Tuesday, September 27, 2011

အမဲသားရှောင်တာဟာ လောကီအကျိုးရှိ/မရှိ

အမေး။ ။ လယ်တီဆရာတော်ဘုရားက လူတွေအား အမဲသားလှူဖို့ တိုက်တွန်းခဲ့တယ်။ အမဲသားရှောင်ြပီး မေတ္တာပို့တဲ့အတွက် မြို့တစ်မြို့မှာ ဘီလူးသဘက်စတာတွေကို ဟန့်တားနိုင်တယ်လို့ စာဖတ်ဖူးပါတယ်ဘုရား။ တပည့်တော်သိချင်တာက အမဲသားစားတာကို ရှောင်ခြင်းဖြင့် လောကီအကျိုး ရှိ/မရှိဆိုတာကို သိချင်ပါတယ်ဘုရား။

ကိုကိုအောင်။ ဆန်ဖရန်စ္စကို

အဖြေ။ ။ အမဲသားမစားတာဟာ လောကီအကျိုးရှိတယ်လို့ ပြောရမယ်။ နားလည်အောင်ပြောရရင် အသားမစားခြင်းဖြင့် အစိမ်း၊ သရဲ၊ သင်းကွဲပြိတ္တာ၊ တစ္ဆေ၊ မြေဖုတ်၊ နတ်ဘီလူး၊ နတ်မိစ္ဆာများဘေး၊ ခြသေ့င်္၊ သစ်၊ ကျားစတဲ့ သားရဲဘေးအန္တရာယ်မှကင်းဝေးခြင်း၊ သက်ရှည်ကျန်းမာ ရောဂါကင်းသဖြင့် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာခြင်းစတဲ့ အကျိုးများရနိုင်တယ်လို့ ပြောနိုင်ပါတယ်။ အထူးသဖြင့် ကျွဲနွားတို့၏အသားကိုမစားဘဲ ရှောင်ကြဉ်ခြင်းဟာ ပိုပြီးရောဂါကင်းတယ်၊ သက်ရှည်ကျန်းမာတယ်လို့ သုတ္တနိပါတ်ပါဠိတော်မှာ ဟောတော်မူထားပါတယ်။‘ တယော ရောဂါ ပုရေ အာသုံ၊ ဣစ္ဆာ အနသနံ ဇရာ။’ပသူနဉ္စ သမာရမ္ဘာ၊ အဋ္ဌန၀ုတိ မာဂမုံ။’လို့ဟောတော်မူပါတယ်၊ အဓိပ္ပါယ်က နွားသားကျွဲသားစားသူတို့ မပေါ်မှီ ရှေးအခါက

(၁) ဣစ္ဆာ-လိုချင်တာမရတဲ့အတွက် စိတ်ပူပန်အနှောက်ယှက်ဖြစ်ရတဲ့ရောဂါ။

(၂) အနသန–စားချိန်မှာ မစားရ၊ အိပ်ချိန်မှာ မအိပ်ရတဲ့အတွက် စိတ်ပူပန်အနှောင့်အယှက်ဖြစ်ရတဲ့ရောဂါ။

(၃) ဇရာ – အိုချိန်ကျတဲ့အခါ အိုရတဲ့ရောဂါ။ ထိုရောဂါ (၃)မျိုးသာ ပေါ်ပေါက်ခဲ့ပါတယ်။ ထမင်းရှင်ဟင်းရှင်ဖြစ်တဲ့ ကျွဲနွားသတ္တ၀ါတွေကို သတ်ဖြတ်စားသောက်တဲ့အချိန်ကစပြီး လောကမှာ ကိုးဆယ့်ရှစ်ပါးသော ရောဂါဝေဒနာ များ ဖြစ်ပေါ်လာကြပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အမဲသားများကိုရှောင်တာဟာ အထက်ဖေါ်ပြပါ လောကီကောင်းကျိုးများ ရနိုင်ပါတယ်လို့ အဖြေပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

4 comments:

Pho Pyant said...

ဟုတ်ပါတယ်...
အမဲသား ရှောင်ကြဉ်တာ အကောင်းဆုံးပါ...
တပည့်တော်လည်း တတ်နိုင်သလောက် ရှောင်ကြဉ်ပါ့မယ်...

Anonymous said...

တချို့လူတွေဘာကြောင့်အမဲသားမစားကြသလဲဆိုတာအခုမှဘဲရှင်းလင်းစွာသိရှိရပါသည်။တပည့်တော်လည်းအမဲသားကိုအတတ်နိုင်ဆုံးမစားဖြစ်အောင်ေ၇ှာင်ပါမယ့်ဘုရား။

သိပ္ပဂုရု said...

ဝိနည်းတော်မဟာဝဂ်ပါဠှိ မှာ ဂေါတမဗုဒ္ဓကိုယ်တော်က ရဟန်းတွေကိုတောင် အမဲ၊ ငါးစားဖို့ခွင့်ပြုပြီးသားပါ။ အမဲသားမစားရင် ဘီလူး သဘက် သားရဲရန်ကကာကွယ်နိုင်တယ်လို့ဂေါတမဗုဒ္ဓ
ကိုယ်တော်လည်းမဟောခဲ့၊ ရဟန္တာသာဝကကြီးတွေလည်း မဟောခဲ့ပါဘူး။
ငါး၊ အမဲ မစားဖို့ ဒေဝဒတ်က စပြီးဝါဒဖြန့်ခဲ့တာလို့ ပါရာဇိကံပါဠှိ၊ သံဃာဒိသိသ်အခန်းမှာ အတိအလင်းကို ပါပါတယ်။ အမဲသားမစားခြင်းဟာ ဒေဝဒတ်တရားကိုလိုက်နာရာရောက်ပါတယ်။

ဆန်နီနေမင်း said...

အင်း ဒါက လောကီအကျိုးလို့ ပြောထားတာနော် ဒကာ။ မြတ်ဗုဒ္ဓက ကုသိုလ်၊ အကုသိုလ်နဲ့ပတ်သတ်ပြီး ကိုယ့်ပယောဂမပါရင် စားနိုင်တယ်လို့ လောကုတ္တရာ ကုသိုလ်၊ အကုသိုလ်အပြစ်ကို ပြောပြပေးခဲ့တာပါ။ ခုဖြေထားတာက လောကီ၊ မျက်မှောက်နဲ့ဆိုင်တာကို ဖြေပေးထားမို့ ဘုရားဟောနဲ့မဆိုင်ပါ။

Post a Comment

Powered by Blogger.