Friday, January 4, 2013

ဝံသာနုရက္ခိတ စိတ်ဓာတ်ဆိုသည်မှာ

လွတ်လပ်ရေးနေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်များရဲ့ ၀ံသာနုရက္ခိတစိတ်ဓာတ်ကို လေးစားလွန်းလို့ ဆောင်းပါးရေးပြီး ဂုဏ်ပြုလိုက်ပါတယ်။ ဗိုလ်ချုပ်ဆောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်များ ဘယ်လိုကြိုးပမ်းပြီး လွတ်လပ်ရေးရအောင် ပြုလုပ်ခဲ့ကြရသလဲဆိုတာ အားလုံးသိကြမှာပါ။ အဲဒီတော့ မသိသေး သတိမထားမိတာလေးတွေကိုသာ အဓိကထား တင်ပြပေးသွားပါမယ်။

ဝံသာနုရက္ခိတဆိုတာ အမျိုးအနွယ်၊ အစဉ်အလာကို စောင့်ရှောက်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေဟာ လွတ်လပ်ရေးရအောင် ဘာကြောင့်ပြုလုပ်ခဲ့ရသလဲဆိုရင် မိမိလူမျိုးများကို တစ်ပါးသူတို့ အုပ်ချုပ်အနိုင်ကျင့်မှု၊ သိမ်းပိုက်မှုကို မလိုလား၊ မိမိလူမျိုးအချင်းချင်းသာ ပေါင်းသင်းနေထိုင်စေချင်တဲ့ လူမျိုးစောင့်သိမှု ၀ံသာနုရက္ခိတစိတ်ဓာတ်ကြောင့်ပါ။ တကယ်လို့များ ဗိုလ်ချုပ်နဲ့အာဇာနည်ခေါင်းဆောင်များမှာ ဝံသာနုရက္ခိတစိတ်ဓာတ်မရှိခဲ့လို့ လွတ်လပ်ရေးရအောင် မလုပ်ခဲ့ဘူးဆိုရင် ယခုအချိန်မှာ မြန်မာလူမျိုး စစ်စစ်ဆိုတာ မရှိသလောက်ရှားပါးသွားကာ အင်္ဂလိပ်၊ ဒါမှမဟုတ် ဂျပန်လူမျိုးများရဲ့ သွေးသားရောယှက်မှုကိုခံရခြင်းကြောင့် မြန်မာ၊ အင်္ဂလိပ်၊ ဂျပန်လူမျိုးရောများသာ ဖြစ်နေမှာပါ။

အဲဒီတော့ မိမိတို့ မြန်မာလူမျိုးများအနေနဲ့ ဗိုလ်ချုပ်နဲ့အာဇာနည်ခေါင်းဆောင်များရဲ့ မျက်နှာကိုထောက်ပြီး မိမိလူမျိုးပျက်စီးမဲ့ဘေးကနေ ကာကွယ်စောင့်ရှောက်ကြဖို့ လိုပါတယ်။

