Saturday, February 23, 2013

လင်္ကာမြေကို ခဏတာ နှုတ်ဆက်ခဲ့ခြင်း

(07.02.2013)တွင် မိုးရေးပေါ်ဖိနပ်ချော်လဲမှုကြောင့် ဦးဇင်းရဲ့ ဘယ်ဘက်လက်ဟာ လက်ကောက်ဝတ်အဆစ် လွဲချော်သွားခဲ့ပါတယ်။ အဲဒါနဲ့ ယခု ကျောက်ပတ်တီးစည်းထားတာ လက်နာကျင်မှုမခံစားရတော့ဘဲ လက်အသားကျအောင်၊ ပုံမှန်ပြန်ဖြစ်အောင် ကျောက်ပတ်တီးရဲ့ ထုံးစံအတိုင်း (၄၅)ရက်ပြည့်မှ ဖြီရမယ်လို့ ဆရာဝန်က ပြောပါတယ်။

ဒါဆို မြန်မာပြည်မှာဖြီးလို့ ရမလားလို့မေးတဲ့အခါ ဆရာဝန်က သူဆေးစာ ရေးပေးလိုက်ပါမယ်။ မြန်မာပြည်မှာ ဖြီနိုင်ပါတယ်လို့ပြောတာနဲ့ ကျောက်ပတ်တီးကြောင့် ဘာမှမလုပ်နိုင်ဘဲ ရေချိုး၊ ထမင်စား၊ သင်္ကန်းကိုင်တာကအစ သူတစ်ပါးကို ခိုင်းနေရတာမို့ သူတစ်ပါးကို ဒုက္ခမပေးတော့ဘဲ ဦးဇင်းရွာမှာသာ အေးဆေးပြန်နေမယ်လို့ စဉ်းစားပြီး လေယာဉ်လက်မှတ်ဝယ်လိုက်ပါတယ်။

လေယာဉ်လက်မှတ်ဝယ်ပြီး မိဘတွေကို (၂၅.၀၂. ၂၀၁၃)တွင် ရန်ကုန်သို့ (၁၃း၄၅) မှာ ရောက်ရှိမှာဆိုတဲ့အကြောင်း အကြောင်းကြားလိုက်ပါတယ်။ ဒါနဲ့ နောက်တစ်ရက်ကျတော့ မိဘတွေက ရွာမှာ ဘုရားပွဲရှိတယ်။ အဲဒီဘုရားပွဲမှာ အရင်နှစ်တွေက တခြားနာမည်ကြီးဆရာတော်တွေပင့်ပြီး တရားနာကြပေမဲ့ ဒီနှစ် သားဦးဇင်းပြန်လာဖို့လည်း အခွင့်ကြုံနေလို့ ရွာသူရွာသားတွေနဲ့ ရွာတစ်ဝိုက်လူတွေက ဘုရားပွဲမှာ တခြားဆရာတော်တွေ မပင့်တော့ဘဲ မိမိဇာတိရွာသား ဒေါက်တာလောင်း၊ နိုင်ငံခြားပြန်ဦးဇင်းလေးရဲ့ ဆုံးမစကားတရားတော်များကို နာချင်တယ်လို့ တောင်းဆိုကြတာကြောင့် ရွာကို တန်းလာခဲ့ပါလို့ ပြောပါတယ်။

မိမိရောက်နေတဲ့အချိန်လည်းဖြစ်တယ်။ ရွာသူရွာသား မိဘတွေကလည်း တောင်းဆိုနေကြတာဆိုတော့ လေယာဉ်စီးရလို့ (၁)ည အိပ်ရေးပျက် ပင်ပန်းရတဲ့အထဲက ရန်ကုန်နဲ့မုံရွာ (၁)ညတာ ပင်ပန်းရဦးမှာသိပေမဲ့ ကျေးဇူးရှင် မိဘတွေနဲ့ဇာတိရွာဖြစ်နေတာကြောင့် ပင်ပန်းခံရမှာပေါ့လို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ အဲဒီတော့ (၂၅.၀၂. ၂၀၁၃)တွင် ရန်ကုန်သို့ (၁၃း၄၅) တွင်ရောက်ရှိပြီး လေဆိပ်ကနေ မုံရွာကားစီးကာ နောက်ရက်တွင် ရွာဘုရားပွဲ တရားဟောကြားပေးပြီး ရွာမှာ အနားယူပါမယ်။ နောက်မှ ရန်ကုန်လာပြီး ကျောက်ပတ်တီးဖြီပါမယ်။

မြန်မာပြည်သို့ နေထိုင်ခွင့်ကို တက္ကသိုလ်မှ ခွင့်(၃)လ တောင်းဆိုခဲ့တာမို့ မြန်မာပြည်တွင် (၂)လကျော်လောက်တော့ ယခုနှစ် နေထိုင်ရပါလိမ့်မယ်။

ဦးဇင်းနဲ့ ဆက်သွယ်ပြောဆိုစရာရှိပါက ဦးဇင်းအသုံးပြုမဲ့ဖုန်း 09-420064265 ကို ဆက်သွယ်နိုင်ပါတယ်။ ဦးဇင်းဖုန်းကို ဆက်မရပါက ဦးဇင်းမိဘအိမ်ဖုန်း 09-49341149 ကို ဆက်သွယ်နိုင်ပါတယ်။

လက်တစ်ဖက်နဲ့ စာရိုက်နေရတာမို့ အားလုံးကို မပြောပေးနိုင်တာကြောင့် ဒီကနေပဲ အသိပေးလိုက်တာပါ။ အားလုံးသော စာဖတ်ပရိသတ်များ ဦးဇင်းရဲ့ ဘာသာရေးစာပေ၊ အသိပညာပေးစာပေများ မရေးနိုင်လို့ မဖတ်ရရင်လည်း ဦးဇင်း တရားဟောခွင့်ရတဲ့နေရာတွေမှာ နားထောင်ခွင့်ရနိုင်လိမ့်မှာမို့ အသိပညာရဖို့အတွက်တော့ စိတ်မပူကြပါနဲ့လေ။

အားလုံးသော စာဖတ်ပရိသတ်များ ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ မေတ္တာပို့သလျက်.....။

အရှင်ကောမလ ဆန်နီနေမင်း

0 comments:

Post a Comment

Powered by Blogger.