Tuesday, October 23, 2012

ဖြေသင့် မဖြေသင့် အကြံပေးကြပါဦး

မေး။ ။ ယောက်ျားလေးများ မိန်းမလုံချည်အောက်ဝင်ရင် ဘုန်းနိမ့်တယ်ဆိုတာ ဟုတ်ပါသလား၊ ကလေးမွေးခန်းထဲဝင်ရင် ဘုန်းနိမ့်တယ်ဆိုတာရော ဟုတ်ပါသလားဘုရား။ တပည့်တော်တို့ ပြည်ပရောက် ကျောင်းသားများ ငြင်းခုံနေဖြစ်နေလို့ ဖြေပေးစေချင်ပါဘုရား။ ယနေ့ခေတ်ဟာ ဖုံးကွယ်မထားဘဲ အမှန်တိုင်းသိချင်တဲ့စိတ်တွေ၊ စူးစမ်းချင်တဲ့စိတ်တွေ ဖြစ်ပေါ်နေကြတာမို့ အရှင်ဘုရားသိသလောက် ဖြေပေးစေချင်ပါတယ်ဘုရား။ တပည့်တော်တို့ကျောင်းသားများကလည်း အရှင်ဘုရားအဖြေပေါ်မူတည်ပြီး ငြင်းခုံလောင်းကစားလုပ်ထားတာကို ဆုံးဖြတ်မယ်လို့ သဘောတူထားတာမို့ အမှန်တရားကို ဖြေပေးစေချင်ပါတယ်ဘုရား။ အရှင်ဘုရား ဆက်လက်သာသနာပြုဆရာတော် ဖြစ်ပါစေ။

ဒီမေးခွန်းကို ဦးဇင်းသိသမျှ အမှန်တိုင်း ဖြေပေးရင် ကောင်းမလား။ ရှေးလူကြီးတွေရဲ့ မသိစေချင်လို့ လျှို့ဝှက်ထားခဲ့တာတွေကို ဒီတိုင်းပဲ ထားလိုက်ရင် ကောင်းမလားဆိုပြီး စဉ်းစားနေပါတယ်။ အဲဒီတော့ ဦးဇင်းပရိသတ်များကပဲ ဖြေသင့်မဖြေသင့် အကြံပေးကြပါဦးနော်။ များတဲ့ဘက်လိုက်ပြီး ဦးဇင်းလည်း ဆုံးဖြတ်ချက် ချရမယ်ထင်တယ်။

ဦးဇင်းကိုယ့်ကျမ်းအတွက် အလုပ်များနေတာရယ်၊ ဦးဇင်းနှစ်ပေါင်းများစွာ စုထားတဲ့ External Hard Disk ပျက်စီးသွားပြီး ပြန်ယူလို့ မရတာကြောင့် မေးဖြေတစ်ခုရေးဖို့ရာအတွက် တိကျခိုင်မာတဲ့ အချက်အလက်စာအုပ်တွေ ပြန်ရှာနေရတာမို့ ဦးဇင်းစာဖတ်ပရိသတ်များ ဦးဇင်းမေးဖြေတွေကို ဖတ်ဖို့ရာ ဒီကရှေ့တော့ တစ်ပါတ်တစ်ပုဒ် ဖတ်ဖို့ရာကို မလွယ်တော့ဘူး ထင်တယ်။

ဦးဇင်း နောက်မှပဲ External Hard Disk ပြန်ဝယ်ပြီး စာတွေပြန်စုထားပါဦးမယ်။ စာဖတ်ပရိသတ်များ ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆန္ဒပြုလျက်.....။

4 comments:

ဒေါ်စိုး said...

အရှင်ဘုရား
တပည့်တော်ကတော့ ဦးဇင်းသိသမျှ အမှန်တိုင်း ဖြေပေးရင် ကောင်းမယ်လို့ထင်ပါတယ်။ အမှန်တရားဆိုတာဖုးံကွယ်လို့မရပါဘူး။ တပည့်တော်တို့ဘာသာတရားမှာ ဖုံးကွယ်ခဲ့တာတွေများလို့စူးစမ်းလိုတဲ့ခေတ်လူငယ်တွေဘာသာတရားမှာယုံမှားသံသယတွေဖြစ်ပြီးဘာသာတရားမယုံတဲ့သူတွေများလာတယ်လို့ထင်ပါတယ်ဘု၇ား။ မြတ်ဘုရားကလည်းအရမ်းမယုံရဘူး။စူးစမ်း လေ့လာပြီးမှယုံရမယ်လို့ဟောတော်မူခဲ့တယ်လို့မှတ်သားဖူးပါတယ်။
ဦးခိုက်လျက်

naylinnhtun said...

ဖြေသင့်ပါတယ် အရှင်ဘုရာ့ တပည့်တော်ကတော့ ဘုန်းမနိမ့်နိုင်ဘူးလို့ ယူဆထားပါတယ်။မိန်းကလေးလည်းလူပါပဲဘုရာ့ ယုတ်ညံပြီး စာရိတ္တမကောင်းတဲ့ ယောကျာင်္းလေး တစ်ယောက်ထက်စာရန် သစ္စာရှိသီလကောင်းတဲ့ မိန်းကလေးက ပိုလို့ တောင် မြင့်မြတ်နိုင်မယ်လို့  ယုံကြည်ထားပါတယ်ဘုရာ့။ဦးတင်လျက်ပါအရှင်ဘုရား (လှိုင်ဘွား)သီချင်းအိမ်

Unknown said...

ဖြေသင့်ပါတယ် အရှင်ဘုရာ့

Zaw Zaw Aung said...

ဖြေသင့်ပါတယ်အရှင်ဘုရား...များတော့အားဖြင့်ရှေ့အယူတွေက အကျိုးအကြောင်းအဟတ်ရှက်ဘဲ လက်ခံယုံကြည့်ခဲ့ကြပါတယ်..

ဇော်ဇော်အောင်

Post a Comment

Powered by Blogger.