Tuesday, July 16, 2013

သူတော်ကောင်း/သူယုတ်မာ လက္ခဏာများ

မေး။ ။ အရှင်ဘုရား တပည့်တော် သူတော်ကောင်း/သူယုတ်မာလက္ခဏာ(၄)ပါးအကြောင်းကို ကြားဖူးတာ ကြာပါပြီ။ အဲဒါ တပည့်တော် ခု ကျမ်းအထောက်အထားနဲ့တကွ ရှင်းပြဖို့ရန် လိုအပ်လာတဲ့အတွက် အရှင်အနေနဲ့ အဆင်ပြေမယ်ဆိုရင် ရေးသားပေးစေချင်ပါတယ်ဘုရား။ ရိုသေစွာဖြင့်.......။

ဖြေ။ ။ သူတော်ကောင်းလက္ခဏာ(၄)ပါးမှာ
၁။ သူတစ်ပါး မကောင်းကြောင်းကို မမေးဘဲ မပြောခြင်း။ မေးတဲ့သူရှိရင်သော်မှ ယုတ်လျှော့ပြီး ပြောခြင်း။
၂။ သူတစ်ပါး ကောင်းကြောင်းကို မမေးဘဲ ပြောခြင်း။ မေးတဲ့သူရှိရင် ပြည့်စုံစွာ ပြောခြင်း။
၃။ မိမိရဲ့ မကောင်းကြောင်းကို မေးတဲ့သူမရှိသော်လည်း ပြောပေးခြင်း။ မေးတဲ့သူရှိရင် အကျယ်တ၀င့် ပြောခြင်း။
၎။ မိမိရဲ့ ကောင်းကြောင်းကို မေးရင် အကျယ်တ၀င့် မပြောဘဲ  ယုတ်လျှော့ပြီး ပြောခြင်း။

သူယုတ်မာလက္ခဏာ(၄)ပါးမှာ
၁။ သူတစ်ပါး မကောင်းကြောင်းကို မမေးဘဲ ပြောခြင်း၊ မေးတဲ့သူရှိရင် အကျယ်တ၀င့် ပြောခြင်း။
၂။ သူတစ်ပါး ကောင်းကြောင်းကို မေးရင် အကျယ်တ၀င့် မပြောဘဲ  ယုတ်လျှော့ပြီး ပြောခြင်း။
၃။ မိမိရဲ့ မကောင်းကြောင်းကို မေးရင် အကျယ်တ၀င့် မပြောဘဲ ယုတ်လျှော့ပြီး ပြောခြင်း။
၎။ မိမိရဲ့ ကောင်းကြောင်းကို မမေးသော်လည်း အကျယ်တ၀င့် ပြောခြင်း။

ဒီလက္ခဏာတွေကတော့ မြတ်ဗုဒ္ဓကိုယ်တိုင် အင်္ဂုတ္ထိုရ်ပါဠိတော်၊ သပ္ပုရိသသုတ္တံမှာ ဟောကြားတော်မူခဲ့တဲ့ သူတော်ကောင်း/သူယုတ်မာတို့ရဲ့ လက္ခဏာစရိုက်များ ဖြစ်ပါတယ်။

စာဖတ်ပရိသတ်အားလုံး ကိုယ်စိတ်နှစ်ပါး ချမ်းသာကြပါစေလို့ ဆန္ဒပြုလျက်........။

0 comments:

Post a Comment

Powered by Blogger.