သံဃိကဒါနဆိုသည်မှာ သံဃာအားလုံးကို ရည်မှန်း၍ လှူဒါန်းသောဒါနဖြစ်ပါသည်။ မိမိလှူမည့် ဆွမ်းသင်္ကန်း စသော ပစ္စည်းများကို သာသနာတော်၌ရှိသမျှ သံဃာအားလုံးကို ရည်မှန်း၍လှူဒါန်းလျှင် ရဟန္တာပုဂ္ဂိုလ်များမှအစ ပုထုဇဉ်ရဟန်းသံဃာများပါမကျန် သံဃာအားလုံးကို လှူဒါန်းရာရောက်လေ၏။ ထိုလှူသော ပစ္စည်းဝတ္ထုများကို အနီးအနားမှာရှိသော သံဃာများသုံးဆောင်လို့ ရပါသည်။ သံဃာအားလုံးကို ရည်မှန်း၍ လှူဒါန်းထားခြင်းဖြစ်သော်လည်း သံဃာအားလုံးကို လိုက်ပြီးဝေငှရန် မလိုပါ။

Wednesday, July 7, 2010

စာဂ အဓိပ္ပါယ်

စာဂဆိုသည်မှာ သန့်ရှင်းစင်ကြယ်သော စိတ်ရှိရမည်။ တွန့်တိုမှုမရှိသော ပေးကမ်းစွန့်ကြဲမှုရှိရမည်။ လှူဒါန်းမှုနဲ့မပြတ်သော လက်ရှိရမည်။ လှူဒါန်းမှု၌ မွေ့လျော်ရမည်။ အလှူခံပုဂ္ဂိုလ်တို့နှင့် ယှဉ်တွဲမှုရှိရမည်။ ဤအချက်များနှင့် ပြည့်စုံသောသူကို စာဂနဲ့ပြည့်စုံသောသူဟူ၍ ခေါ်ပါသည်။

Saturday, July 3, 2010

သုတ အဓိပ္ပါယ်

သုတဆိုသည်မှာ အကြားအမြင် ဗဟုသုတရှိခြင်းကို ဆိုလိုပါသည်။ အကြားအမြင် ဗဟုသုတဆိုသည်မှာ..........

၁။ အကြားအမြင် ဗဟုသုတကို ဆောင်ရခြင်း၊

၂။ အတတ်ပညာကို ဆည်းပူးလေ့လာခြင်းတို့ ဖြစ်ပါသည်။

ထိုပညာတို့သည် အစ အလယ် အဆုံး သုံးပါးလုံးကောင်းမွန်ပြီး အကျိုးရှိ၍ လူအများချီးမွမ်းသော ပညာတို့ ဖြစ်ရပါမည်။
Powered by Blogger.