Thursday, March 13, 2014

ယဉ်ကျေးလိမ္မာသင်တန်း ပုံရိပ်များ

 လွန်ခဲ့သော တစ်လကျော်က မြဝတီမြို့နှင့် ရွှေကုက္ကိုမြိုင်ရွာသို့ တရားဟောကြွရင်း ကလေးများကျောင်းပိတ်ရင် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပြီး သင်ပေးချင်တယ်။ ဒီရွာက လူကြီးတွေ ဖြစ်မြောက်အောင် ကူညီပေးကြပါလို့ ပြောဆိုခဲ့တယ်။ ယခုတော့ ရွှေကုက္ကိုမြိုင်ရွာလူကြီးတွေက ကူညီပေးကြတာနဲ့ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ဖြစ်လို့ သွားရောက်သင်ပေးခဲ့တယ်။ ကလေးတွေများတာနဲ့ သူငယ်တန်းကနေ စတုတ္ထတန်းထိကိုတော့ တခြားခွဲသင်ခိုင်းလိုက်ပြီး မိမိကတော့ ပဉ္စမတန်းမှ နဝမတန်းထိ ကလေးများကိုသာ သင်ပေးလိုက်တယ်။ ကလေးတွေ သင်တန်းတတ်ချင်အောင် အင်္ဂလိပ်လိုပါ ဘာသာရေးစာပေများ ရေးခိုင်းကျက်ခိုင်းပေးလိုက်တယ်။

ကလေးများ  မိမိဘာသာတရားအကြောင်း အဓိကလိုက်နာရမဲ့အချက်များ သေချာသိထားဖို့၊ တခြားဘာသာများအကြောင်း ဗဟုသုတရှိထားဖို့၊ သရဏဂုံသုံးပါးမြဲဖို့၊ ငါးပါးသီလ နေ့စဉ်စောင့်ထိန်းလျှင် အကျိုးများမှန်းသိဖို့၊ ဝိပဿနာအားထုတ်ခြင်းသည် မျက်မှောက်ဘဝမှာ တကယ့်ချမ်းသာစစ်အမှန်ကို ရရှိတယ်ဆိုတာသိပြီး ဆက်လက်ကျင့်ကြံနေထိုင်ချင်စိတ်ဖြစ်ဖို့ ပြောဆိုသင်ပေးတယ်။ ဒီအချက်တွေသာ သူတို့လေးတွေ ပြည့်စုံနေမယ်ဆိုရင် ဒီဘဝတွင် တောင်းစားရတဲ့ ဘဝရောက်နေပါစေ မျက်မှောက်တမလွန်မှာ စိတ်ချမ်းသာမှုတော့ ရရှိနေမှာပါ။

အရှင်ကောမလ ဆန်နီနေမင်း
(၁၃.၃.၂၀၁၄)





0 comments:

Post a Comment

Powered by Blogger.