တစ်ခါ မိမိတို့ ဘိုးဘွားအစဉ်အလာ ကိုးကွယ်လာခဲ့တဲ့ ထေရ၀ါဒဗုဒ္ဓဘာသာကိုလည်း စောင့်ထိန်းဖို့လိုပါပေတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိမိတို့ကိုးကွယ်လာခဲ့တဲ့ ဗုဒ္ဓဘာသာရဲ့ခေါင်းဆောင်ဖြစ်သူ မြတ်ဗုဒ္ဓဟာ မိမိတို့ အသိတရားရစေဖို့အတွက် ဘ၀ပေါင်းများစွာ ဘယ်လောက်ထိပင်းပန်းခံ ဒုက္ခခံခဲ့ရသလဲဆိုတာ သိကြမှာပါ။ မြတ်ဗုဒ္ဓဖြစ်တဲ့ဘ၀မှာတောင် မနားမနေ ကြိုးစားအားထုတ်ပေးခဲ့တဲ့ ကျေးဇူးတရားတွေဟာ မိမိတို့ဘာသာဝင်တွေမှာ အများကြီးရှိနေပါတယ်။ ဒါကြောင့် ဘိုးဘွားစဉ်ဆက်များရဲ့မျက်နှာ၊ မြတ်ဗုဒ္ဓရဲ့စေတနာ၊ ကျေးဇူးတရားတွေကိုထောက်ပြီး မိမိတို့လက်ထက်မှာ ဗုဒ္ဓဘာသာကွယ်ပျောက်မသွားအောင် စောင့်ထိန်းကြရမှာမို့ အိမ်ထောင်ပြုခြင်းကအစ သတိတရား ရှိစေချင်ပါတယ်။ မြတ်ဗုဒ္ဓကိုယ်တိုင်လည်း သူတည်ထောင်ခဲ့တဲ့ ဗုဒ္ဓသာသနာ ပျက်စီးယုတ်လျော့မည်ကိုတော့ လိုလားလိမ့်မှာ မဟုတ်ဘူးဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း အထူးသတိရှိစေချင်ပါတယ်။

ဗုဒ္ဓစာပေများမှာ ၀ံသာနုရက္ခိတနဲ့ပတ်သတ်ပြီး ဖွင့်ဆိုပြထားတာများကို လိုက်လံကြည့်ရှု့ရာ မဟာဗုဒ္ဓ၀င်၊ ပဉ္စမတွဲတွင် ကောသလမင်းကြီးက သာကီဝင်မင်းသမီးကို မိဖုရားမြှောက်လိုခြင်းကြောင့် သာကီဝင်မျိုးနွယ် တောင်းတဲ့အခါ သာကီဝင်မျိုးနွယ်များဟာ သူတို့မျိုးနွယ်၊ လူမျိုးတို့တွင် တခြားလူမျိုးများ ရောယှက်မှာမလိုလားတဲ့အတွက် မိမိမျိုးနွယ်လူမျိုးကို စောင့်ရှောက်ခဲ့ကြတာ တွေ့ရပြန်ပါတယ်။

ဒါပြင် သာကီဝင်မင်းမျိုးတွေကို ၀ိဋဋူဘမင်းက သတ်ဖြတ်ဖို့သွားရာတွင် မြတ်ဗုဒ္ဓကိုယ်တိုင် သာကီဝင်မျိုးနွယ်များ အန္တရာယ်ကျရောက်မည့်ဘေးမှ ကယ်တင်ပေးခဲ့ခြင်းမှာလည်း ၀ံသာနုရက္ခိတစိတ်ပင် ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓကိုယ်တိုင် မိမိမျိုးနွယ်များကို ၀ိဋဋူဘမင်း သတ်ဖြတ်တော့မယ်ဆိုတာသိလို့ တက်နိုင်သမျှ (၃)ကြိမ်တိုင်အောင် စောင့်ရှောက်ပေးခဲ့ပါတယ်။ မိမိမျိုးနွယ်များရဲ့ အကုသိုလ်ဝဋ်ကြွေးကြောင့် မတက်နိုင်တဲ့အခါမှသာ မြတ်ဗုဒ္ဓ လက်လျှော့ခဲ့ရတာပါ။

မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံလွန်ပြီးတဲ့နောက်ပိုင်း ရဟန္တာအရှင်မြတ်အစရှိတဲ့ သံဃာတော်တွေဟာ ဆင်းရဲဒုက္ခဘေးများစွာကြားကနေ မိမိဘာသာသာသနာ မပျောက်ကွယ်ဘဲ တိုးတက်ပြန့်ပွားအောင် အသက်ပေးပြီး ကြိုးစားအားထုတ်ခဲ့ကြတာကို သင်္ဂါယနာတင်ကျမ်းစာများ ဖတ်ဖူးသူတိုင်း သိလိမ့်မယ်ထင်ပါတယ်။ သီရိလင်္ကာတွင် စတုတ္ထသင်္ဂါယနာ မတင်မီက သံဃာတော်များဟာ သူပုန်ဘေးတွေကြောင့် အစာငတ်သော်လည်း ဗိုက်ပူလို့ သဲပုံပေါ်မှောက်ပြီး ပိဋကတ်စာပေများ ရွတ်ဆိုထိန်းသိမ်းခဲ့ကြတာဟာ မိမိဘာသာ၊ သာသနာအတွက်ပါ။

