Friday, February 8, 2013

ဆန်နီနေမင်း ဆေးကုသမှု ခံယူနေ

အိုနာသေခြင်းတရားတွေဟာ အမြဲလိုလိုဖြစ်နေတာမို့ ဘယ်ချိန်မဆို ခံစားနေရပေမဲ့ နည်းတာများတာပဲ ကွာဟချက်တွေ ရှိနေတာပါ။ အရင်ကဖြစ်နေတဲ့ နာခြင်းတရားဟာ နည်းနေလို့ မသိသာပေမဲ့ ခု နာခြင်းတရား ပြင်းထန်စွာခံစားရတော့မှ နာခြင်းတရားကို သတိထားမိလေတော့တယ်။

နာခြင်းတရားကို ရုတ်တရက်ခံစားရနိုင်သလို သေခြင်းတရားကိုလည်း ဘယ်ချိန်မဆို ရုတ်တရက် ခံစားရဦးမယ်ဆိုတာ သတိဖြစ်လာခဲ့တယ်။

ခွဲစိတ်ခန်းဝင်တော့ ဆရာဝန်က နာကျင်မှုကို ခံစားရမယ်လို့ပြောတဲ့အခါ ရုပ်တရားရဲ့ဖောက်ပြန်မှုကို အာရုံပြုပြီး သူ့အလိုလိုဖောက်ပြန်နေတာပဲ ငါဆိုတဲ့ အမှတ်သညာနဲ့ မှတ်နေရင်တော့ နာကျင်တာကို ခံစားရမယ်။ ဒီတော့ သူ့အလိုလိုဖောက်ပြန်နေတဲ့ ရုပ်တရား ဖောက်ပြန်ပါစေလို့ လွတ်ထားလိုက်တဲ့အခါ ဆေးထိုးတာကအစ ဘာမှမခံစားရတော့ပါပေ။

မြတ်ဗုဒ္ဓရဲ့ကျေးဇူးကြောင့် နာကျင်မှုကို မခံစားရတာပါ။ တရားနဲ့သာ မှတ်မနေပါက ရုပ်တရားရဲ့ နာကျင်မှုတွေကို ခံစားနေရမှာ အမှန်ပါ။ ဦးဇင်း စာဖတ်ပရိသတ်များလည်း ဘယ်လို ဒုက္ခပဲကြုံကြုံ တရားလေးနဲ့ နှလုံးသွင်းနိုင်စေချင်လို့ ဦးဇင်းအတွေ့အကြုံလေးကို မျှဝေပေးလိုက်ပါတယ်။

07.02.2013 မနက် (၁)နာရီခန့်တွင် ရေညှိနဲ့ ဖိနပ်ချော် လဲကျရာက ဘယ်ဘက် လက်ကောက်ဝတ် အဆစ်လွဲသွားသဖြင့် ပလက်စတစ်နဲ့ ပြန်ဆက်ကာ ကျောက်ပတ်တီး စည်းထားရပါတယ်။

လက်အခြေအနေကတော့ (15.02.2013) ကျမှ အဖြေတိကျစွာ သိရပါမယ်။ လောလောဆယ်တော့ လက်က ဘာမှ မခံစားရပါဘူး။ ခု ကျောင်းမှာပဲ နားနေရပါတယ်။ ကျောတ်ပတ်တီး ကြာကြာစီးထားရမယ်ဆိုရင် မြန်မာပြည် ပြန်နေဖို့ စဉ်းစားထားပါတယ်။


1 comments:

သဒ္ဓါလှိုင်း said...

အရှင်ဘုရား.အမြန်ဆုံးပြန်လည်သက်သာပါစေဘုရား.။
ရှီခိုးကန်တော့လိုက်ပါတယ်ဘုရား.။
ရိုသေလေးစားလျက်
သဒ္ဓါလှိုင်း

Post a Comment

Powered by Blogger.