Friday, November 8, 2013

ဇနီးမောင်နှံ လက်တွဲမဖြုတ်ချင်ရင်

မေး။ ။ အရှင်ဘုရား တပည့်တော်တို့ ဇနီးမောင်နှံဟာ အမြဲတစေ လက်တွဲမဖြုတ်ရဘဲ ယခုဘဝ နောင်ဘဝတွေမှာပါ အတူတကွ ပေါင်းသင်းရပါလို၏လို့ ကောင်းမှုပြုလုပ်တိုင်း ဆုတောင်းကြပါတယ်။ အဲဒီလို ဆုတောင်းရုံနဲ့ ပြည့်စုံမှုရှိပါမလား။ ဘာတွေပြုလုပ်ဖို့ လိုအပ်မလဲဆိုတာ တပည့်တော်တို့လို မျက်မှောက်သံသရာမှာ လက်တွဲမဖြုတ်ချင်သော ဇနီးမောင်နှံများသိရှိပြီး ကျင့်သုံးနိုင်အောင် မိန့်ကြားပေးစေချင်ပါတယ်ဘုရား။
ဖြေ။ ။ မြတ်စွာဘုရားလက်ထက်က နကုလပိတာ နကုလမာတာ ဇနီးမောင်နှံတို့လည်း ခုလို မြတ်ဗုဒ္ဓကို လျှောက်ထားတဲ့အတွက် မြတ်ဗုဒ္ဓက ဇနီးမောင်နှံတွေ မျက်မှောက်သံသရာ အတူတကွ လက်တွဲမဖြုတ်ဘဲ ပေါင်းသင်းနိုင်ရန် ကျင့်သုံးရမဲ့ အချက် (၄) ချက် မိန့်ကြားပေးခဲ့ပါတယ်။
ဇနီးမောင်နှံနှစ်ဦးလုံးသည်
၁။ ကံ ကံ၏အကျိုးကို ယုံကြည်သော သဒ္ဓါတရားရှိရမည်။
၂။ ငါးပါးသီလ မြဲရမည်။
၃။ စိတ်တူကိုယ်တူ ပေးကမ်းစွန့်ခြင်း ဒါနပြုလုပ်ခြင်း ဖြစ်ရမည်။
၎။ တရားနာယူမှု မှတ်သားမှု လေ့လာမှု ဆွေးနွေးမေးမြန်းမှု နာခံမှတ်သားမှု တရားသိတာ အားထုတ်တာများ နှစ်ဦးလုံးပြုလုပ်ရမည်။
အထက်ပါအချက်လေးချက်နဲ့ ပြည့်စုံသော ဇနီးမောင်နှံများဟာ ယခုဘဝမှာလည်း အစဉ်မကွာ နောင်ဘဝမှာလည်း ယှဉ်တွဲကာ လက်တွဲရမယ်လို့ မြတ်ဗုဒ္ဓက မိန့်ကြားပေးခဲ့ပါတယ်။
ကျမ်းညွှန်း။ အံ။ ၄။ ပါ။ ၃၇၂။ ၃။ သမဇီဝီသုတ်။ မဟာသုတဒီပနီကျမ်း။ ပ။ နှာ။ ၃၃၁။
မိမိချစ်လို့ ယူထားကြတာပါဆိုတဲ့ ဇနီးမောင်နှံများ မျက်မှောက်လည်း ရာသန်ပန် အတူလက်တွဲရအောင် သံသရာလည်း ထပ်မံဆုံတွေ့ပေါင်းသင်းနိုင်ကြအောင် ကျင့်သုံးနိုင်ကြပါစေလို့ ဆန္ဒပြုလျက်

0 comments:

Post a Comment

Powered by Blogger.