ဒါပြင် ယနေ့မျက်မှောက်ခေတ် သံဃာတွေထဲမှာ မင်းကွန်းဆရာတော်ကိုယ်တိုင် ဝံသာနုရက္ခိတစိတ်ရှိတာကို တွေ့ရပြန်ပါတယ်။ ဆရာတော်ကြီးက မန္တလေးမြို့၊ နိုင်ငံတော်ပရိယတ္တိသာသနတက္ကသိုလ် ဆောက်လုပ်တဲ့အခါ သူ့ကပ္ပိယတပည့်တွေကို မိမိတို့ဗုဒ္ဓဘာသာဈေးဆိုင်တွေမှာသာ အားပေးကြရန် ပြောကြားခဲ့တယ်လို့ မန္တလေး၊ သာသနတက္ကသိုလ်တွင် ပညာသင်စဉ်က မှတ်သားခဲ့ရပါတယ်။ တခြားလူမျိုး၊ ဘာသာတရားဘက်ရောက်သွားလို့ မကောင်းကျိုးတွေခံစားရရင် မိမိတို့လူမျိုး၊ ဘာသာဝင်များမှာ စိတ်မကောင်းဖြစ်ရမှာမို့ ခုလို ဝံသာနုရက္ခိတစိတ်နဲ့ ပြောဆိုနေကြတာပါ။ လယ်တီဆရာတော်ဘုရားကြီးရဲ့ နွားမေတ္တာစာ ရေးသားဟောကြားထားတဲ့ တရားတော်မှာလည်း မိမိလူမျိုး၊ ဘာသာဝင်များအတွက် အသိတရားပေးထားတာတွေ အများကြီးပါရှိတယ်ဆိုတာကို ဖတ်ဖူးကြားဖူးသူတိုင်း သိလိမ့်မယ် ထင်ပါတယ်။ တစ်ခါ ဆရာတော်ဦးဥတ္တမက ဘာကြောင့် တော်လှန်ရေးတွင် ပါဝင်ဆင်နွဲခဲ့ရသလဲဆိုတာလည်း အားလုံးသိကြမယ် ထင်ပါတယ်။ သံဃာတော်များ ပညာသင်ကြားနေခြင်း၊ စာပေရေးသားခြင်း၊ တရားဒေသနာများ ဟောကြားပေးနေခြင်းတို့မှာ မိမိတို့ဗုဒ္ဓဘာသာမျိုးနွယ်များ ယုတ်လျှော့မသွားစေဘဲ အသိပညာတိုးပွားပြီး ဒီထက်မက ပြန့်ပွားအောင် ပြုလုပ်နေကြတာပါ။ ဒါတွေဟာ ၀ံသာနုရက္ခိတစိတ်ဓာတ် ရှိကြလို့ပါ။

ဝံသာနုရက္ခိတစိတ်မရှိတဲ့သူဟာ တစ်ယောက်တည်း တောထဲမှာ နေတဲ့သူမှ ဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အနည်းဆုံး ကိုယ့်ဆွေမျိုး၊ မောင်နှမနဲ့ တခြားသူ ရန်ဖြစ်ရင်တောင် ကိုယ့်ဘက်က သာစေချင်၊ အနိုင်ရစေချင်၊ ၀င်ကူညီချင်စိတ်ဟာ အဖွဲ့စည်းနဲ့ လူ့လောကထဲနေတဲ့ သတ္တ၀ါတိုင်းမှာ ရှိနေကြလို့ပါပဲ။

