Saturday, December 8, 2012

အတုယူစရာ


စိတ်မရှိတဲ့ ရေကို မိမိလိုရာသို့ရောက်အောင် မြောင်းသွယ်ခြင်းတို့ ပြုလုပ်နိုင်တယ်ဆိုရင် စိတ်ရှိတဲ့ငါဟာ မိမိစိတ်ကိုနိုင်အောင်ထိန်းပြီး တရားရအောင် ဘာလို့မလုပ်နိုင်ရမှာလဲ။

အသက်မရှိတဲ့သစ်သားကို လှည်းဘီးလိုဝိုင်းအောင်ပြုလုပ်နိုင်တယ်ဆိုရင် အသက်ရှိတဲ့ငါဟာ မိမိစိတ်တရားပေါ်မှာပဲ အာရုံရောက်အောင် ဘာလို့မလုပ်နိုင်ရမှာလဲ။

သက်မဲ့ဖြစ်တဲ့ ၀ါးလုံးကို မြှားတံလိုဖြောင့်အောင်ပြုလုပ်နိုင်တယ်ဆိုရင် သက်ရှိဖြစ်တဲ့ ငါ့ရဲ့စိတ်ကို တရားပေါ်မှာပဲစိတ်ဖြောင့်အောင် ဘာလို့မလုပ်နိုင်ရမှာလဲ။ (ဓမ္မပဒ၊ ဋ္ဌ၊ ၁၊ ၃၆၇)

(ခုနစ်နှစ်အရွယ် ပဏ္ဍိတသာမဏေလေးဟာ အထက်ပါအတွေးများနဲ့ ရဟန္တာဖြစ်အောင် ကြိုးစားသွားခဲ့ပါတယ်။)

0 comments:

Post a Comment

Powered by Blogger.