Sunday, October 30, 2011

သံဝေဂပွားများနိုင်ဖို့ရန် သံဝေဂ၀တ္ထု(၈)မျိုး


(၁) နုနယ်ရုပ်ဆင်း၊ ပျိုမြစ်ခြင်းကား၊ အိုမင်းနောက်ဆုံး ရှိချေ၏။
(၂) ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံး ရှိချေ၏။
(၃) ၀ိညာဏ်ထင်လင်း၊ သက်ရှင်ခြင်းကား၊ သေခြင်းနောက်ဆုံး ရှိချေ၏။
(၄) ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံး ရှိချေ၏။
(၅) ထက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊ လျောကျနောက်ဆုံး ရှိချေ၏။
(၆) ခုံမင်ခယ၊ ချစ်သမျှကား၊ သောကနောက်ဆုံး ရှိချေ၏။
(၇) ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံး ရှိချေ၏။
(၈) ကြည်သာရွှင်ပြ၊ ချမ်းသာလှလည်း၊ ဒုက္ခနောက်ဆုံး ရှိချေ၏။ (လယ်တီဆရာတော်ဘုရားကြီး)

 မိုးကုတ်ဆရာတော်ကြီး၏ သံဝေဂ ဆုံးမစာ

လောကဇာတ်ခုံ ၊ ဤလူ့ဘုံ၌၊ မျိုးစုံကကြ၊ မာန်မာနနှင့်၊

ငါကရာဇာ၊ ငါဟာသူဌေး၊ ငါပဂေးဟု၊ ငါသွေးတက်ကြွ၊ လူ့ဗာလတို့၊

များလှဖြာဖြာ၊ အ၀ိဇ္ဇာနှင့်၊ တဏှာဘီလူး၊ အမှောင့်ပူး၍၊ ကျူးကျူးကျော်ကျော်၊ ဂုဏ်ကိုဖေါ်လျှက်၊

မော်မော် မောက်မောက်၊ ငါတစ်ယောက်သာ၊ မိုးအောက်တစ်လွှား၊ ရွှေကိုယ်လားဟု၊

ထင်မှားမလွဲ၊ သို့စဉ်စွဲလည်း၊ ဇာတ်ပွဲပြီးက၊ ပြေဖုံးချသော်၊

သုဘရာဇာ၊ မြေအောက်မှာပင်၊ ဘာသာလူမျိုး၊ ချိန်မထိုးပဲ၊

ပုတ်သိုးခန္ဓာ၊ မြုပ်ရရှာသည်၊ ဘယ်မှာ ငါဟု ရှိအံ့နည်း။ (မိုးကုတ်ဆရာတော်ဘုရားကြီး)


သင့်အသက်တွေ ကြီးနေပြီ၊ လောဘ၊ ဒေါသ၊ မောဟတွေ ကြီးနေတုန်းပဲလား။

သင့်သွားတွေ ကျိုးနေပြီ၊ မာန်မာနတွေ မကျိုးသေးဘူးလား။

သင့်အသားတွေ တွန့်နေပြီ၊ မကောင်းမှုမှာ မတွန့်သေးဘူးလား။

သင့်အင်အားတွေ လျော့ပါးနေပြီ၊ သင့်တဏှာဆန္ဒတွေ မလျော့သေးဘူးလား။

သင့်ဆံပင်တွေ ဖြူကုန်ပြီ၊ သင့်စိတ်တွေ မဖြူသေးဘူးလား။

သင့်မျက်စိတွေ မှုန်ဝါးနေပြီ၊ သင့်နိဗ္ဗာန်လမ်းရော မှုန်ဝါးနေတုန်းပဲလား။ ဒီသံဝေဂကဗျာကိုတော့ http://www.mawluu.com/2011/02/blog-post_5498.html မှ ကူးယူတင်ပြထားပါတယ်။

0 comments:

Post a Comment

Powered by Blogger.