ဘာသာဝင်တိုင်း၊ လူမျိုးတိုင်းတွင် မိမိဘက်ကို စောင့်ရှောက်ကာကွယ်နေကြတာကို နေရာတိုင်း၊ နိုင်ငံတိုင်း၊ လူမျိုးတိုင်း၊ ဘာသာတရားတိုင်းမှာ တွေ့မြင်နေရပါတယ်။ ဥပမာ-ဗုဒ္ဓဘာသာကလည်း ဗုဒ္ဓဘာသာကို စောင့်ရှောက်ကာကွယ်ပေးကြသလို ကျန်တဲ့ဘာသာဝင်များကလည်း သူတို့ဘာသာကို စောင့်ရှောက်ပေးနေကြပါတယ်။

လူမျိုးနဲ့ပတ်သတ်ပြီးလည်း မိမိလူမျိုးကို တခြားလူမျိုးထက် ပိုမိုစောင့်ရှောက်တာကို နိုင်ငံတိုင်းမှာ တွေ့မြင်ရပါတယ်။ အမှုတစ်ခုဖြစ်ရင်တောင် နိုင်ငံခြားသားနဲ့နိုင်ငံကလူ ဘယ်သူ့ကို နိုင်ငံရဲ့ဥပဒေက ပိုမိုအလေးပေးသလဲဆိုတာ အားလုံးသိရှိကြပြီးသား ဖြစ်ပါလိမ့်မယ်။

ဦးဇင်း အခုနေတဲ့ သီရိလင်္ကာနိုင်ငံ ဘုန်းတော်ကြီးများမှာလည်း ၀ံသာနုရက္ခိတစိတ်ဓာတ်ရှိကြတဲ့အတွက် မြို့ပေါ်တွင်လှည့်လည်ပြီး မိမိတို့ဗုဒ္ဓဘာသာဝင်များ ဘာသာခြားများဆိုင်ကနေ ဈေးမ၀ယ်ရန် တိုက်တွန်းနှိုးဆော်တာကို တွေ့ခဲ့ရပါတယ်။ အဲဒီတော့ လူအများပြောနေတဲ့ ဝံသာနုရက္ခိတစိတ်ဓာတ်ဆိုတာ ဘယ်လိုဟာကိုပြောတာလဲလို့ သေချာကျနစွာ မသိသေးသူများ ယခုလောက်ဆို သိမြင်လောက်ပြီ ထင်တာမို့ ဝံသာနုရက္ခိတစိတ်ဓာတ်ပိုင်များအတွက် လွတ်လပ်ရေးနေ့တွင် ဦးဇင်းတက်သိသလောက်လေးနဲ့ ဂုဏ်ပြုဆောင်းပါး ရေးပေးခြင်းကို ဒီမျှနဲ့ပဲ ရပ်နားလိုက်ပါပေတယ်။

မိမိလူမျိုး၊ ဘာသာတရားကို စောင့်ရှောက်ကာကွယ်ခြင်းသည် သတ္တ၀ါတိုင်းရဲ့ တာဝန်ပင် ဖြစ်ပေသည်။

မှတ်ချက်။ ။ ဦးဇင်းရဲ့ ခံယူချက်၊ တက်သိသမျှ အသိဉာဏ်နဲ့ ရေးသားတင်ပြပေးလိုက်တာကြောင့် စာဖတ်သူများအတွက် အသိပညာမရရှိရင်ဖြစ်စေ၊ နှစ်သက်မှုမရှိရင်ဖြစ်စေ ဦးဇင်းဆောင်းပါးကို မဖတ်ရှု့ဘဲ ကျော်လွှားသွားနိုင်ကြပါတယ်။
အရှင်ကောမလ ဆန်နီနေမင်း

0 comments:

Post a Comment

Powered by Blogger.